၂။ ဖြေးဖြေး နှင့် ဖြည်းဖြည်း ကွာခြားပုံသိပါရစေ
၃။ ဖြေးဖြေးက အမှန်လား ဖြည်းဖြည်းက အမှန်လားဟင် ဆရာရေ။
၄။ မင်္ဂလာပါဆရာခဗျ။ ဖြေးဖြေး နှင့် ဖြည်းဖြည်း အသုံးအနှုန်းကို အမှားအမှန် ခွဲပြပေးစေလိုပါတယ်ခဗျ။
၅။ ဖြည်းဖြည်နဲ့ဖြေးဖြေး အသုံးလေးသိချင်မိပါတယ်ဆရာ။
၆။ ဖြည်းဖြည်း (ဖြေးဖြေး) ကို ဘယ်လိုသုံးလျှင် အမှန်ဖြစ်ပါသလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
ဖြည်း
ဖြည်းညင်း
ဖြည်းဖြည်းနှေးနှေး
ဖြည်းဖြည်းသာသာ
ကဝိဓဇသတ်ပုံကျမ်း
ဖြည်းညှင်း
ဖြည်းဖြည်းသာသာ
ဖြည်းဖြည်းသက်သာ
ဖြည်းဖြည်းတက်ရာ၏
ဖြည်းဖြည်းပြု
တဖြည်းဖြည်း
သုတ်ဖြည်း
ပျံ့ဖြည်း
ဖြည်းကျဲ
ညံ့ဖြည်း
၂၄၂ / ကဝိသေနတ်ပုံကျမ်း။ဖြီး။ ။ ဖြီးဖြီးဆီလေး = (အလွန်အံ့ဩခြင်းဖြင့် လေးနက်စွာ ဖြီးဖြန်းသောစကား) = [ပေါ]။ ဖြီးလှိုင်ရက်အင် = (ဂုဏ်အင်္ဂါအပေါင်း)။ အဆင်လှမှအဖြီးလှသည်။ ခိုင်ဖြီးကြွယ်ဝသည်။ အပိုဖြီးဖြီး။ ဖြီးခိုင်။ စုံဖြီး။ ဝက်မှင်ဖြီး။ ရက်ကန်းဖြီး။ သောဖြီး။ ဖြီးပိတ်။ ဖြီးကဲ့။ ဖြီးမနေပါနှင့်။ ။ဖြည်း။ ။ ဖြည်းညှင်း။ ဖြည်းဖြည်းသာသာ။ ဖြည်းဖြည်းသက်သာ။ ဖြည်းဖြည်းတက်ရာ။ ဖြည်းဖြည်းပြု။ တဖြည်းဖြည်း။ သုတ်ဖြည်း။ ပျံ့ဖြည်း။ သာဖြည်း။ ညှံဖြည်း။ ။ဖျည်း။ ။ ဖျည်း = (ထုံ့ကျင်သည်) = [ပေါ]။ စပ်ဖျည်းဖျည်း။ဖြည့်။ ။ ဖြည့်စွက်သည်။ ဖြည့်စွမ်းသည်။ ဖြည့်တင်းသည်။ ဖြည့်ပေးသည်။ ဖြည့်ဖြိုးသည်။ ဖြည့်ဖြားသွေးဆောင်။ ထပ်ဖြည့်သည်။ ပြည့်အောင်ဖြည့်။ ပါရမီဖြည့်။ အားအင်ဖြည့်သည်။ ။$$ ဖြူ - ဖျူ - ဖြူး $$ဖြူ။ ။ ဖြူစင်သည်။ ဖြူစင်စင်။ ဖြူသောအရောင်။ ဖြူကောင်။ ဖြူဖြူဖွေးဖွေး။ ဖြူပြာ။ ဆံဖြူ။ သွားဖြူ။ ထုံးဖြူတောင်။ ဆင်ဖြူတော်။ ကျောက်ဖြူမြို့။ စပါးဖြူ။ သင်္ဘောဖြူ။ ကြက်ဖြူ။ နန်းတွင်းဖြူ။ အသားဖြူ။ ဖြူဖြောင့်။ ဖြူစင်စင်။ ဖြူစင်ဖြူလျော်။ ဆံဖြူ။ ဆန်ဖြူ။ ။ဖျူ။ ။ ဇီဝဇိုးဖျူ = (ဇီဝဇိုးငှက်-ဇီဝဇိုးကောင်) = [ပေါ]။ ။
သတ်ပုံစာအုပ်တွေထဲမှာ ဖြေး မပါ။ ဝဏ္ဏဗောဓနသတ်အင်း၊ ကဝိလက္ခဏသတ်ပုံသံပေါက်၊ ကဗျာသာရတ္ထသင်္ဂဟကျမ်းတွေမှာ ဖြည်းဖြည်းလို့သာ ဖော်ပြပါတယ်။
ဖြည်း = နှေးသည်၊ သာယာသည်
ညံ့ဖြည်း
တဖြည်းဖြည်း
ပျံ့ဖြည်း
ဖြည်းညင်း
ဖြည်းညှင်းသက်သာ
ဖြည်းညှင်းသာယာ
ဖြည်းဖြည်းပြုသည်
ဖြည်းဖြည်းသက်သာ
ဖြည်းဖြည်းသွားလာသည်
ဖြည်းဖြည်ပြုပါ
သာဖြည်း
သုတ်ဖြည်း
ဖျည်း = ထုံကျဉ်သည်။ စပ်ဖျာ်းဖျည်း။
အတတ်ပညာကို ဖြည်းဖြည်းသင်ရာ၏။ ပစ္စည်းဥစ္စာကို ဖြည်းဖြည်းရှာရာ၏။ တောင်တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏။ (လောကနီတိ)
ဇရာကိုကား ဖြည်းဖြည်းလာပါဟု စောင့်ခိုင်း၍ မရနိုင်ချေတကား။
'ဖြည်း' ကို 'ဖြေး' နဲ့ 'မည်း' ကို 'မဲ' လို့မှားရေးနေကြတယ်။ တိမ်တမာန် မဟုတ်ပါ။
တိမ်တမန်
မှိုင်းပြာမှုန်ဝေ
တိမ်မည်းညိုရိပ်တွေ တောင်ပြန်လေ
တပ်လှန့်နှိုး နိုးကြွလာပြီလေ
တဖြည်းဖြည်း လာချေပြီလေ
ပင်လယ်တွေ ဖြတ်သန်း
ရိုးမအပေါ် လွှားကျော်ကာလေ
သူ့ချစ်မိတ်ဆွေတို့မြန်မာနိူင်ငံပြည်
လက်ဆောင်ပါးတဲ့
မိုးပုလဲပန်းတွေ ရွာပါစေလေ
အေးအေးချမ်းချမ်း ရွာပါစေ။
ဆည်မြောင်းချောင်းကန် ပြည့်လျှံတိုးအောင်
မိုးလုံးမည်းမျှ မရွာစေချင်ပါပေ
ဆည်မြောင်းချောင်းကန်
အသင့်အမှန်ဖြိုးရန်
ပုလဲကုံးရွယ်အလှ ရွာစေချင်ပါပေ
တို့ပြည်သည်ကား ဆန်စပါးအသက်ပေ
တို့မြေသည်ကား ဆန်စပါးအခက်ဝေ
မက်မပြေနိူင်သော လယ်တောယာမြေ
ထွန်ယက်ပြုစု ယုယအမြဲလေ
တိမ်တမန်အိုအဆွေ
တို့များရွှင်လန်းပုလဲပန်းကို ခြွေ။ ။
သီချင်းစာသား တင်ထားသူတွေက တဖြည်းဖြည်းကို မှန်အောင် မရေးတတ်ကြပါ။ သီချင်းအမည်လည်း မှားကြတယ်။ အနုပညာရှင်အမည်လည်း လွဲအောင်ရေးကြတယ်။ နှစ်တွေ ဘယ်လောက်မျှ ကြာသေးတာ မဟုတ်။မြန်မာစာ မိုးခေါင်နေ၏။
တိမ်တမန် (မူရင်းဓါတ်ပြား) ဆို - စန္ဒယား လှထွတ် https://www.youtube.com/watch?v=7JzYvR1XcFo
တယောက်က မေးထားတာ တွေ့လိုက်တယ် တိမ်တမာန်ကို ဘယ်သူဆိုသလဲ၊ ကိုအံ့ကြီးလားတဲ့။
တိမ်တမန် (ရေး/မောင်မောင်လတ် ဆို / ကိုလှထွတ်) https://www.youtube.com/watch?v=1BsmFiEx54c
တိမ်တမန် တေးရေး - မောင်မောင်လတ် တေးဆို - စန္ဒရားချစ်ဆွေ https://www.facebook.com/watch?v=346211163602542
ဆို ခင်ညွန့်ရည် https://www.facebook.com/watch?v=902629034268724
တဖြည်းဖြည်းကို မှန်အောင်မရေးတတ်သူ ထောင်သောင်းထဲက နမူနာတချို့
1. "တစ်"ဖြည်းဖြည်းနဲ့လောကြီးကိုအရှုံးေပးချင်လာပြီး
2. "တစ်"ဖြည်းဖြည်း အချိုးတွေပြောင်းလာတယ်
3. "တစ်"ဖြည်းဖြည်းနဲ့ သား"တစ်"ယောက်
4. "တစ်"ဖြည်းဖြည်း အားနာလာတယ်
5. "တစ်"ဖြည်းဖြည်း အချိုးတွေ ပြောင်းလာတယ်
6. "တစ်"ဖြည်းဖြည်း နင်သွေးအေးသွားရင်
7. "တစ်"ဖြည်းဖြည်းနဲ့နားလည်လာပါပြီ | TikTok
8. Sunset, ဘဝ နေဝင်ချိန်တွေကလဲ "တစ်"ဖြည်းဖြည်း နီးလာပြီနော်
9. "တစ်"ဖြည်းဖြည်းနက် လမ်းခွဲရမယ့်ရက်တွေ နီးလာပီကွယ် | Cho Thae
10. ပိုင်ရှင်သစ်တွေလက်ထက်မှာ "တစ်"ဖြည်းဖြည်းချင်း ကျဆင်းသွားခဲ့တဲ့ ချယ်လ်ဆီး
11. "တစ်"ဖြည်းဖြည်းနဲ့ YouTube
12. "တစ်"ဖြည်းဖြည်းသိလာပြီ
မှတ်ချက်
မြန်မာစာသည် တဖြည်းဖြည်းမဟုတ်၊ လျင်မြန်စွာပျက်စီးလာနေပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment