တသက်လုံးစားသည့် အစာ သံပုရာတခြမ်းနှင့်ချေ အဓိပ္ပာယ်လေး သိချင်ပါတယ် ဆရာ
၁။ တသက်လုံးစားသည့်အစာ သံပရာတခြမ်းနှင့်ချေသည်
တသက်လုံး ကျွေးမွေးပေးကမ်းလာသည့် ကျေးဇူးကို သံပရာသီးတခြမ်း ပြန်လည်းပေးကမ်းရုံနှင့် ကျေးဇူးကျေလောက်ပြီဟု ယူဆလျှင် မှားမည်ဟုဆိုလိုသည်။
အခြား အယူအဆတခု
၂။ တသက်လုံးစားသည့်အစာ သံပရာတခြမ်းနှင့်ချေသည်
တသက်လုံး စားသောက်လာခဲ့သည့် အစားအစာများကြောင့် အစာမကျေရောဂါစွဲကပ်လာခဲ့သည်ကို သံပရာသီးတခြမ်းနှင့် ချေဖျက်ပေးလို့ ရောဂါမပျောက်နိုင်ဟု ဆိုလိုသည်။
တသက်လုံးပဲ သတိရနေမယ် - ကိုင်ဇာ
ဒေါက်တာတင့်ဆွေ


Comments
Post a Comment