(မြန်မာ့စွယ်စုံကျမ်း အတွဲ ၃)
လူ့အဖြစ်အတွင်း၊ ခုသစ်ကြုံလှပြန်။
ဟန်မထဲ ဖဲ ဝေးလောင်တာနှင့်၊ သန်ကတံတိုင်းတိုင်လဲလို့၊
ဗိန်းခနဲလဲ ပြန်မြန်ဆင့်စေတော့၊ အေးရင့်မပန်။
ဟိုရှေးခါနေလပြောင်းလျင်လ၊ မြေကောင်းတဲ့မြေဆင့်
တန်ခိုးကြွယ်ပတ္တမြားစုံပဲ။
မေတ္တာကံရွာ၊ နေ့ရက်ကြာသာ ကြာတော့၊ မင်္ဂလာ
ပုလဲမိထည်နှင့်၊ မောင့်မျက်ရည် ကြည်ကြည်စုံကို၊ ဖုန်း
ပိတ်ပဲ့။ (ဆရာကြော့သမီးရေး)
ထက်ပါဦးသော အဖွဲ့အနွဲ့ များအပြင်၊ ဆန်းပြားလှသည့်
သည် ပဒေသာထပ်တန့်ငြိမ်းများသည်လည်း ရှိသေးသည်။
ဆရိုင်ဖတ်ဦးကုးသည် ယင်းထပ်တန့်ငြိမ်းများကို ရေး
သားစပ်ဆိုခဲ့သည်။ အဖွဲ့အနွဲ့ ၏သဘောမှာ 'ဆန်းငုပွင့်
ထူးစွနုံပါဘဲ၊ ပန်း နေ့ကုန် နံ့ဦး နာရီ ရပ်မှဖြင့်၊ ထူး
ကျူးခပ်ပါလို့ ဆင့်ပေါ် ပေါ (အဖယောင်လေး) လုံးလားဆပ်ပါတံ
ဆင့်ပေါ်တေ' ဟူ၍ဖြစ်လေသည်။ ၁၂၇၀ ပြည့်နှစ်ဝန်းကျင်
တွင် မဟာကဝိမောင်မိုင်းအမည်ခံ ဆရာလွန်းသည် ပြဇာတ်
များကိုရေးသားသောအခါ ထပ်တန့်ငြိမ်းဖွဲနွဲ့နည်းတို့ကို
အသုံးချလာလေသည်။ ပုံစံအားဖြင့်၊ မဟာကဝိမောင်မိုင်း
မှာတော်ပုံတွင် ကိုယ်ပျောက်ရည်ကျုံ့ကို 'ဇယားဆေ
လျင် ဇယားနေပဲ့မြေမွဲ၊ စာသားအခြေ နှစ်ပါးဂဟေမြဲမွဲ
သူရဲ၊ (အမယောင်မင်း) မယားအခြေ ရဲရမလားဟဲ့လို့၊ အလ
ကား အမေက မဲမဲပွဲ (ခင်အုန်းရွယ်) အမှားအောက်ဆဲဗျာ
က ဗျူပါ' ဟူ၍ ဆရာလွန်းသည် ဖွဲ့နွဲ့ဆိုခဲ့သည်။ ဆရိုင်
ဖတ်ဦးကုးခေတ်က ရေးသော ထပ်တန့်ငြိမ်းများနှင့်ယှဉ်၍
ကြည့်နိုင်ပေသည်။ ကာရန်ကြွယ်ဝလာလေလေ၊ ယင်းငိုချင်းတို့မှာ ရှည်လျား၍လာလေလေ ဖြစ်သည်။ ထို့ကြောင့် နောင်သောအခါတွင် ယင်းထပ်တန့်ငြိမ်းတို့ကို ဆရာလွန်း၏ ကဗျာပဒေသာ၌ လေးချိုးကြီးဟူ၍ ခေါ်တွင်လာခဲ့ပြန်ရာ၊ ပြဇာတ်နှင့်ဇာတ်သဘင်တို့၏ ဂီတဆန်သောဖွဲ့နွဲ့မှုတို့သည် ကဗျာဆန်သော ဖွဲ့နွဲ့မှုသို့ ပြန်၍ ရောက်လေသည်။ ယခုအခါ မြန်မာပြဇာတ်နှင့် ဇာတ်သဘင်တို့၌ကား ငိုချင်းချသည့်ဆိုင်းနှင့်ပတ်၍ သီဆိုမှသာလျှင် ငိုချင်းစစ်စစ်ဟုမှတ်ယူကြလေသည်။
မြန်မာပြဇာတ်သဘင်လောကတွင် ထင်ရှားခဲ့သော ဇာတ်ဆရာကြီး ဦးဖိုးစိန်သည် ငိုချင်းအဆို၌ တမူထူးခြားသူဖြစ်သည်။ (ဖိုးစိန်၊ ဦး — ရှု။) များစွာသော မြန်မာပြဇာတ်သဘင်ပညာသည်တို့သည် ဦးဖိုးစိန်၏ ‘လေ’ ကို အတုယူကြရသည်။ ဦးဖိုးစိန်၏ငိုချင်းများမှာ ဇာတ်ပွဲတွင်ပါဝင်သူ အဓိကဇာတ်လိုက်တို့၏ သဘာဝကိုပေါ်လွင်အောင် ဖွဲ့နွဲ့သော သီချင်းများဖြစ်လေရာ မြန်မာပွဲကြည့်ပရိသတ်တို့၏စိတ်တွင် စွဲ၍ကျန်ခဲ့သည်သာ များပေသည်။ ယခုတိုင် ဦးဖိုးစိန်၏ ငိုချင်းများသည် လူထု၏နှုတ်ဖျားတွင် မပျောက်မပျက်ဘဲရှိနေသေးသည်။ ချင်းကလေးမောင်ဖေပြဇာတ်လာ ‘ယာတောလယ်မှာ၊ ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့၊ နင်ဆင်ခြင်ဦး’ ဟူသောငိုချင်း၊ မင်းကုသပြဇာတ်လာ ‘မာန်ဝင်ကာ အလှဂုဏ်ကိုးသူရဲ့၊ အန်ချင်စရာ ငါ့ရုပ်ပုံ ဒီလောက်တောင်ဆိုးရော့သလား၊ ဘုံကြီးပြတ်ပါတဲ့ နတ်မိမယ်တောင်၊ ဇာတ်သိလျှင်မပယ်ပါဘု ကျုပ်လူထု’ ဟူသောငိုချင်း၊ ပဒကုသလပြဇာတ်လာ ‘အကြံခက်လေသနော်၊ သန်လျက်တော်ယူသည့်သူခိုးကိုလ၊ သူ၏အမျိုးကို စကားထုတ်ဖော်လို့ပြောရမှာဖြင့်၊ ဓားကုပ်ပေါ်မှာဝဲ’ ဟူသောငိုချင်း၊ ဆင်ကဲဘိုးမယ်ပြဇာတ်လာ ‘ဒွေးမယ်နှစ်ဖော် သံဝါညှိပါလို့၊ မပြေးသော် ကန်ရာရှိပါမလား၊ တန်ပါအမိ မဘိုမယ်’ ဟူသောငိုချင်း၊ သုဓနုဇာတ်လာ ‘ဆောင်လယ်ဘုံမှာလေ၊ မောင်မယ်စုံ၊ အတူစက်ရာက၊ ယခုရက်ကာ အကြံပေါ်လို့၊ ရန်သူတော်သူခိုး’ ဟူသောငိုချင်းတို့မှာ ယနေ့တိုင် ထင်ပေါ်ဆဲပင်ဖြစ်၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment