နှင်းဆီဝါဝါ
နေသာသာအောက်။
ဘောက်ရွက်
ပန်းအိုးထဲရောက်။
ဘောက်ရွက်ကို ချင်းလူမျိုးစုနဲ့တွေ့မှသာ မြင်ဘူး စားဘူးတယ်။
ကောင်းတယ်။
မြူရွက်နဲ့တူပေမဲ့ ဘောက်ရွက်က နည်းနည်းလေး ခါးသက်သက်။
နှစ်တိုင်းတော့ မြူရွက်၊ ဘောက်ရွက်ကို စိုက်နေစရာမလို၊ အလိုလိုပေါက်တယ်။
ဒီနှစ်မှာ ရာသီဥတုက တမျိုး။
ပုစွန်စာရွက်လည်း ဒီနှစ်တော့ နည်းတယ်။ ခါတိုင်းတော့ တောထနေသလို။
အရွက်တွေ စားရသူတွေ နှင်းဆီလို မွှေးကြစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment