(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
မေးခွန်းတခု = ဒါက ပုလဲမြို့ ဆင်များရှင်ဘုရားမှာလား ဆရာ
ပြန်စာ
ပုလဲမြို့အဝင် မိုးကောင်းဘုရားမှာ။
ကျွန်တော် တိုင်းပြည်ကနေ ထွက်ပြေးနေရစဉ်က မိသားစုကနေ ကုသိုလ်ပြုထားတာ။
ကျွန်တော်တို့မိသားစု ပုလဲမှာမနေရတော့ အစစအရာရာ လိုလေသေးမရှိ ကိုယ်စားပြုလုပ်ကိုင်ပေးနေတဲ့ ဆရာဝန်မိသားစုက နက်ဖြန်ရေစက်ချမယ်လို့ ၁၂-၁-၂၀၂၀ နေ့က ဖုန်းဆက်ပါတယ်။
ငပရင်းဆရာတော်ကို လျှောက်ထားပြီး ဆောင်ရွက်ပါသတဲ့။
၂၀၁၈ ခုနှစ်က အလည်ရောက်မှသာ ကျွန်တော်က ကိုယ်တိုင် မြင်ရ၊ ဖူးတွေ့ရပါတယ်။
ဆရာတော်ကို မီသေးတယ်။
အခုတော့ ဆရာတော် ပျံလွန်ပြီ။
နေရာတိုင်းမှာ မိုးမကောင်းတော့။
မိုးကောင်းတယ်ဆိုတာ မိုးသည်းလွန်းတာ မဟုတ်ပါ။
ရွာသင့်တဲ့ချိန်မှာ ရွာသင့်သလောက် ရွာတာ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment