Skip to main content

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့်


ဒီမိုကရေစီ တမတ်သားအစိုးရလက်ထက်က လွှတ်တော်မှာ ဥပဒေကြမ်းတခုအတွက် တပင်တိုင် စာလုံးမေးခွန်းတက်ပါသတဲ့။ လွှတ်တော်မှာ သတင်းယူနေသူတဦးက ပြန်ပြောပြတယ်။ တပင်တိုင် နဲ့ တစ်ပင်တိုင်။ မြန်မာစာအဖွဲကို ဖုန်းဆက်မေးတော့ တစ်ပင်တိုင် တဲ့။ ပျက်ရော။

ထို့ကြောင့် မြန်မာစာကို အာဏာနဲ့ ရာထူးရှိသူများသာ ပိုင်သည်။ လွှတ်တော်အထက်မှာ ပေါ်လစီသတ်ပုံကျမ်းကြီး ရှိပါသည်။

(၁)

တပင်တိုင်ဝါး။ ။ရုက္ခဗေဒ အလိုအရ တပင်တိုင်ဝါးကို ‘မဲလိုကန္နား ဗမ်းဗူးဆွိုက်ကီး’ ဟုခေါ်သည်။ တပင်တိုင်ဝါးသည် ရခိုင်ရိုးမ အထက်ပိုင်းနှင့် တနင်္သာရီရိုးမ တောင်များ၌ ပေါက်ရောက်သည်။ ထိုဝါးမျိုးသည် အခြားဝါးအများကဲ့သို့ ဝါးရုံဖွဲ့၍ မပေါက်ဘဲ၊ မြေကြီးအောက်တွင် ကွေ့ကောက်လျက်ရှိသော ရိုင်ဇုမ်းများမှ ထိုးထွက်၍ ပေါက်ကြသည်။ ထိုဝါးပင်များသည် အမြင့်ပေ ၃၀ မှ ၆၀ အထိရှိ၍၊ အချင်း ၁ လက်မမှ ၃ လက်မအထိ ရှိသည်။ ထိုဝါးကို အိမ်ဆောက်ရာ၌လည်းကောင်း၊ တောင်းများ ပြုလုပ်ရာ၌လည်းကောင်း အသုံးပြုကြသည်။ စက္ကူလုပ်ရာတွင်လည်း အသုံးပြုကြသည်။ တပင်တိုင်ဝါး အနုငယ်ကလေးများကို ပုသိမ်မြို့၌ ထီးရိုးတံများ ပြုလုပ်ရာတွင် အသုံးပြုကြသည်။

ထီးရိုးလုပ်ရန်အတွက် သက်သက်အသုံးပြုသော ဝါးမျိုးရှိသည်။ ထိုဝါးကို ထီးရိုးဝါးဟု ခေါ်ကြ၏။ ရုက္ခဗေဒအမည်မှာ ‘သားစိုးတေးချီး ဆိုင်အမ်မင်းစစ်’ ဖြစ်သည်။ ထီးရိုးဝါးသည် တည့်မတ်စွာပေါက်၍ ခိုင်ခံ့သော ဝါးမျိုးဖြစ်သည်။ အမြင့်ပေ ၃၀ မှ ၄၀ အထိရှိ၍၊ အချင်း ၁\frac{၁}{၂} လက်မမှ ၂\frac{၁}{၂} လက်မအထိ ရှိသည်။ ထီးရိုးဝါးကို ငါးမျှားတံလုပ်ရာ၌လည်း အသုံးပြုကြသည်။

တပင်တိုင်ဝါးသည် နှစ်ပေါင်း ၃၀ တွင် တစ်ခါအပွင့်ပွင့်သည်ဟု ဆိုသည်။ အပွင့်ပွင့်သောအခါ တတောလုံး တချိန်တည်း ပွင့်ကြသည်။ တပင်တိုင်ဝါးပင်များ အသီး သီး

(၂)

ဆေးလိပ်လက်ဆောင်

မဝယ်ဘူး၊ မယ်ခူးတဲ့ဖက်စို။ ။

မီးမကူ၊ နေပူမှာမကင်အားလို့၊ ထားရတယ်အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ ။

ညှာအနား၊ ရှေ့သွားနှင့်ကိုက်လို့၊ မချိုတောင့်လိပ်ဆေး။ ။

ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊ ငယ်ချစ်မောင်ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ ။

တပင်တိုင် မုန့်ဟင်းခါး https://burmese-spelling.blogspot.com/2026/05/blog-post_30.html

တပင်တိုင်ဝါး တကောင်ဖွား တပင်တိုင် https://burmese-spelling.blogspot.com/2026/04/blog-post_75.html

အပင်လေး တပင် https://burmese-spelling.blogspot.com/2025/10/blog-post_954.html

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် https://burmese-spelling.blogspot.com/2024/10/blog-post_767.html

တပင်တိုင် https://burmese-spelling.blogspot.com/2025/01/blog-post_114.html

ပုံပါ စာသားများရလိုပါသည်။ ကျေးဇူး။

AI 

တစ်ခါအပွင့်ပွင့်သည်ဟု - တခါအပွင့်ပွင့်သည်ဟု

AI

ဟုတ်ကဲ့ပါခင်ဗျာ၊ မူရင်းပုံထဲမှာ "တခါအပွင့်ပွင့်သည်ဟု" လို့ သတ်ပုံအမှန်အတိုင်း ရေးသားထားတာကို ကျွန်တော့်ဘက်က အမှတ်တမဲ့ ပြင်မိသွားပါတယ်။ စာသားကို သတ်ပုံအမှန်အတိုင်း ပြန်လည်ပြင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ