မေးခွန်းတခု = မဟုတ် မမှတ်ပါနဲ့ လား။ အဟုတ် မမှတ်ပါနဲ့လား။
ပြန်စာ
"အဟုတ် မမှတ်ပါနဲ့လား" သည်သာ အသုံးအများဆုံးနှင့် အမှန်ကန်ဆုံး အဓိပ္ပာယ်ကို ဆောင်ပါသည်။
"အဟုတ်" ဆိုသည်မှာ အစစ်အမှန်၊ အတည်အမြဲ (True/Serious) ဟု အဓိပ္ပာယ်ရသဖြင့် "အဟုတ် မမှတ်ပါနဲ့လား" ဟု ဆိုလျှင် "အတည် (သို့မဟုတ်) အစစ်အမှန်ဟု သဘောမထားပါနဲ့လား" ဟူ၍ တောင်းပန်ခြင်း သို့မဟုတ် ဖျောင်းဖျခြင်း အဓိပ္ပာယ် ပေါ်လွင်ပါသည်။
အပြန်အလှန်အားဖြင့် "မဟုတ်" ဟူသော အငြင်းစကားလုံးနှင့် "မမှတ်ပါနဲ့" ဟူသော အငြင်းစကားလုံး နှစ်ခုကို "မဟုတ် မမှတ်ပါနဲ့လား" ဟု ပူးတွဲသုံးနှုန်းပါက စကားအဓိပ္ပာယ် ထပ်တလဲလဲဖြစ်ပြီး အရသာ မပေါ်လွင်ဘဲ ရှိတတ်ပါသည်။
မကောင်း မပြောနဲ့ - မှန်။
အဟုတ် မထင်နဲ့ - မှန်။
အဟုတ် ထင်မနေနဲ့ - မှန်။
မဟုတ်တာကို အဟုတ်ထင်မနေနဲ့ - မှန်။
မဟုတ်တာတွေ မှတ်မထားနဲ့ - မှန်။
မဟုတ်မဟတ်တွေ အဟုတ်မမှတ်နဲ့ - မှန်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment