မြန်မာအဘိဓာန် အကျဉ်းချုပ်
ဓား
ဓား — န /ဒါး/ ခုတ်၊ လှီး၊ ဖြတ်၊ ခွဲ၊ ထိုးသွင်းရန် အသွားတဘက်သာပါသော အရိုးတပ် သံလက်နက်။ (ထား၊ ဒါး ဟူ၍လည်း ရှိသည်။)
ဒါး။ ။ ပြဒါး၊ ပြဒါးပြာ၊ ပြဒါးလုံး၊ ပြဒါးခဲ၊ ပြဒါးရှင်၊ ပြသဗါး=(ဗျသန-နိပျ)။
ကဝိဓဇသတ်ပုံကျမ်း
[ ဒါး - ဓါး ]
ဒါး။ ။ ပြဒါး၊ ပြဒါးပြာ၊ ပြဒါးလုံး၊ ပြဒါးခဲ၊ ပြဒါးရှင်၊ ပြသဗါး=(ဗျသန-နိပျ)။
ဓါး။ ။ ဓါးလက်နက်၊ ဓါးစာခံ၊ ဓါးမြောင်၊ ဓါးရှည်၊ ဓါးသိုင်း၊ သူခိုးဓါးရိုးကမ်း=(စူလဗန္ဓုဟဇာတ်)၊ ဓါးနှယ်ခုတ်။
မူရင်းစာမှာ ဒါး လို့ရေးထာရင် မပြင်ရ။
မူရင်းစာမှာ ဓား လို့ရေးထာရင် မပြင်ရ။ မူရင်းစာ ဟုတ် မဟုတ်တော့ သိရမည်။ တွေ့ကရာသည် မူရင်းမဟုတ်။
မင်းဆွေရေးသားတဲ့ ဒါးဝတ္ထုကို ဓား၊ ဓါး လို့ပြင်ထုတ်ခြင်းသည် ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ချိုးဖေါက်ခြင်းဖြစ်၏။
၁၉၆၂ ခုနှစ်က ဗိုလ်နေဝင်းကနေ ဆန္ဒပြကျောင်းသားတွေကို ဒါးဒါးချင်း လှံလှံချင်းလို့ ပြောဆိုခြင်းသတင်း ရန်ကုန်သတင်းစာ မျက်နှာဖုံးမှာပါသည်။
ဒါး ဓါး ဋီကာ https://burmese-spelling.blogspot.com/2024/02/blog-post_436.html
ဒါး နှင့် ဓား https://burmese-spelling.blogspot.com/2023/01/blog-post_3.html
ဒေါက်တာတင့်ဆွေ






Comments
Post a Comment