ဖားကပေါင် လား ဖားပေါင်လား ခင်ဗျ ကျွန်တော်တို့ရွာဘက်မှာတော့ ဖားပေါင် လို့ပဲ ခေါ် ကြလို့ပါ။
ဖားကပေါင် — န /ဖားဂဗောင်/ ဖားပေါင် — န၊ နှင့် အတူတူ။
ပတ္တမြားရောင်၊ ဖားကပေါင်သံလွင်လွင်နှင့်၊ ရွှေညံပင် ရှုပ်မရှင်းတယ်၊ ကွင်းပြည့်ကမန်း။'
ဖားပေါင် — န /ဖားဗောင်/ အရိုးအဆစ်ပွင့်ပြီး နီကြန်ကြန်ရှိ၍ အဆစ်မှ မြစ်မြွှာနှင့် အရွက်သေးများ စုထွက်တတ်သော တို့စရာ မြေကပ်နွယ်ပင်တမျိုး။
ဖား၁ — န /ဖား/ ၁။ ကျောရိုးနှင့် ခြေလေးချောင်းရှိပြီး ခုန်ဆွ ခုန်ဆွ သွားတတ်၍ အသံမြည်စွာ အော်တတ်သော ကုန်းနေ၊ ရေနေ သတ္တဝါငယ် တမျိုး။ ၂။ သစ်သား စသည် ဆက်စပ်ရာ တွင် အပေါ်ယံ အပြင်ညီအောင် အောက်က ဖြည့်ခုသော သစ်သားတို။ (ဖားခံသည်ဟု သုံးသည်။) ၃။ သဲကျောက်၏ အောက်ဘက်ရှိ မြေလွှာထပ် တမျိုး။
ဖား၂ — ကြိ /ဖား/ လွန်မင်းစွာ ပင်ပန်းသည်။ “အလုပ်များလို့ ဖားနေရတာဘဲ” တင်းစာ။
ဖား၃ — ကြိ /ဖား/ ရှည်လျားသည်။ တွဲကျသည်။ (မွေးမှင် ဆံပင်ဖား၊ လုံချည်ဖား၊ အကျီအဆင်ဖား၊ အညွန့်ဖား၊ အမြိတ်ဖား၊ အမြီးဖား စသည် သုံးသည်။)
ဖားကူး — န /ဖားဂူး/ ဖားသတ္တဝါ ရေကူးသကဲ့သို့ လက်စုံခြေစုံ ဆန့်ထုတ်၍ ကူးသော ရေကူးပုံတမျိုး။
ဖားခုန်ပြေး — န /ဖဂန်ဗျေး/ ခြေနှစ်ဘက်၊ လက်နှစ်ဘက် ထောက်၍ ကုန်းကွလျက် ခုန်၍ ပြေးရသော ကစားနည်း တမျိုး။
ဖားတလက် — န /ဖားဒလက်/ အသံပြတ်တောင်းစွာ မြည်တတ် သော ဖားကလေးတမျိုး။
ဖားတပိုင်းငါးတပိုင်း — န /ဖားဒဗိုင်းငါးဒဗိုင်း/ ၁။ ဖားအဖြစ် ကြီးထွားဆဲ အမြီးမပြတ်သေးသော ရေနေဖားလောင်းကြီး။ ၂။ [ဥပမာ] လုပ်ငန်းတာဝန်တဖက်ဖက်တွင် ပြတ်သားစွာ ဆုံးဖြတ်ပါဝင် ဆောင်ရွက်ခြင်း မပြုသူ။ အဆုံးအဖြတ် မပြတ်သားသူ။ အလုပ်နှစ်မျိုးနှစ်စား ဆောင်ရွက်နေတတ်သူ။
ဖားထိုင် — န /ဖားထိုင်/ ဖားသတ္တဝါထိုင်သကဲ့သို့ ခြေနှစ်ဘက် ခွေသိမ်း၍ လက်နှစ်ဘက် ဆန့်ထောက်ထိုင်ဟန်။
ဖားပေါင်စင်း — န /ဖားဗောင်ဇင်း/ ဖားဗဇင်း / ၁။ ပိန်သွယ် သော ဖားကလေးတမျိုး။ ၂။ ခြေလက်ကားဆန့်၍ စန့်စန့် အိပ်သော ပက်လက်အနေအထား။
ဖားပျံ — န /ဖဗျန်/ အတော်ကွာလှမ်းအောင် ပေါ့ပါးစွာ ခုန် ပျံလွှားသွားတတ်သော ဖားလတ်တမျိုး။
ဖားပြုပ် — န /ဖဗျုတ်/ ဗဗျုတ် / ကျောတွင် အဖုအပိမ့်ရှိပြီး ကုန်းပိုင်းအနေများသည့် အရောင်မှဲ့ခြောက် ကွက်ကျား၍ မာကျောလုံးဝိုင်းသော ဖားတမျိုး။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment