"ဆိုင်း" (ဆ-လိမ်) ဖြင့် ရေးရမည့် အသုံးအနှုန်းများ
အလှည့်ကျလုပ်ငန်း၊ အချိန်အပိုင်းအခြား– နေ့ဆိုင်း၊ ညဆိုင်း၊ အလုပ်ဆိုင်း။
အချိန်ဆွဲခြင်း၊ ရပ်တန့်ထားခြင်း– ဆိုင်းငံ့သည်၊ အချိန်ဆိုင်းသည်၊ ပွဲဆိုင်းသည်၊ ခေတ္တဆိုင်းထားသည်။
အစုအဖွဲ့၊ အဆင်တန်ဆာ၊ တူရိယာ– ဆိုင်းဝိုင်း၊ ဇာတ်ဆိုင်း၊ မြင်းကုန်းနှီးဆိုင်း၊ အဝတ်အစားတစ်ဆိုင်း။
"စိုင်း" (စ-လုံး) ဖြင့် ရေးရမည့် အသုံးအနှုန်းများ
အရှိန်ပြင်းပြင်း သွားခြင်း၊ မောင်းနှင်ခြင်း– မြင်းစိုင်းသည်၊ လှေစိုင်းသည်၊ အပြေးစိုင်းသည်။
အားထုတ်ခြင်း၊ ကြံစည်ခြင်း– လုံ့လစိုင်းသည်၊ အားစိုင်းသည်၊ ကြံစိုင်းသည်။
ရှမ်းတိုင်းရင်းသား အမည်ရှေ့တပ်စကား– စိုင်း (ဥပမာ- စိုင်းထီးဆိုင်)။
စိုင်းပြင်း
ထို့ကြောင့် "နေ့ဆိုင်း၊ ညဆိုင်း" သည် သတ်ပုံ အမှန်စစ်စစ် ဖြစ်ပါတယ်။
ဆိုင်းငံ့
ဆိုင်းထမ်း
ဆိုင်းဘုတ်
၂။ ရိုင်းဆိုင်းတာ လက်မခံနိုင်တာတွေကလွဲရင်
ရိုင်းစိုင်းလို့ ရေးရတယ်။
စိုင်း
ကဆုန်စိုင်းပြေး
စိုင်းနှင်
စိုင်းပြင်း
ထင်ရာစိုင်း
မြင်းစိုင်း
မြင်စိုင်းရွှေပြည်ကဗျာ
ရိုင်းစိုင်းသည်
ရိုင်းပင်းကူညီ
ရိုင်းပျသူ
လူအမည် စိုင်း
ဆိုင်း
စောင့်ဆိုင်း
ဆိုင်းငံ့
ဆိုင်းဆရာ
ရွှေ့ဆိုင်း
ရွှေဆိုင်းချ
အလုပ်တဆိုင်း
ဒေါက်တာတင့်ဆွေ

Comments
Post a Comment