တင်ထားတာတခု = သံတွဲသူမဖြစ်မှ ဒီဖီလင်ကို နားလည်နိုင်မယ် -
မှတ်ချက်
ဖြစ်မှ လား၊ မဖြစ်မှ လား။ -သူမ နဲ့ ရောနေတယ်။
ရန်ကုန်သူ၊ သံတွဲသူ ဆိုရင်လည်း ရန်ကုန်နေအမျိုးသမီး၊ သံတွဲသူ လို့ သိနိုင်ပါတယ်။
အဖွားတယောက်လို့ ရေးတာ မှန်။ စားကောင်းပါမည်။ စပ်ပါမည်။
ပုံအတွက် ကျေးဇူး။
စကားပြောတဲ့အခါမှာတော့ အဖြတ်အတောက်နဲ့ လေယူလေသိမ်းမှန်ရင် နားလည်နိုင်ပါတယ်။ စာဆိုရင် စာလို့ရေးမှ။
ရန်ကုန်သူ (ရွှေဘိုသနပ်ခါး)
တေးရေး နန်းတော်ရှေ့ ဆရာတင်
မူရင်းသီချင်းအမည်က ရွှေဘိုသနပ်ခါးဖြစ်တယ်။ အရင်ဆုံးသီဆိုသူက မန္တလာမြင့် ဖြစ်ပါတယ်။ ဒိနောက်မှာ ကိုအံ့ကြီးဆိုတယ်။ အလွန်ကောင်းတယ်။
အစကတော့ ဖြူဖြူ ညိုသွားပြီ
အခုတော့ ညိုသွားပြီ
ပျိုမှားပါပြီကွယ် ခေါ်လာမိတယ်
အင်းယားရေ တစည်လောက်တော့ လိုချင်ပါတယ် ဝယ်ချင်ပါသူ
ရွှေမန်းသူတွေ ရေခေါ်ချိုးမယ် တမျိုးနော်လှအောင် မိုးပေါ်ကျသူ
အင်းယားရေ တစည်လောက်တော့ လိုချင်ပါတယ် ဝယ်ချင်ပါသူ
ရွှေမန်းသူတွေ ရေခေါ်ချိုးမယ် တမျိုးနော်လှအောင် မိုးပေါ်ကျသူ
အင်းယားရေကိုယူ အင်းယားရေကိုယူ
မီးရထားနဲ့ တင်ဖို့ကြံတယ် တန်ဆာခက သုံးရာလောက်တော့ ယူမှာဧကန်
ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တို့ ရန်ကုန်သူ မန္တလေးသွားလို့ အသားမည်း ပြန်သတဲ့ဆူ။
ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ
ဘယ်လို အသားမည်းမည်း ၀ါ၀ါညက်ညက်ဖြူ
ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေး မြို့တော်သူ
ရွှေဘိုသနပ်ခါး လိမ်းကြရင်ဖြင့် စိမ်းစိမ်း ညက်ညက်ဖြူဖြူ
ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တို့ ရန်ကုန်သူ မန္တလေးသွားလို့ အသားမည်း ပြန်သတဲ့ဆူ
တောမြိုင်ခြေ လမ်း မြိုင်ကမ်းကမူ
ဘဲကျားရိုက်လို့ ဖြူဖြူ အသားထိအောင် နေမခသူ
အင်းယားရေ မချိုးဘဲနဲ့ ဆတပိုးဖြူ (ဆထမ်းပိုးတိုးလို့ဖြူ)
ဆရာတင် နန်းတော်ရှေ့က အတွေ့မှန်တာ အဟုတ်ကိုရေးသူ
မေပျိုဖြူရယ် ရွှေဘိုသူလို ယဉ်တာကမ္ဘာမှာ မရှိသူ
ပညာရှိရင်ဖြင့် သိကြပါလိမ့် အမှန်တွေးယူ အို့ဟို
ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တို့ ရန်ကုန်သူ မန္တလေးသွားလို့ အသားမည်း ပြန်သတဲ့ဆူ
အသားရယ်ဖြူ လူပေမို့လား
အသားတော် ညိုပြာညက်ကယ် နန်းတော်ထက်ဖွားကာ ကြွားချင်သူ
အသားဖြင့်မဖြူ ကြွားချင်သူ
သပိတ်ရောင် မထအောင် ကျွန်မတို့ သနပ်ခါးယူ
ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ
ဘယ်လို အသားမည်းမည်း ၀ါ၀ါညက်ညက်ဖြူ
ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ
ဘယ်လို အသားမည်းမည်း ၀ါ၀ါညက်ညက်ဖြူ
ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေး မြို့တော်သူ
ရွှေဘိုသနပ်ခါး လိမ်းကြရင်ဖြင့် စိမ်းစိမ်း ညက်ညက်ဖြူဖြူ
ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တို့ ရန်ကုန်သူ မန္တလေးသွားလို့ အသားမည်း ပြန်သတဲ့ဆူ။ ။
ကိုအံ့ကြီး - ရန်ကုန်သူ https://www.youtube.com/watch?v=xjltixGZsOs
ဒေါက်တာတင့်ဆွေ
Comments
Post a Comment