Skip to main content

ပြ



အခုတလောမှာ ဖတ်ရတယ်။

ဆေးပြ တဲ့။ အရင်က အဲလိုပြောဆိုရေးသားလေ့ မရှိပါ။

ဆေးခန်းသွားပြ၊ ဆေးရုံသွားပြ၊ ဆရာဝန်သွားပြ လို့တော့ ပြောဆိုကြပါတယ်။

ဒိအရင်က မေးခွန်းတွေမှာ အလင်းပြပါတဲ့။

အဲလိုလည်း အရင်က အဲလိုပြောဆိုရေးသားလေ့ မရှိပါ။

ပညာပြတယ်လို့တော့ အရင်ကတည်းက ရှိပါတယ်။

ပညာပြ 

၁။ အတတ်ပညာပြသခြင်း (သို့) စွမ်းရည်ပြိုင်ဆိုင်ခြင်း - မိမိတတ်ကျွမ်းထားသော ပညာရပ်တစ်ခုကို အများရှေ့တွင် ထုတ်ဖော်ပြသခြင်း

၂။ သင်ခန်းစာပေးခြင်း - မိမိ၏ ဉာဏ်ရည် သို့မဟုတ် အရည်အချင်းကို အသုံးပြု၍ တစ်ဖက်သား၏ မာနကိုချိုးနှိမ်ခြင်း၊ မှားယွင်းကြောင်း သက်သေပြခြင်း သို့မဟုတ် အထင်သေးစရာ မဟုတ်ကြောင်း သိစေရန် "ပညာပြလိုက်သည်" ဟု သုံးနှုန်းတတ်ကြပါသည်။

တဖက်သားကို ပညာကုန်မပေးဘဲ၊ ပြသခြင်းမပြုဘဲ တစိတ်တပိုင်းလောက်သာ လုပ်ပြ၊ ပြောပြ၊ ရေးပြတာကိုလည်း ပညာပြတယ်လို့ သုံးနိုင်ပါတယ်။

လူအထင်ကြီးခံချင်လို့ ဒါမှမဟုတ် ပိုက်ဆံပိုရအောင်လို့ ဒါမှမဟုတ် မှတ်လောက်အောင်ပြညာပေးချင်လို့ မကောင်းတဲ့စိတ်ထားနဲ့ လုပ်တဲ့အခါမှာ သုံးတယ်။

ပြ — ကြိ / ဗျာ / ၁။ မြင်စေသည်။ မြင်အောင်ပြသည်။ ၂။ သိစေသည်။ (ပြောပြ၊ ရှင်းပြ၊ ဖတ်ပြ စသည်ဖြင့် သုံးသည်။) ၃။ သင်ကြားလမ်းညွှန်သည်။

— စည်း / ပျာ / ကူညီ ညွှန်ကြားသည့်သဘော ထင်စေရန် ကြိယာ၌ တွဲစပ်သည့် စကားလုံး။ (ဟောပြ၊ စားပြ၊ လုပ်ပြ စသည် အသုံးရှိသည်။)

ပြ — န / ပျာ / ၁။ ပြအိုး — န၊ နှင့်အတူတူ။ ၂။ (မန္တလေး) နန်းမြို့ရိုးရှိ ပြအိုးကို ဦးတိုက်ထားသောလမ်း။ နေပြည်တော်ရှိလမ်း။ (တမိုင်ငါးဆယ်လျှင် တကွက်ချ၍ ဖောက်လုပ်သည်။) ၃။ လမ်းအကွာအဝေးကို မှတ်သားသော သင်္ချာပစ္စည်းစကား။ (မန္တလေးမြို့တွင် အသုံးများသည်။) “ဆေးရုံကြီးမှာ တောင်ဘက် တပြခွဲ အဝေးအကွာတွင် တည်ရှိသည်။” မယ်ကျော့၊ ပ။ ၉၇။

ပြကတေ့ — န / ဗျာဂတေ / ဗဂတိ / ပကတိ — န၊ နှင့်အတူတူ။ [သ]

ပြကွင်းပြကွက် — န / ဗျာဂွင်းဗျာဂွက် / ကြည့်မြင်သာစေရန် စီစဉ်ထားသည့် မြင်ကွင်း။

ပြခန်း — န / ဗျာဂန်း / ပစ္စည်းများကို စနစ်တကျ ခင်းကျင်းစီစဉ်ပြသထားရာ အဆောက်အအုံ၊ အဆောင်။

ပြစား — ကြိ / ဗျာဇား / ၁။ အထူးပြသသည်။ “ထူးမြတ်သော ရတနာကို အများအပြားသိစေလို၍ ပြစား၏သို့။” ဝိဓူရ၊ ပ။ ၄၀၄။ ၂။ ပြ — ကြိ၊ နှင့်အတူတူ။ “ရုပ်ပုံတော်များ ကြည့်ပါရစေ ပြစားတော်မူပါဦး သခင်မရို့။” နေမိ၊ ပ။ ၄၃။

ပြဆိုချက် — န / ဗျာဆိုချက် / တစုံတရာ တင်ပြရေးသား ပြောဆိုဖော်ထုတ်ထားသော အချက်အလက်။

ပြဇာတ် — န / ဗျာဇတ် / ၁။ ဇာတ်လမ်းဇာတ်ကွက် တစုံတရာကို လင်္ကာစကားပြေဖြင့် ဖြစ်စေ၊ အပြန်အလှန် ပြောခန်းများဖြင့်ဖြစ်စေ ရေးဖွဲ့သော စာပေအဖွဲ့အနွဲ့။ ၂။ ယင်းအဖွဲ့အနွဲ့တမျိုးမျိုးကို သရုပ်ဆောင်ပြသသော ပွဲလမ်းတမျိုး။

ပြဋ္ဌာန်း — ကြိ / ပျာထန်း / ပျတ်ထန်း / ၁။ တစုံတရာကို လိုက်နာရန် သတ်မှတ်ပေးသည်။ (အမိန့်၊ ဥပဒေ၊ စည်းကမ်း၊ သင်ရိုးညွှန်းတမ်း စသည်တို့နှင့် တွဲစပ်သုံးသည်။) ၂။ တိကျစွာ ဖော်ညွှန်းသည်။ “ဤသဒ္ဒါ ပြဋ္ဌာန်းသော အနက်ကို မသိပါ။” [ပါ]

ပြဋ္ဌာန်းချက် — န / ပျာထန်းချက် / ပျတ်ထန်းချက် / သတ်မှတ်ဖော်ညွှန်းချက်။ လိုက်နာရန် ချမှတ်ချက်။

ပြတိုး — န / ဗျဒို့ / [ပေါ] ထွေးခံ။ [သ]

ပြတက်ဗျား — န / ဗျာဒက်ဗျား / လေ၊ သည်းခြေ၊ သလိပ် စသည့် အကြောင်းတပါးတည်းကြောင့်ဖြစ်သော အဖျားမျိုး။

ပြတိုက် — န / ဗျာဒိုက် / တစုံတရာကို အများကြည့်ရှုနိုင်ရန် စနစ်တကျ စီစဉ်ခင်းကျင်းပြသထားသော အဆောက်အအုံ။ပြဒါး — န / ဗျဒါး / ဗဒါး / သတ္တုအမျိုးအစား များစွာကို ပျက်ကြေစေနိုင်၍ အရည်အဖြစ်ဖြင့် ကျုံ့ခြင်း၊ ဆန့်ခြင်းများစွာ ပြုနိုင်ပြီး ငွေရောင်ရှိသည့် အလွန်လေးသော သတ္တုတမျိုး။ [သ]

ပြဒါးတိုင် — န / ဗဒါးဒိုင် / ပြဒါးသွင်း၍ ပြုလုပ်ထားသော အပူအအေးတိုင်း ဖန်ပြွန်ကိရိယာ။

ပြဒါးချိန် —န / ဗဒါးဂျိန် / ဗဒါဂျိန် / ပြဒါးတိုင်ဖြင့် တိုင်းတာရရှိသော အပူချိန်ပမာဏ။

ပြဒါးရှင်လုံး — န / ဗဒါယင်လုံး / အဂ္ဂိရတ်အစွမ်းဖြင့် ပြုလုပ်စီရင်ထားသည့် တန်ခိုးသိဒ္ဓိအမျိုးမျိုး ဖော်ဆောင်ဖြည့်စွမ်းနိုင်သည်ဟု ယူဆသော ပြဒါးလုံး။

ပြပွဲ — န / ဗျာပွဲ / ကြည့်ရှုဖွယ်အမျိုးမျိုးကို ကာလအပိုင်းအခြားအားဖြင့် အစီအစဉ်တကျ ခင်းကျင်းပြသသည့် ပွဲလမ်းအခမ်းအနား။

ပြယုဂ် — န / ဗျာယုတ် / သာဓက။ ပုံစံ။ [ပါ]

ပြဒါးတိုင်

မှတ်ရန်မှာ ပြ စာလုံးကို သူ့နေရာနဲ့သူ မှန်အောင်သုံးစွဲသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ