မြန်မာပြည်ကိုပြန်၊ ကားကြီးတစီးရှာ၊ ဆေးကုစရာတွေ အစုံအလက်တင်ပြီး ရပ်တကာနယ်တကာ လှည့်မယ်။ ခွဲစိတ်ကုသ ပေးမယ်။ အာထွာဆောင်းစက်သစ်လည်း ကားပေါ်မှာပါမယ် စသည် စသည်။
အဲဒီအိပ်မက် မဖြစ်ပြောက်ခဲ့ပါ။
အခုအိပ်မက်သစ်တခု ရေးပါဦးမယ်။
သမား အိုုမှာ မဟုတ်တော့ပြီ။
ဘာသာရပ်ပြောင်းမည်။ ဒေသန္တရသုတေတွေကို စိတ်ဝင်စားသည်။
ပြည်တွင်းမှာ ၄၂ နှစ်သာနေခဲ့ရပြီး နေခဲ့ရတာကလည်း စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းသာ များသည်။ ၂၄ နာရီဆေးကုခဲ့ရလို့ တခြားသုတ မရသလောက်နည်းခဲ့ပါသည်။
သိချင်တာတွေ များပါသည်။
သူများနိုင်ငံတွေကိုတော့ အတော်အသင့်ရောက်ခဲ့သည်။ ကိုယ့်တိုင်းပြည်အကြောင်းသိတာ နည်းလွန်းသည်။
ဟင်းသီးဟင်းရွက်တွေ အကုန်မသိ။ အမည်အခေါ်တွေ အကုန်မသိ။ ချက်ပြုတ် စားသောက်နည်းတွေ နည်းနည်းလေးသာသိသည်။
လူတွေရဲ့ ဓလေ့စရိုက်၊ ယဉ်ကျေးမှုတွေပါ သိချင်မိသည်။
ဒေသသုံးဝေါဟာရတွေကို စူးစမ်းချင်လာသည်။
တောတောင်ရေမြေ သဘာဝဝန်ကျင်ကိုလည်း ခံစားနားလည်ချင်သည်။
စာအုပ်ဟောင်းတွေ ဖတ်ချင်သည်။ ခေါင်းသုံးလုံးနဲ့လူကို မေးချင်သည်။
ဝါးကွပ်ပျစ်မှာ ထိုင်ချင်သည်။
တရပ်တရွာမှာ တလတန်သည် နေရင်တော့ အတန်အသင့်သိနိုင်သည်။
အခမဲ့မယူချင်။ ဖျားတာနာတာလောက်တော့ ကုသပေးန်ိုင်မည်။
လူခံ အိမ်ရှင်တွေက ထမင်းကွေးျကြမှာ သေချာသည်။
နေ့ခင်းအိပ်မက်ဆိုတာ အသိကြည်ကြည်လင်လင်နဲ့ တွေးတောခြင်းဖြစ်ပါသည်။
သို့သော် ဆိုရိုးစကားတခုနဲ့ အလားတူနေကြာင်းလည်း သိပါသည်။

Comments
Post a Comment