Skip to main content

ရွှေတိဂုံဘုရား

ကွန်မင့်တခု = ဒဂုန်ဦးထွန်းမြင့်၊ဆရာဒဂုန်၊ဒဂုန်ရွှေမျှား ဤသည်ကိုထောက်၍

ရွှေတိဂုံ နဲ့ ရွှေဒဂုံ

ဝိသေသနကြောင့်ဝိသေသဖြစ်ပုံ

ဂုဏ် ဝိသေသပုဒ် ပိတသောမနဿ

။       သိက္ခာ အိန္ဒြေ ချီးမွန်းထောပနာ

။       ကာမဂုဏ်

ဂုံ      အမည်သညာ

ဂုန်    ဂုန်လျှော် ပိုက်ဆံလျှော်

ပြန်စာ

မြန်မာ့စွယ်စုံကျမ်းကို တင်ပြပါမယ်။

အတွဲ ၁၁၊ စာမျက်နှာ ၄၃၁။

ရွှေတိဂုံဘုရား။ ။ ။ဗုဒ္ဓအယူဝါဒီအပေါင်းတို့ အလွန်ရိုသေ မြတ်နိုးရာ ဖြစ်ရုံမက ကမ္ဘာအရပ်ရပ်မှ စေတီတော်ကို ဖူး မြော်ရသူ အပေါင်းတို့၏ အံ့ချီးမကုန်ရာ ဖြစ်တော်မူသော ရွှေတိဂုံစေတီတော်ကြီးသည် ရန်ကုန်မြို့ ဆိပ်ကမ်းများ၏ မြောက်ဖက် နှစ်မိုင်ခန့်အကွာ ပဲခူးရိုးမ၏ တောင်ဖက်ဆုံး အစွယ် သိင်္ဂုတ္တရကုန်း ဟူ၍ အခေါ်များသော တမ္ဗဂုတ္တ ကုန်းပေါ်တွင် မားမားမတ်မတ် ရွှေတောင်ကြီးပေါက်သကဲ့ သို့ တည်ရှိသည်။ (ပဲခူးရိုးမ — လည်းရှု။) သိင်္ဂုတ္တရကုန်း သည် ပင်လယ်ရေပြင် အထက် ၁၆၈ ပေမြင့်ရာ၊ ရန်ကုန်ဆိပ် ကမ်းသို့ ဝင်လာသော ပင်လယ်ကူး သင်္ဘောကြီးများပေါ်မှ ပင်လယ်ဖက်က ဝင်လာသည်နှင့်တပြိုင်နက် စေတီတော်ကို ကြည်ညိုဖွယ် ဖူးတွေ့ နိုင်ကြသည်။ ဤဘဒ္ဒကမ္ဘာ၌ ပွင့် တော်မူကြလေပြီးသော ကကုသန် ဘုရားရှင်၏ တောင်ဝှေး တော်၊ ကောဏာဂုံဘုရားရှင်၏ ရေစစ်တော်၊ ကဿပဘုရား ရှင်၏ ရေသနုပ်တော်၊ ဂေါတမဘုရားရှင်၏ ဆံတော်တို့ကို ဌာပနာရာရှင်တော်ဘုရားလေးဆူ၏ ပရိဘောဂနှင့်ဆံတော် ဌာပနာရာ၊ စုပုံတည်ရာ ဖြစ်ခြင်းကြောင့် ‘လေးဆူဓာတ်ပုံ ရွှေတိဂုံ’ ဟု ဘွဲ့တော် သမုတ်ကြသည်။

မှန်ချက်

မူရင်းအမှန်တွေကိုတော့ ထင်သလို မပြင်ရပါ။

ဒဂုံ ဒဂုန် ဒဂုဏ်

1. ဒဂုံဆိပ်ကမ်း

2. ဒဂုံမြိ့သစ်

3. ဒဂုံမြို့နယ်

4. ဒဂုန် ဦးထွန်းမြင့်

5. ဒဂုန်ခင်ခင်လေး

6. ဒဂုန်တာရာ

7. ဒဂုန်မေ

8. ဒဂုန်ရွှေမျှား၊

9. ဒဂုန်ဦးချင်းစိန်

10. ဒဂုန်ဦးစန်းငွေ

11. ဒဂုန်ဦးထွန်းမြင့်

12. ဒဂုန်ဦးလှဘေ

13. ဘတင်၊ ဦး (ဒဂုဏ်ပ)

14. ဦးဂုဏ်ဘဏ် (၁၂၅၉ - ၁၃၄၂

15. ဦးစန်းငွေ (ဒဂုန်)

16. ဦးထွန်းမြင့် (ဒဂုန်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ