မလိမ့်တပတ်လို့ ရေးရ။
မလိမ့်တပတ် ဆိုသည်မှာ အမှန်ကို အမှား၊ အမှားကို အမှန်ဖြစ်အောင် သော်လည်းကောင်း၊ အရှိကို အရှိအတိုင်းမဟုတ်ဘဲ လှည့်ဖြား၍သော်လည်းကောင်း ဉာဏ်ဆင်ကာ မသိမသာ လိမ်ညာလှည့်ပတ်ခြင်း ကို ဆိုလိုပါသည်။ စာပေအသုံးအနှုန်းအရ "လှည့်ပတ်ဉာဏ်ဆင်သော စကား" သို့မဟုတ် "မရေမရာ ပရိယာယ်ဆင်သော စကား" ဟု အဓိပ္ပာယ်ရပါသည်။
ရှေးမြန်မာ့ရိုးရာ လောင်းကစားကစားနည်းတခုဖြစ်သော "လိမ့်ပတ်" (သို့မဟုတ်) "အန်စာလိပ်" ကစားနည်းမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။
ရှေးအခါက သားရေပြား သို့မဟုတ် ဖျာချပ်ပေါ်တွင် အန်စာတုံး သို့မဟုတ် အက္ခရာ၊ အရုပ်များပါသော အတုံးကလေးများကို လှိမ့်၍ လောင်းကစားကြရာတွင် ဒိုင်လုပ်သူက ကစားသူများ မရိပ်မိစေရန် လက်လှည့်လက်လှည်းဖြင့် "လိမ့်" ပြပြီး "ပတ်" ကာ ဉာဏ်ဆင်လေ့ရှိသည်။
ဒိုင်က အကွက်ဆင်၍ လှည့်စားသည်ကို ကစားသူက သတိမမူမိဘဲ အပတ်ခံလိုက်ရသည့် အခြေအနေကို အစွဲပြု၍ "လိမ့်ပတ်" ဟူသော စကား ပေါ်ပေါက်လာခဲ့သည်။
နောင်တွင် ထိုစကားသည် ဘာသာစကား ဆင့်ကဲပြောင်းလဲမှုအရ အနုတ်သဘောဆောင်သည့် "မလိမ့်တပတ်" (ဉာဏ်ဆင်လှည့်ဖြားခြင်း) ဟူသော အတွဲလိုက် အသုံးအနှုန်းအဖြစ် သို့ ပြောင်းလဲအမြစ်တွဲသွားခဲ့ခြင်း ဖြစ်ပါသည်။
"သူက လူလည်မို့ ကိစ္စတခုခုဆိုရင် ပွင့်ပွင့်လင်းလင်း မပြောဘဲ မလိမ့်တပတ်စကားတွေနဲ့ အမြဲလှည့်စားတတ်တယ်။"
"ဈေးသည်အချို့က ပစ္စည်းမကောင်းတာကို ကောင်းပါတယ်ဆိုပြီး ဝယ်သူကို မလိမ့်တပတ် လုပ်ပြီး ရောင်းလိုက်ကြတယ်။"
ပတ်
ကမ္ပတ်အိမ်၊
ကြိုးနဲ့ပတ်၊
ကွေ့လည်ကြောင်ပတ်၊
ခရုပတ်၊
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊
ငါးကြီးအန်ပတ်၊
စီကာပတ်ကုံး၊
ညစ်ပတ်၊
တံခါးပတ်တာ၊
တနှစ်ပတ်လုံး၊
တသက်ပတ်လုံး၊
တာလပတ်၊
ထောပတ်၊
ပဋ္ဋိပတ်၊
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တရောင်လှည့်၊
ပတ္တာမြေ
ပတ္ထနာဆုတောင်း
ပတ်ကြမ်းတုတ်
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်ခြံ
ပတ်ခြောက်က
ပတ်စာခွာဖျာသိမ်း
ပတ်တမွား
ပတ်တလား
ပတ်တာ (တံခါး)
ပတ်တာခံ
ပတ်တီးစည်း
ပတ်တုတ်
ပတ်တူစ
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်မကြီး
ပတ်မြှောင်
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်လမ်း၊
ပတ်လွှမ်း၊
ပတ်ဝန်းကျင်
ပတ်သက်
ရင်ပတ်၊
ရိုင်ပတ်ဖျာ၊
ရုပ်ပတ်၊
လည်ပတ်ပုဝါ၊
လျောက်ပတ်တင့်တယ်၊
လုံးပတ်ပင်စည်၊
ဝေ့လည်ကြောင်ပတ်၊
သမာပတ်၊
သုံးလေးပတ် (ပတ်လှည့်ခြင်း)၊
အကြောင်းဗျုပ္ပတ်၊
အနားပတ်၊
အပတ်တကုတ်၊
အာပတ်၊
ဥပပတ်၊
ပါတ်
ဇာတ်နိပါတ်တော်၊
တနင်္ဂနွေပါတ် (ကဝိဓဇသတ်ပုံကျမ်း)။
နိပါတ်ပုဒ်၊
ပဋိပါတ် (ဋ္ဋကို အတိုနဲ့ရေးတာဖြစ်၊ ကီးဘုတ်မှာရှာမရ)၊
ပါဏာတိပါတ်၊
ပိဏ္ဍပါတ်၊
သန္နိပါတ်၊
ဒေါက်တာတင့်ဆွေ

Comments
Post a Comment