သူ့ဘို့ ကိုယ့်ဘို့
သူ့ဖို့ ကိုယ့်ဖို့
ဘို့
ဘို့ပါတဲ့နွား
ကုလားအုတ်ဘို့
ရှင်ဘို့မယ်
ငါ့နွားတကောင် ဘို့တထောင်
ဖို့
ကိုယ့်ဖို့
ကုသိုလ်အမျိုးမျိုးတို့၏ အဖို့ဘာဂဟူသမျှတို့ကို
တဖို့ထဲဖို့နေသည်
တာဖို့သည်
ပို့အောင်ဖို့သည်
ဖို့မြေအရပ်
ဖို့မံသည်
သနပ်ခါးဖို့သည်
သူ့ကိုဖို့နေသည်
သူ့ဖို့ကိုယ့်ဖို့
အဖို့အစု
အဖို့ဝေငှ
ကောင်းမှုအဖို့ကို အမျှဝေသည်
နေ့ဖို့ညစာ
မောက်အောင်ဖို့
မြေဖို့သည်
(၁)
ကန်တော်ကြီးကို ကားနဲ့ဆို
ဘာသွားလုပ်လဲ မောင်ရေခဲ
လေညှင်းခံဘို့ ဆိုပါစို့
(၂)
'ဗမာ့'လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့'ဘို့' ဂျပန်ပြည်မှာကွယ်
'တကယ်ဘဲ' အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်
(၃)
နှစ်တရာ၊ ချစ်ရှာသင့်သူမို့၊ သစ္စာနှင့်မြွက်မယ်၊ မေတ္တာဖြင့် ပန္နက်ရွယ်တယ်၊ တသက်ဝယ်ယုံတမ်း။ ညရုံတော် အခြေပျက်စေဖို့၊ ရွှေလက်နဲ့ဆွဲကာ၊ ပွေရက်ပေ့ ပုလဲညှာရယ်၊ ကဲပါပေ့ဘုရား။ ဟုတ်သလို ပြန်မမြွက်သာဘူး၊ တုတ်တပြက် ဓားပါ၊ ရုတ်တရက် ခြားမကွာသည်၊ အနားမှာ လက်ငင်း။ သတိနဲ့ပညာကို၊ စဉ်မကွာ မှန်ထားမှ၊ ရန်ပါးမည့် ခုအခါ၊ နှောဘို့ သင့်စွာ၊ သဘောလိုက် မပြောသာသည်၊ ယောဆရာ လုပ်စမ်းချင့်လေး။ (အချုပ်တန်းဆရာဖေ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment