ချောင်းရိုးလည်း ကန်း၊
ရေလည်း ခန်း၊
ငမန်း မနေပေ။
(ကဝိ သတ်ပုံ, ၆၇၀)
(၂)
အတန့် တိုက်ခန်း၊ မြို့ပုခန်းလည်း
ကုန်ခန်း, ကိန်းခန်း၊ ရွာမိုင်းခန်းနှင့်
ချွေးခန်း, တာခန်း၊ သွေ့ချောက်ခန်းဟု
စခန်းဌာန၊ ဆိုသမျှတည့် ...... (ခန်း)
(ရတနာကြေးမုံ သတ်ပုံ, ခ အက္ခရာ နသတ် အောက်ပုံ)
(၃)
ပင်လယ်ရေဘယ်မခန်း
ရွှေစွန်ညို၊ ဘာကိုလိုလို့ ဝဲပါတယ်၊
မွေးမိခင်ကို တဲပါတယ်၊
မွေးမေပါ တို့ချစ်သား၊
ပါပါလျက်သား၊ နောက်ကကစား၊
စတုတ္တသား၊ ခါးလှတယ်၊
ချာင်းငယ်ရေနှင့် ဆေးပါ့မယ်၊
ချောင်းငယ်ရေချမ်း၊ နွေမှာခန်း၊
မြစ်ငယ်ရေနှင့် ဆေးပါ့မယ်၊
မြစ်ငယ်ရေချမ်း၊ နွေမှာခန်း၊
အင်းလယ်ရေနှင့် ဆေးပါ့မယ်၊
အင်းလယ်ရေချမ်း၊ နွေမှာခန်း၊
ပင်လယ်ရေ ဘယ်မခန်း၊
မထွေးအမိဖမ်း။
(၄)
မီးစာကုန် ဆီခန်း = အသက်တမ်းနှင့် ကံပြိုင်တူကုန်ဆုံးလျက်။
(၇၃)နှစ်သို့ အရောက် မီးစာကုန်ဆီခန်းဖြစ်ခါမှ အနိစ္စရောက်ပေသည်။ ကမ္မ။ ၁၈၈။
(၅)
ခန်း
ကျောင်းခန်း
ကွန်ပြုတာခန်း
ကိန်းခန်း
ကုန်ခန်းသည်
ခန်းခြောက်
ခန်းဆီး
ခန်းဆောင်
ခန်းတောက်ပင်
ခန်းနေ (ကျောင်ပိုက်မဟုတ်သော ရဟန်း)
ခန်းဖွင့်ကျယ်ကျယ်
ခန်းမ
ခန်းမဆောင်
ခန်းလုံးပြည့်
ခန်းဝင်ပစ္စည်း
ခန်းဝင်ဥစ္စာ
ခန်းဝါ
ခန်းဝါ
ချွဲခန်းသလိပ်
စံခန်း
စက်ခန်း
စခန်းချသည်
စခန်းတထောက်နား
စမ္မခန်း (ဗေဒင်သုံး)
စာသင်ခန်း
စေးမခန်းပင်
ဆုံးခန်းတိုင်
တခန်းရပ်ပြဇာတ်
တနေကုန် တနေခန်း
တိုက်ခန်း
တိုင်းခန်းလှည့်လည်
ဓာတ်ခွဲခန်း
နှာရောင်ခန်း
ပင်လယ်ရေဘယ်မခန်း
ပြခန်း
ဗေဒင်ကိန်းခန်း
ဘုရားခန်း
မီးစာကုန် ဆီခန်း
မီးဖိုခန်း
ရှုမခန်း
ရုံးခန်း
ရေခန်းသည်
လင်ခန်းမယားခန်း
လေ့ကျင့်ခန်း
သင်ခန်းစာ
သေခန်းရှင်ခန်း
အံ့မခန်း
အခန်း = အိမ် ကျောင်း အဆောက်အအုံထဲရှိ နေရာ
အခန်းကဏ္ဍ
အခန်းခွဲ
အခန်းနံပတ်
အခန်းဖွဲ့
အခန်းအနား
အခန်းအနားမှူး
အခန်းအပ်
အိပ်ခန်း
အိပ်ရာတိုက်ခန်း
အိမ်ခန်း
ဧည့်ခန်း
ဒေါက်တာတင့်ဆွေ
Comments
Post a Comment