ကပ်စေးနှဲလို့ ရေးရပါသည်။
ကပ်ကျော်− ကြိ / ကတ်ကျော် / ကပ် ကြီး ၊ သုံး ပါး ကို လွန်မြောက်သည်။
ကပ်ကြီးသုံးပါး− န / ကတ်ကျိးသုံးဗား / လက်နက် ဘေး ဖြင့် သေကြပျက်စီးသောကပ် ၊ ရောဂါဘေးဖြင့် သေကြပျက်စီး သောကပ် ၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြပျက်စီး သောကပ်ဟူသည့် ကပ်ကြီးသုံးမျိုး။
ကပ်ခို− ကြိ / ကတ်ခို / ၁ ၊ ချဉ်းကပ်ခိုဝင်သည်။ " အခြားသူတို့ ကို ကပ်ခိုလက္ခဏံ မထမ်းမနေစေနှင့်။ " ဓမ္မ။ ၂၃ ။ ၂ ။ ကွယ် ဝှက်လျှိုးပုန်းသည်။ " မိမိအဆောင်ကို မိမိမယုံသောကြောင့် ရှောင်ရှား ကပ်ခိုလေ၏။ " ကာယ။ ၁၂ ။ ၃ ၊ • မြှောင်၍ စားသောက်နေထိုင်သည်။
ကပ်ငြိ − ကြိ / ကတ်ညီ / တွယ်သည်။ ပူးသည်။ ဆိုက်ရောက် သည် ။ " ရောဂါကပ်ငြိသော်။ " စွယ် ၊ ပ ။ ၁၁၆ ။
ကပ်စေးနှဲ − ကြိ / ကတ်စေးနှဲ / ကတ်စိးနှဲ / မပေးရက် မကမ်း ရက် ပစ္စည်းဥစ္စာကို အထူးတွယ်တာ မက်မောသည်။
− န / ကတ်စေးနှဲ / ကတ်စီးနှဲ / ၁ ၊ နှမြောတတ်သူ။
၂။ တွယ်ကပ်တတ်သော အသီးရှိသည့်ပင်ငယ်တမျိုး။ ရွှေတံတိုင်းပင်။ ၃ ၊ ကပ်စေးသော မုန့်တမျိုး။
မုန့်တမျိုးလို့ ရေးရပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment