ပြန်စာ
(၁)
ဒေါက်တာမောင်ဖြူးက ရေးပါသည်။
တန်ဂွမ်လျောင် လို့လည်း ခေါ်တယ်။
သူငယ်တန်းစာတွေ အများကြီး ရေးခဲ့ပါတယ်။
မောင်ရေခဲ၊ မရွှေဖဲ ကိုလည်း ရေးတယ်။
ပဲနွယ်ကုန်းမြို့မှာ ၁၉၀၅ ခုနှစ်က မွေးခဲ့သူ။ တရုပ် တန်လူမျိုးဖြစ်လို့ တန်ဂွမ်လျောင်လို့လည်း ခေါ်တယ်။ သူငယ်စဉ်က မိဘတွေ ဖြူးမြို့ကို ပြောင်းလာကြပြီး၊ ဖြူးမှာဘဲ ကျောင်းနေ၊ ကြီးပြင်းလာလို့ မောင်ဖြူးဆိုတဲ့ ကလောင်အမည် ယူခဲ့တယ်လို့ဆိုပါတယ်။
ဒေါက်တာမောင်ဖြူး ရေးသားပြုစုထုတ်ဝေခဲ့သော စာအုပ်များ
- ဖြူးတုတ်ဘဲကလေး
- ကလေးကဗျာ
- စလေအညာက ပုလွေဆရာ
- အလီဘာဘာနှင့် ဓမြ ၄၀
- ခရီးသည် မောင်ပွ
- သားငှက်သဘင်
- ဒါ့သင်မြို့တော်
- တဂိုးစာပဒေသာ
- ကျန်စစ်သားနှင့် အခြားပြဇာတ်များ
- ဆွတ်ဆွတ်ဖြူနှင့် အခြားပြဇာတ်များ
- ဆရာကတော်နှင့် အခြားပြဇာတ်များ
- သားချော့သီချင်း
- စာပဒေသာ (၁)
- စာပဒေသာ (၂)
- စာပဒေသာ (၃)
ဒေါက်တာမောင်ဖြူးဟာ ကလေးစာပေနဲ့ ကလေးပြဇာတ်တိုတွေ ထွန်းကားလာစေရန် အဓိက ဦးဆောင်ရေးသားခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
တဂိုး (Rabindranath Tagore) ရဲ့ ကဗျာတွေကို မြန်မာလို ကျစ်လစ်သိပ်သည်းစွာ ဘာသာပြန်ဆိုခဲ့သူလည်း ဖြစ်တယ်။
(၂)
ထင်ရှားတဲ့ မြန်မာစာပေပညာရှင်များ
- ဦးဖေမောင်တင် (၁၈၈၈ - ၁၉၇၃)
- သိပ္ပံမောင်ဝ (၁၈၉၉ - ၁၉၄၂)
- ဒေါက်တာမောင်ဖြူး (၁၉၀၅ - ၁၉၇၀)
- ဇော်ဂျီ (၁၉၀၇ – ၁၉၉၀)
- မင်းသုဝဏ် (၁၉၀၉ - ၂၀၀၄)
- တက္ကသိုလ်မောင်မောင်ကြီး (၁၉၁၄ -၁၉၈၂)
တခြားပုဂ္ဂိုလ်တွေလည်း ရှိသေးတယ်။ ဟံသာဝတီတိုက်နဲ့ ဒဂုန်အမည်ပါ ပညာရှင်တွေ။
ထင်ရှားတဲ့ မြန်မာစာပေပညာရှင်များစာရင်းကို သိတဲ့သူ အလွန်နည်းတယ်။
ရေးနေ၊ ဖြေနေကြတာက မနေ့တနေ့ကမှာ ထင်ရှားလာသူတွေအမည်တွေကိုသာ တွေ့ရတယ်။
AI ကိုလည်း မေးမေးကြည့်တာ မှန်တဲ့အဖြေ မရပါ။ တခါမှ မကြားဖူးတဲ့အမည်တွေလည်းပါနေတယ်။
ကျွန်တော်လည်း အကုန်မသိသေး။
အဲလိုဘဲ သီချင်းတွေကိုလည်း ပြန်ဆို နောက်ပေါက်အမည်တွေကိုသာ အသုံးပြုနေကြတယ်။
အတိတ်၊ သမိုင်း၊ ရာဇဝင်နဲ့ ဂန္ထဝင်ကို မေ့ချင်သူတွေကသာ များနေပါတော့တယ်။
(၃)
ပါပီ ခေါ် ခွေးကလေးကို လေးစားရိုသေသူတွေ ပေါတယ်။
1. ၂၅နစ်(နှစ်)ပါ အိမ်ထောင်ရှိပါတယ် ဆရာ ကျမ ကလေးပျက်ကျထားလို့ သားအိမ်ထဲပစ္စည်းထည့်ထား ပါတယ်ဆရာ ၂ နှစ်ကျော် ပါပီ(ပါပြီ) ထည့်ထားတာ ရာသီကပုံမှန်လာပါတယ် ဒီလမှာ ၂ဝရက်ကျော်မှ ထပ်လာပီး(ပြီး) သွေးညစ်ညစ်တွေဆင်းလို့ပါ = = ခွေးကလေးအား တလေးတစားပြောဆိုခြင်း
2. Share ပါပီ ဆရာ = ခွေးကလေးအား တလေးတစားပြောဆိုခြင်း
3. ကျတော့်ကလေးက ၉လ ရှိပါပီ(ပါပြီ) ဝမ်းသွားတာ ၅ရက်ရှိပါပီ(ပါပြီ) အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်(ပျောက်)ပါပီ(ပါပြီ) ပီးတော့(ပြီးတော့) ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး(ပြီး) ကလေးတွက် ဝမ်းသွားနေချိန်မှာ အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပါပီ(ပါပြီ) = = ခွေးကလေးအား တလေးတစားပြောဆိုခြင်း
4. ကျွန်တော် ကောင်မလေး ဖြစ်နေတာလေးမေးခွင့်ပြုပါခင်ဗျ ခုသူဆိုးရိမ်နေတာက နေ့ခင်းဘက် အိပ်ပျော်ရင် ဖြစ်မှာကို အရမ်းဆိုးရိမ်နေပါတယ် အချိန်ရရင် ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျ (စိုးရိမ်လို့ ရေးရ။ ရောဂါဆိုးသွားမှာကို စိုးရိမ်သည်။)
5. ကီမိုဆေး ၃ ကြိမ်သွင်းပီးပါပီး (ပြီးပါပြီ)
6. ဆရာ ကျတော့ကလေးက ၉လ ရှိပါပီ(ပါပြီ) ဝမ်းသွားတာ ၅ရက်ရှိပါပီ(ပါပြီ) အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ(ပျောက်ပါပြီ) ပီး(ပြီး)တော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး(ပြီး) ကလေးတွက် ဝမ်းသွားနေချိန်မှာ vitamin ဆေး သို့မဟုတ် အားဆေး တခုခုတိုက်ချင်ရင် ဘာဆေး တိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပာပီ(ပါပြီ)
7. ဆရာ သမီးကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေစဉ် feffrovit သွားသောက်မိတယ် ferrous fumarate ကြောင့် ကိုယ်ဝန်တယ်ပါ့မလားလို့ ဆိုးရိမ်မိတယ် (စိုးရိမ်လို့ရေးရတယ်။ ကိုယ်ဝန်တည်လို့ ရေးရ။)
8. ဆရာရှင့် အသက် ၃၃ နှစ် ကိုယ်ဝန် ၃၇ ပတ် မြောက် မှာ နှာစီး ချောင်းစိုး (ဆိုး) ဖြစ်နေလို့ OG နဲ့ ပြန်ပြဖို့က ငါးရက်လောက် လိုပါသေးတယ် ဒီကြားထဲ အချွဲထပြီး ချောင်းစိုး(ဆိုး) သလိပ်ပျောက်အောင် ဘာလို နေထိုင်သင့်လည်းဆိုတာ အကြံပေးစေချင်ပါတယ် ညဘက်တွေ ချောင်းပိုစိုး(ဆိုး)လွန်းလို့ ကောင်းကောင်းအိပ်မရပါ ဘိုက်ထဲက ကလေးတွက် ထိခိုက်နိုင်လားလည်း သိချင်ပါတယ် ဆရာ ဖြေပေးပါအုံးရှင် ဆိုးရိမ်မိလို့ပါဆရာ ဖြေပေးပါလားဗျ။ (စိုးရိမ်လို့ ရေးရတယ်။)
9. ဆရာရေးသလိုဆို အရမ်းကြီးတော့ ဆိုးရိမ်စရာမရှိနိုင်ဘူး သူက အကျိတ်လိုတော့ ဖြစ်မနေဘူး (စိုးရိမ်လို့ ရေးရတယ်။ ဆိုးသွားမှာကို စိုးရိမ်သည်။)
10. ဆရာအသက် ၂၄ပါ မိန်းကလေးပါ အဖြူတေ(တွေ)တအားဆင်းp(ပြီး) ယားpး(ပြီး) ယောင်(ရောင်)နေလို့ပါ အပျိုပါ ကျေးဇူးပြုပီး(ပြီး) ပြောပြပေးပါရှင်
11. ဆိုးရိမ်မိလို့ပါဆရာ ဖြေပေးပါလားဗျ။ (စိုးရိမ်လို့ ရေးရတယ်။)
12. ဒီဆေးအဖြေလေးကျေးဇူးပြုပြီးဖြေပေးကြပါလား ဆိုးရိမ်ရလားသိချင်လို့ပါ (ဆရာဝန်ကိုမေးတာ မဟုတ်။ ကျွန်တော့ကို မေးတာလည်း မဟုတ်။ သတ်ပုံတော့ ပြင်မယ်။ ရောဂါဆိုးဝါးသွားမှာကို စိုးရိမ်သည်။)
13. ဒီနေ့ဆို အဖေ အဆုတ်ကင်ဆာ ရောဂါစိုး(ဆိုး)ကြီးနဲ့ လူ့လောကထဲက ထွက်ခွာသွားတာ ၁ လ ပြည့်ခဲ့ပါပီ(ပါပြီ) = ခွေးကလေးအား တလေးတစားပြောဆိုခြင်း
14. ဒီနေ့ဆို အဖေ အဆုတ်ကင်ဆာ ရောဂါစိုး(ဆိုး)ကြီးနဲ့ လူ့လောကထဲက ထွက်ခွာသွားတာ ၁ လ ပြည့်ခဲ့ပါပီ(ပါပြီ) = ခွေးကလေးအား တလေးတစားပြောဆိုခြင်း
15. နေကောင်းပါပီ = ပါပီကလေး နေကောင်းသွားပြီတဲ့။
16. မေးနေတဲ့ မမတို့တွက် ရပါပီရှင့် = မမတို့အား ခွေးကလေးလက်ဆောင်ပေးခြင်း
17. ရက်ပိုင်းအတွင်း ပိုးဆိုးပက်စက် စီးပွားပျက်စေမယ့် အကြောင်းတရား (၆) ပါး (ပိုးစိုးပက်စက် လို့ ရေးရတယ်။)
18. ရပါပီရှင့် = ခွေးကလေးအား တလေးတစားပြောဆိုခြင်း
19. လူတယောက်ကို စိတ်စိုးအောင်လုပ်လို့ရတယ် စိတ်နာအောင်တော့မလုပ်ပါနဲ့ (လူတယောက် မှန်။ စိတ်ဆိုးလို့ ရေးရ။ စိတ်ဆိုးနေသည်။ သွေးတက်မှာ စိုးရိမ်ရသည်။)
20. ဝက်သားကို ညထဲကချက်ရင် နေကပြင်းတော့ သိုးမှာဆိုးလို့အာလူးနဲ့မရောဘဲ သရက်ချည်နဲ့ဘဲ ချက်လိုက်တော့တယ် ပုဇွန်ခြောက် ငရုပ်သီးကြော်လေးနဲ့ဘဲ အာရုံဆွမ်းလောင်းလှူပါတော့မယ် (သိုးမှာစိုးလို့ လို့ရေးရ။ ရောဂါဆိုးသွားမှာစိုးတယ်။ စိုးရိမ်တယ်။ အရုဏ်ဆွမ်းလို့ ရေးရ။)
21. ဟင်းစုံပါပီရှင့် = ခွေးကလေးအား တလေးတစားကျွေးမွေးခြင်း
22. ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါပီ = ခွေးကလေးအား တလေးတစားပြောဆိုခြင်း
23. အဖွားရင်သားက အကျိတ်ကိုခွဲထုတ်ပြီး အသားလုံးစစ်လိုက်တာ ရင်သားကင်ဆာလို့ပြောပါတယ် အဖွားကိုလည်း စိတ်ဓာတ်ကျသွားမှာဆိုးလို့ ကင်ဆာလို့မပြောရသေးဘူး (စိုးလို့ လို့ရေးရတယ်။ ရောဂါဆိုးသွားမှာကို စိုးရိမ်တယ်။)
24. အာလ်ထွာဆောင်ရိုက်ဘူးပါတယ်ဆရာ။ ဘာမှမဖြစ်ဘူးဆရာ။ ကျွန်မခလေးယူရင် ခလေးအတွက်ဖွံဖြိုးမူ့တွေလိုအပ်မှာ အရမ်းဆိုရိမ်လို့ပါဆရာ။ (စိုးရိမ်လို့ ရေးရတယ်။ ဖွံဖြိုးမူလို့ ရေးရတယ်။)
လွန်ခဲ့တဲ့ ၂-၃ နှစ်လောက်ကစပြီး 'ပါပြီ' ကို 'ပါပီ'။ 'ပြီးပါပြီ' ကို 'ပီးပါပီ' တဲ့။ ဖုန်းကီးဘုတ်တွေမှာ ရရစ်မပါတဲ့သူတွေက ရေးနေကြတယ်။ ကီးဘုတ် ပြင်သင့်ကြပါတယ်။
ပါပီကလေး ပုတုတု
သူ့စကားက ဝုဝုဝု။
သူ့စကားလူမသိ လူ့စကားသူမသိ
သနားပါဘိ။ (ဒေါက်တော်မောင်ဖြူး)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment