Skip to main content

အမှိုက်တစ


မက်စင်ဂျာကနေ ပုံတခုပို့ပြီး တ နဲ့ တစ် အသုံး မှားနေတာကို ထောက်ပြပါတယ်။ ပုံထဲကစာမှာ အမှိုက် တစ်စမြင် တစ်စကောက် တဲ့။

ကျွန်တော်က မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ကို သက်သေပြမည်။

တစေ - ကြိဝိ / ဒဇေ / ၁။ [ပေါ်] ဝင်စင်။ ဧကန်။ “ကြောင်းခြင်းထွေသာ ဓမ္မဓူတာလျှင် သေချာတစေ လျှောက်ထားလေ။” ခေတ်စမ်း၊ ၉၇။ ၂။ အမြဲမပြတ်။ မပြတ်မလပ်။ တရစပ်။ “တောက်လောင်၍ တစေ ကမ္ဘာအဆက်ဆက်နေသော မီး မသေ။” စတု၊ စ၊ ၂၆။

တစေတစောင်း - ကြိဝိ / ဒဇေဒဇောင်း / ဒဇီဒဇောင်း / တိုက်ရိုက်မဟုတ်။ တည့်တည့်မဟုတ်။ မသိမသာ။ “ဘိုးအေးအား အပြင်ဘက်ကို တစေတစောင်း အကြည့်ခိုင်းပြီး။” လေရူး၊ ၁၀၅။

တစိတစိ - န / ဒဇိဒဇိ / ၁။ အနည်းငယ်။ “ပဥ္စာလမင်းသည် တစိတစိ မျှ အမျက် မထွက်ဘဲ။” တိပု၊ ၁၀၂။ ၂။ တစုံတခု။ “မင်းကြီး၊ ထိုသူခိုး ပုဂ္ဂိုလ်အား ဗေဿန္တရိဿဟု ဆိုတော်မူအပ်သော စကားသည် တစိတစိလက္ခဏာသဘော ရှိ၏။” မိလိန္ဒ၊ ၂၇၂။

တစင်ထောင် - ကြိ / ဒဇင်ထောင် / သီးသီးခြားခြား လုပ်ကိုင် နေထိုင်သည်။ “နတ်သျှင်နောင် ရှင်သံခိုတို့၏ အာဘော်သို့လည်း မလိုက်ဘဲ တသီးတခြား တလမ်းတစင်ထောင်၍ ဖွဲ့နွဲ့သည်။” စာသမိုင်း၊ ၂၀၈။

တစောင် - န / ဒဇောင် / တဘက်တချက်။ တနေရာရာ။ “ကိုယ်တစောင်း” (အောက်ခြေစာသား ဖြတ်တောက်နေသဖြင့် အနက်အဓိပ္ပာယ်တွဲဖတ်ရန်)

တစပ်တည်း - ကြိဝိ / ဒဇပ်တည်း / တလျှောက်တည်း။ တဆက်တည်း။ “ထိုရေထုနှင့် လောကန္တရိတ်ရေသည် တစပ်တည်း တဆက်တည်းဟု မှတ်လေ။” လောကလင်း၊ ၆ဂ။

တစိမ်း - န / ဒဇိန်း / သူစိမ်း- န၊ ရှု။ “တစိမ်း သက်သက် ဖြစ်စေကာမူ၊ ဆွေမျိုးထက် ခင်မင် တတ်ကြတယ်။” ဝိမလ၊ ၉၉။

တစိမ်းတရံဆံ - န / ဒဇိန်းဒရံဆန် / သူစိမ်းတရံဆံ - န၊ ရှု။

တစိမ်းပြင်ပြင် - န / ဒဇိန်းဗျင်ဗျင် / သူစိမ်းပြင်ပြင် - န၊ ရှု။ “အချင်းချင်းတစိမ်းပြင်ပြင် ဖြစ်ခဲ့ရ သည်ကို။” တင်းစာ။

တစုံတခု - န / ဒဇုန်ဒခု / အမှတ်မထင်သော၊ တပ်အပ်သေချာ မသိရသော အရာဝတ္ထု၊ အကြောင်းကိစ္စ။ “တစုံတခုသော အကျိုးကိုမျှ ပေးခွင့်မရ။” လက်ဝဲ၊ ၆၅။

တစုံတယောက် - န / ဒဇုန်ဒယောက် / တပ်အပ်သေချာ မသိရသောသူ၊ တဦးတယောက်။ “စစ်သည် ရဲမက်တို့ ပစ်လွှတ်သော လက်နက်သည် တစုံတယောက်ကိုမျှ မထိခိုက် စေရ။” နာ၊ ၄၁၁။

တစုံတရာ - န / ဒဇုန်ဒယာ / တပ်အပ်သေချာ မသိရသောအရာ။ “အကြောင်းတစုံတရာကြောင့် ရုတ်တရက် ထိခိုက် နာကျင် ပေါက်ကွဲတတ်သည်။” ပြုစု၊ ၃။

ဒုတိယပုံပါ စာသားများ (ဘယ်ဘက်စာမျက်နှာမှ ညာဘက်စာမျက်နှာ)

တစတစ - ကြိဝိ / ဒဇဒဇ / တဖြည်းဖြည်း။ နည်းနည်းချင်း။

တပြင် - န / ဒဇဗျင် / သုဿန်ကောင် မြေပြာ အရပ်။ သုသာန်။ သင်္ချိုင်း။ “တပြင်၌ သူကောင်လွှမ်းသောသုဆိုးကိုသာ ယူတော်မူ၍ ပုံသဏ္ဌာန် သုံးဆောင်မြဲတည်း။” ကုလား၊ ပ၊ ၂၇၁။

တစာစာ - ကြိဝိ / ဒဇာဇာ / မပြတ်မလပ် စူးရှသော အသံကို ပြုလျက်။

တစိ - န / ဒဇိ / အနည်းငယ်။ “တစိမကျန်၊ မှန်သည်ကိုသာ လျှောက်တင်ပါအံ့။” ကုသ * ၄၉။

တစိစိ - ကြိဝိ / ဒဇိဇိ / ၁။ (အသံ) အဆက်မပြတ် ဆူညံစွာ။ “ရွာထိပ်ဆီမှ ခွေးသံ တစိစိ ဖြစ်သွားသည်ဟု။” လေရူး၊ ၄၅။ ၂။ (အမြှုပ်၊ သွေး၊ စသည်တို့) အဆက်မပြတ် ထွက်လျက်။ “အကယ်၍ အနာရှိသောနေရာ ဖြစ်ခဲ့လျှင် အမြှုပ် တစိစိ နှင့် ပုပ်သော အရည်များ ထွက် လာ တတ်သည်။” ကူးစက်၊ ၁၀၃။

တစူးတစား - န / ဒဇူးဒဇား / မိမိထင်ရာကို စွတ်လုပ်တတ်ခြင်း။ “ဒီအဖိုးကြီးကလဲ တစူးတစား သူထင်ရာလုပ်တာ။” သင်းကြံ၊ ၉၈။

- ကြိဝိ / ဒဇူးဒဇား / မိမိထင်ရာကို စွတ်လုပ်လျက်။ “ဉာဏ်ထုံ့ထိုင်းသလောက် စိတ်ကလည်း တစူးတစားနိုင်လှသေးသည်။” ရှု၊ ၈၊ ၉၂၊ ၁၂ဂ။

တစောင်း¹ - ကြိဝိ / ဒဇောင်း / ၁။ နံပါးဖြင့် လျောင်းလျက်။ “မြင်းနံစောင်းဝယ်၊ ဘယ်ညာ တစောင်း၊ တဖျင့်ပြောင်းလျှင်။” တန်ရု * ၂ (၃)။ ၂။ တည့်တည့်မတ်မတ်မဟုတ်။ တူရူ မဟုတ်။ စောင်းစောင်း။ စွေစွေ။ “ချင်းစပ်စပ်ချင်း၊ တစောင်းငုံ့ကြည့်၊ လည်လှည့်လာသွား။” ဘလ္လာ * ၇၂။

တစောင်း² - န / ဒဇောင်း / ရှားစောင်း-န၊ ရှု။

တည်း - န / ဒီး / တံတည်း-န၊ ရှု။ “စောင်းထောင်ကြည့်စိန်း၊ ရဲထိန်စို့၊ ကြောက်မိန်းမူးဝေ၊ တည်းရွှေသော၊ မဲသေတတ်လျှင်း၊ အရှိုးကြွင်း၍။” ရာသီ * ၁၂၇။

တည်းတလုံး - ကြိဝိ / ဒီးဒလုံး / ညီညီညွတ်ညွတ် ပူးပေါင်းလျက်။ “တပဲ့များစွာတို့က ဆရာကြီးနှင့် တည်းတလုံး ပေါင်းရုံးမကွေ… အမြဲဆည်းကပ် နေထိုင်ပါမည့် အကြောင်းနှင့် ခွင့်တောင်းကြပြီးခါ။” ဒေါင်းသစ်၊ ဂ၅။

တစိတ် - န / ဒဇိတ် / ၁။ လေးပုံလျှင် တပုံရှိသော ပမာဏ။ ၂။ ပဆတ်ပဆတ်တွင် ကြွေတစေ့မှောက်၍ ငါးစေ့လန်သော အနေအထား။

တစိတ်တဒေသ - န / ဒဇိတ်ဒဒေသ / အနည်း အကျဉ်း။ အချို့။ “ထိုဒေသနာစကားသည် တစိတ်တဒေသ အားဖြင့် မှန်ပေ၏။” သာသန၊ ၃၀၄။

တစိတ်တဝမ်းတည်း - ကြိဝိ / ဒဇိတ်ဒဝန်းဒည်း / သဘောချင်း ထပ်တူထပ်မျှ။ စိတ်တူသဘောတူ။ တသဘောတည်း။

တစပ်တည်း - ကြိဝိ / ဒဇပ်တည်း / တလျှောက်တည်း။ တဆက်တည်း။ “ထိုရေထုနှင့် လောကန္တရိတ်ရေသည် တစပ်တည်း…” 

ဒါပေမဲ့ တစ်သမားတွေကလည်း ပေါ်လစီသတ်ပုံကျမ်းကို သက်သေထူကြမည်။

အရေအတွက်အရ ကျွန်တော်က ၁ သူတို့က တကုဋေမက ပိုများသည်။ ထို့ကြောင့် နည်းသူရှုံး၏။

မြန်မာစာကို မဲခွဲနည်းနဲ့ အမှန် အမှားဆုံးဖြတ်ပါက မှန်တဲ့ဘက်က ခွက်ခွက်လန်အောင် ရှုံးမည်။

"အမှိုက်ကစ ပြာသာဒ်မီးလောင်"

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ