Skip to main content

စာရေးသားနည်း









ပုံထဲက ကဗျာအရေးအသားကို နမူနာအဖြစ် တင်ပြပါမယ်။ ကြည့်လို့တော့ လှပါတယ်။ ထောက်ပြပါရစေ။

(တခြားနမူနာပုံတွေက များလို့ ကဗျာပုံကို မသုံးတော့ပါ။)

ပုဒ်ထီး၊ ပုဒ်မ ကို နောက်ဆုံးစာလုံးနဲ့ ဆက်ရိုက်ရပါတယ်။ သီချင်းတွေ၊ ကဗျာတွေ တင်ကြတာမှာ ခြားထားကြတာ မမှန်ပါ။ 

“ - “ ကိုလည်း မခြာသင့်ပါ။ 

( - ) ကိုတော့ ခြာတာရော၊ မခြာတာပါ အရင်ကလည်း သုံးခဲ့ကြပါတယ်။ အယ်ဒီတာတွေကလည်း အမျိုးမျိုး။

မြန်မာစာမှာ ယတိဘေဒ ရှိပေမဲ့ မစုံလင်ပါ။ 

ပန်ကျူယေးရှင်း ကနေ ယူသုံးကြရတယ်။ ဒါပေမဲ့ တယောက်တမျိုး။

စနစ်ကျတဲ့ စာအုပ်ဟောင်းတွေမှာတော့ နိဒါန်းမှာ ရှင်းလင်ချက် ထည့်ရေးထားပါတယ်။

သံဂါယနာတင် ပါဠိမြန်မာပြန်ကျမ်း၊

မြန်မာအဘိဓာန် အကျဉ်းချုပ်။

ကျွန်တော်တဦးတည်းအမြင်ကတော့

? နဲ့ ! ကို သဘောမတွေ့ပါ။

(-) “ “ / - [ ] ‘ ‘ တွေ လိုအပ်တယ်။

နည်းပညာအရ သင်္ကေတတွေ ဝင်လာပြန်တော့ ခက်ပြန်ရော။

# / တွေ အသုံးရခက်လာတယ်။

ဆိုးတာတမျိုးက မြန်မာလိုရေးတာမှာ ဖူးလ်စတော့တွေ ထည့်ကြတာ။

ကွန်ပြူတာစနစ်က ဝါကျအဆုံးလို့ ဖတ်တယ်။ ဖူးလ်စတော့ နဲ့ တကွက်ခြာရတာကို နားမလည်သူတွေရေးရင် စာပိုဒ်ကြီးတခုလုံးက ဝါကျတကြောင်း ဖြစ်စေတယ်။

မေးခွန်းတွေမှာအဲလိုရေးကြတော့ ပြင်နေရတာက အလုပ်ကြီးတခု။

သီချင်းစာသားတွေ အဆိုးဆုံး။ မျက်စိနောက်တယ်။

ကျွန်တော်တို့ စည်းစနစ်မကျတာတွေက များလွန်းလှတယ်။

ပညာရေးကျဆင်းတာ ကြာတော့ ဘယ်လိုပြောပြာ လိုက်မမီသူတွေက ဒုနဲ့ဒေး။

ပုံကို နမူနာအဖြစ် သုံးရလို့ ကျေးဇူး + ဆောရီး။

စာရိုက်နည်း သံခိပ် https://burmese-spelling.blogspot.com/2025/10/blog-post_12.html

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း (၂) https://burmese-spelling.blogspot.com/2025/03/blog-post.html

Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://burmese-spelling.blogspot.com/2023/11/punctuation.html

Punctuation Marks မြန်မာစာ ပန်ကျူယေးရှင်း အမှတ်အသားများ https://burmese-spelling.blogspot.com/2022/08/punctuation-marks.html

ယတိဘေဒ https://burmese-spelling.blogspot.com/2023/11/blog-post_144.html

ယတိဘေဒ https://burmese-spelling.blogspot.com/2023/11/blog-post_144.html

စာရိုက်နည်း သံခိပ် https://burmese-spelling.blogspot.com/2024/09/blog-post_383.html

ယတိဘေဒ အဆက် https://burmese-spelling.blogspot.com/2024/12/blog-post_632.html

ယတိဘေဒ မေးခွန်း https://burmese-spelling.blogspot.com/2025/04/blog-post_448.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ