Skip to main content

တန်


"တန်" တယ် ဆိုတာ ဈေးကြီးတာနဲ့ ဈေးချိုတယ် ဆိုတဲ့ ပြောင်းပြန် အဓိပ္ပါယ် နှစ်မျိုးစလုံး ထွက်နေတာလေး ရှင်းပြပါဆရာ၊

တန်

တန်၁ – ကြိ / တန် / လိုအပ်သည့်အချိန်အခါ၊ အတိုင်းအဆ၊

အရေအတွက်၊ အဖိုးအခ၊ အရည်အချင်း စသည်တို့နှင့် သင့်

သည်။ တော်သည်။ ထိုက်သည်။ တူသည်။ မျှသည်။

"အလောင်းတော်နတ်သားအား ဘုရားဖြစ်ချိန်အခါ တန်ပါပြီ

ဟု တောင်းပန်ကြလေကုန်သော။" ဗုဒ္ဓါ၊ ပ။ ၁၂။ "အလုံး

နှင့်အရပ် မတန် အလွန်နိမ့်သော မိန်းမသည်လည်း။" တေ၊

၃၃။ "အမှုထမ်းလူ နှစ်ရာတန်သည်။ သုံးရာတန်သည်။...ဖမ်း

စေ၍။" သုသော၊ ဆ။ ၇၆။ "ဥစ္စာငွေသုံးဆယ်က အထက်

သို့ အများတက်၍ တန်သည်။" နာ၊ ၂၆။ "နင့်နှင့်ငါ မတန်။

မြန်မြန်ငါ့တိုက်အိမ်က ဆင်း၍ သွားလေဟဲ့။" မင်း၊ ၃၆။

"အိုးနှင့် ဆန်သည် တန်အောင် ချက်လျှင်....နူးနူးနပ်နပ် သုံး

ဆောင်ရသကဲ့သို့။" လောကစု၊ ၁၁။ "မဟာမိတ်ဖြစ်တန်

လျှင် ဖြစ်စေရန် တကြောင်း။" နီတိ၊ ၁၁။ "ထိုစကားများ

ယုတ္တိမတန်။" ကရဇ်ဝင်၊ ပ။ ၁၈၈။

တန်၂ – ကြိ / တန် / ရပ်နားသည်။ ဆက်လက် မဆောင်ရွက်။

"စားမိလျှင် မတန်ချင်ရှိလိမ့်မည်။" သေတ္တု၊ ဒု။ ၁၅၄။

"စကားကြာရှည်မနေပါနှင့် တန်ပါ၊" တင်မြှ၊ ပ။ ၁၁။

တန်၃ – နဝိ / တန် / ဆိုးသော။ ယုတ်ညံ့သော။ ဖျင်းသော။

ခေသော။ "သံသရာရေး၌လည်း အကျိုးတော် တန်၍

တိရစ္ဆာန်ဖြစ်ဘူးကြောင်းကို ထုံးဟောင်းပုံပြင် ရှိပါသည်။"

ရုက္ခ၊ ဂ။

တန်၄ – စည်း / တန် / များသောအားဖြင့် မဂ်၊ ဖိုလ်၊ စေတနာ

စသော တရားတို့၏ အရေအတွက်ကို ပြသော စကားလုံး။

"မတုံးမဗေ၊ မသွေမလှန်၊ ငါးတန်သီလ၊ စောင့်ထမယုတ်။"

တန်ခိုး* ၂ (၇)။ "လေးတန်သစ္စာ၊ နက်နဲစွာလျှင်။"

သောမ* ၂။ "ဆယ်တန်ဒုစရိုက်။" ပင်း၊ ဒု။ ၅။

တန်၅ – န / တန် / (များသောအားဖြင့်) ပေါင် ၂၂၄၀ ရှိသော

အင်္ဂလိပ်ချိန်ဝန်။ (၆၂၂ ပိဿာခန့် လေးသည်။) [လိပ်]

တန်ကာကျကျ – ကြိ / တန်ဂါကျဂျ / တော်ကာကျကျ – ကြိ၊ နှင့်

အတူတူ။ "ဘဝသက်တာတွင် အကောင်းဆုံးကို ရွေးလုပ်မှ

တန်ကာကျကျသည်။" ကျော်ရေ။ ၈။

တန်ကေး – န / တန်ဂေး / ထိုင်း ငါးဖမ်းစက်လှေတမျိုး။ [ယိုး]

တန်ကြေး – န / တန်ဂျေး / တန်ဖိုး – န၊ ၁၊ နှင့် အတူတူ။

"ပွဲဝင်ဘူးသော ကြက်များမှာမူ အဆင့်အတန်းအလိုက် တန်

ကြေးအမျိုးမျိုးရှိလေသည်။" ရှု၊ ၁၆၊ ၁၈၈။ ၆၇။

တန်ခူး – န / ဒဂူး / မြန်မာဆယ့်နှစ်လတွင် ရှေ့ဆုံးလ၏အမည်။

(ရက်ပေါင်း နှစ်ဆယ့်ကိုးရက်ရှိသည်။)

တန်ခိုး – န / ဒဂိုး / ထူးခြားသောစွမ်း။ ထက်မြတ်သောစွမ်း

ရည်။ ကြီးမားသောအင်အား။ ဘုန်း။ "ထင်ရှားကျော်

ဟိုး၊ တန်ခိုးသတင်း၊ ဘုန်းကြီးခြင်းဖြင့်။" ရာသီ* ၅၂။

တန်စုံး – န / တန်စုန်း / ရေတွင် နစ်မြုပ်နေသော သစ်ငုတ်။

တန်စယ် – န / တန်စယ် / ဒဇယ် / စပါးတမျိုး။ "မုရံးတန်စယ်၊

ကောက်သန်လယ်၊ ကတွယ်မစိုက်ရာ။" ကဝိသတ် * ၄။

"တန်စယ်စပါးနှင့် ရေဝင်စပါးသည် အတူတူ ဖြစ်သည်။"

ဒေပဒ်။ ၁၂၅။

တန်(ထိုက် အချိန်)

တန်(အကျင့် အကျည်း)

တန်(မဂ်လေး ဖိုလ်လေး)

တန်ကျစ်ကွက်

တန်ကျစ်နွယ်ပင်

တန်ခူးလ

တန်ခိုးတေဇာ

တန်စီး(ရွှံ့)

တန်စမ်း(ရေထွက်)

တန်စယ်မြေ

တန်စွက်ပင်

တန်ဆာ(လက်ဆွဲ)

တန်ဆာပလာ

တန်ဆေးတမန်

တန်ဆင်းပင်

တန်ဆောင်ဆီမီး

တန်ဆောင်တိုင်

တန်ဆောင်မုန်းလ

တန်ဆောင်းပြာသာဒ်

တန်တား(အမှာစာ)

တန်ပြန်

တန်ဖိုးဖြတ်

တန်မဲ့(လူကြီး)

တန်ရာတန်ကြေး

တန်ရုံသင့်ရုံ

တန်ရှယ်(အိုးစည်)

တန်လည်းရေကျ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ