ကွန်မင့်တခု = ဖူး နဲ့ ဘူး အကြောင်းလေးပြောပြပေးပါ ဆရာ တွဲပြီးရေးရတဲ့အခါ ဘယ်လိုမျိုးသုံးရမယ်ဆိုတာ
ကွန်မင့်တခု = ရောက်အောင်ပို့ပေးဘူးတယ် မှား။ ရောက်အောင်ပို့ပေးဖူးတယ် မှန်။
ပြန်စာ
ဘူး နဲ့ ဖူး ကိုလည်း အကြိမ်များစွာ တင်ပြထားတယ်။ မနေ့က တခါ ထပ်တင်ရတယ်။
ဘူး – စဉ်း / ဗူး / ၁။ တားမြစ်ခြင်းပယ်ကြောင်းပြ ကြိယာနှင့် တွဲ၍သုံးသော စကားလုံး။ (မရှိဘူး၊ မသွားဘူး၊ မလာဘူး စသည် အသုံးရှိသည်။) ၂။ ဗူး – စဉ်း၊ ရှ။
ဘူးကွယ် – ကြံ / ဗူးကွယ် / မသိ၊ မဟုတ်၊ မမှန်၊ မပြု စသည်ဖြင့် ငြင်းဆိုသည်။
ဘူးခံ – ကြံ / ဗူးခန် / ငြင်းပယ်စကားကို မလျှော့တမ်း အခိုင်အမာဆိုသည်။ တင်းမာစွာ ငြင်းပယ်နေသည်။
ဘူးမှုတ် – ကြံ / ဗူးမှုတ် / ဗူးမှုတ် – ကြံ၊ ရှ။
ဘူးလုံးနားမထွင်း – ကြံဝိ / ဗူးလုန်းနားမထွင်း / ဗူးလုံးနားမထွင်း – ကြံဝိ၊ ရှ။
ဗူး၁ – န / ဗူး / ချက်ပြုတ်စားသောက်ရသည့်အသားပြည်Current time is သော၊ အများအားဖြင့် လည်တိုင်ခေါင်းရှိသော အသီးကြီးများ သီးသည့် နွယ်ပင်တမျိုး။
ဗူး၂ – န / ဗူး / ၁။ ထည့်သိcurrent location is ု့ရန် အသုံးပြုရသော ဗူးသီးခြောက်အခွံ။ ၂။ ထည့်သို့ရန် အုံးအပိတ်နှင့် ပြုလုပ်ထားသော ကြွပ်ခွက်။ (စုဗူး၊ ဆေးဗူး၊ ပေါင်ဒါဗူး၊ မီးခြစ်ဗူး စသည် အသုံးရှိသည်။)
ဗူး၃ – န / ဗူး / အလင်းလုံး။ ဗူးသွင်း – ကြိ၊ လည်းရှ။
ဗူးခါး – န / ဗူးဂါး / အထူးသဖြင့် အသီးခွံကို ဗူးတောင်းပြုလုပ်လေ့ရှိသောအသီး၊ အရသာခါးသည့် ဗူးပင်တမျိုး။
ဗူးစင် – န / ဗူးဇင် / အပင်နွယ် တက်ဖြန့်တင်နေစေရန် ထောက်ခံထားသောစင်။
ဗူးဆို့ – န / ဗူးဇို့ / ဗူး၊ ပြန်၊ ပုလင်း စသည်တို့၏ အပေါက်ကို လုံအောင်သွင်းပိတ်သော အရာ။
ဗူးဆင်စွယ် – န / ဗူးဆင်ဇွယ် / အသီးရှည်လျားသော ဗူးပင်တမျိုး။
ဗူးတား – န / ဗူးဒါး / ဗိုင်းငင်ရာ၌ ရစ်ခေါင်းဝင်ရိုးတွင် ရစ်သွင်းသော ချည်မျှင်များ ကျော်လွန်ရစ်ပတ်မသွားစေရန် အရင်းဘက်မှဝင်ရိုးကိုစွပ်၍တားကန့်ထားသော အဝိုင်းပုံဗူးတောင်းခွံအပြားငယ်။ (အုန်းခွံကိုလည်းပြုလုပ်သည်။)
ဗူးတောင်း – န / ဗူးဒေါင်း / အများအားဖြင့် ရေထည့်ဆောင်ယူလေ့ရှိသော ခေါင်းပွင့်ဗူးသီးခွံ။
ဗူးဒယောင်း – န / ဗူးဒယောင်း / အခွံကို ရေဗူးအဖြစ်အသုံးပြုရသည့် လည်တံကောက်သော ဗူးသီး သီးသည့်ဗူးပင်တမျိုး။ (ဗူးတင်းရောင်းဟုလည်း အရေးရှိသည်။)
ဗူးနွယ် – န / ဗူးနွယ် / ရုန်းပြန်အားအတွက် အသုံးပြုရသော အဆင့်ဆင့် ရစ်ခွေထားသည့် သံမဏိစသော သတ္တုကြိုးလိမ်။ စပရင်။
ဗူးမှုတ် – ကြိ / ဗူးမှုတ် / (မွေးကင်းစကလေးငယ်များ) နှုတ်ခမ်းစေ့၍ လေမှုတ်ထုတ်ကာ၊ ဗူး-ဗူးဟု မြည်သံပြုသည်။
ဗူးမျှော – ကြိ / ဗူးမျှော / ၁။ ငါးမျှားချိတ်တခုစီကို ဖော့တပ်၍ ရေတွင်ချသည်။ ၂။ ရေကြောင်းမြစ်ကြောင်းကို သိရှိအောင် ဗူးခွံစသည်ကို မျှောချသည်။
ဗူး။ ။ ခံဗူးရွာ။ ခံဗူးကတုံး။ ဗူးပင် ဗူးညွန့်။ ဗူးသီး။ ဗူးဆို့။ ဗူးဘုရား။ ဗူးသွင်းသည်။ ဗူးတောင်း။ ရေဗူး။ ဗူးခါးရေ။ ဗူးလုံးနားမထွင်း။ ဗူးလေးရာ-ဖရုံဆင့်။ လူဗူးတောင်း။ ဗူးတလုံးဆောင်=ဗူးသီးတလုံးဆောင်။
ဘူး။ ။ မမြင်ဘူး။ မကြားဘူး။ မရောက်မလာဘူး။ ဘူးကွယ်သည်။ ကြားဘူးနားဝ။ နဘူးနွယ်ပင်။ ဘုရားဖူးဘူးသည်။
ဘု / ဘူ – ဘုရား၊ ဘုရင်ကြီး၊ ဘုရားရှိခိုး၊ ဘုမ္မပတ်ပင်။ ဘူတဂါမ်၃၊ ဘူပါလမင်း၄၊ ဘူမိရတ်၅၊ ဘူမိနက်သန်၆၊ ဘူကျနေသောပဲ။
ဘူး – မသွားဘူး၊ မလာဘူး၊ ရောက်ဘူးသည်။ မမြင်ဘူးပါ။ နဘူးနွယ်။
ဘော – ဘောဘော၊ အဘောအမေ၊ ဘောဒါရီခေါ်သော မဘောဒါ၊ ဆိုင်းဆရာ-ကိုဘောဒါ၊ မောင်ကလေး၊ ဘောလုံး။
စားဘူးတဲ့ အစာ၊ မစားဘူးတဲ့ အစာ။ ဗူးဘုရားဖူးဘူးသလား။
မှတ်ရန်
ယခုခေတ်မှာ သင်ပေးနေတဲ့ "ကလေးဗူးမှုတ်တာကလွဲရင် ဘူး" ဆိုတာ မမှန်ပါ။ အရင်ကစာတွေထဲမှာ ကလေးဗူးမှုတ်၊ ကလေးဘူးမှုတ် လို့ ၂ မျိုးလုံးကို တွေ့ရတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ထဲမှာ "ဗူးမှုတ်"။
ယခုခေတ်မှာ မြန်မာစာကို ဖေါ်မြူလာနည်းတွေနဲ့ သင်ပေးနေတာ မမှန်ပါ။ ခြွင်းချက်တွေရှိတယ်။ ရှင်းလင်းချက်တွေ လိုအပ်တယ်။ အထောက်အထား အကိုးအကားတွေနဲ့ မကြာခဏတင်ပြထားပါတယ်။
ဗူး နဲ့ ဘူး ဋီကာ https://burmese-spelling.blogspot.com/2025/12/blog-post_154.html
ChatGPT 5 ဖူး နှင့် ဘူး ပြဿနာ https://burmese-spelling.blogspot.com/2025/10/chatgpt-5.html
'ဘူး' စာလုံးကို 'မ' ပါမှသာ သုံးရတယ်လို့ ထင်နေသူများသို့ https://burmese-spelling.blogspot.com/2025/02/blog-post_145.html
ဘူး ဖူး https://burmese-spelling.blogspot.com/2024/01/blog-post_693.html
ဖူး ဘူး https://burmese-spelling.blogspot.com/2023/08/blog-post_666.html
ပဌမ နှင့် ပထမ ဘ နှင့် ဖ ခန်း ခမ်း ခဏ်း ရေးချ https://burmese-spelling.blogspot.com/2024/01/blog-post_520.html
ဖ နှင့် ဘ ကွဲးပုံ - ပုဂံဦးတင် https://burmese-spelling.blogspot.com/2023/08/blog-post_33.html
ဖိုး ဘိုး ဖတ် ဘတ် ဘိ ဖိ https://burmese-spelling.blogspot.com/2023/11/blog-post_401.html
ဗူးလုံးနားမထွင်း ဆရာကြီးလုပ်သူ https://dr-tint-swe.blogspot.com/2022/06/blog-post_485.html
မမြင်ဘူး မကြားဘူး မြင်ဘူး ကြားဘူး https://burmese-spelling.blogspot.com/2024/07/blog-post_631.html
ဖိနပ် နဲ့ ဘိနပ်က မူကွဲ https://burmese-spelling.blogspot.com/2024/03/blog-post_673.html
ဗူး ဘူး ဗူး ဋီကာ https://dr-tint-swe.blogspot.com/2021/06/blog-post_617.html
ဘူး ဖူး ဗူး https://dr-tint-swe.blogspot.com/2021/08/blog-post_731.html
ဆူးကြားက ဗူးသီးဘဝ https://dr-tint-swe.blogspot.com/2022/01/blog-post_491.html
ဖတ် နှင့် ဘတ် https://burmese-spelling.blogspot.com/2022/10/blog-post_138.html
ဘိနပ် ဖိနပ် http://burmese-spelling.blogspot.com/2023/01/blog-post_704.html
အဘ အဖ အသံထွက် https://burmese-spelling.blogspot.com/2023/03/blog-post_744.html
ပဲ နဲ့ ဘဲ ဋီကာ https://burmese-spelling.blogspot.com/2023/07/blog-post_12.html
ဘူး ဖူး https://burmese-spelling.blogspot.com/2024/01/blog-post_693.html
ဘ နှင့် ဖ https://burmese-spelling.blogspot.com/2024/02/blog-post_563.html
စိ ဖို့ဘို့ https://burmese-spelling.blogspot.com/2024/06/blog-post_895.html
ဘူးမမှုတ်နဲ့သမီးရယ် https://burmese-spelling.blogspot.com/2024/06/blog-post_681.html
ဘို့ နှင့် ဖို့ https://burmese-spelling.blogspot.com/2024/10/blog-post_635.html
ဘ နှင့် ဖ https://burmese-spelling.blogspot.com/2025/02/blog-post_787.html
အဘ အဖ အဘိုး အဖိုး https://burmese-spelling.blogspot.com/2025/02/blog-post_19.html
ဒေါက်တာတင့်ဆွေ






Comments
Post a Comment