Skip to main content

မြန်မာ့အဓိကအာဟာရ

မြန်မာတိုင်းရင်းသားတို့အဖို့ ငပိမှတပါး မြန်မာ့အဓိကအာဟာရ ဟု ခေါ်ဆိုနိုင်သော အစားအစာတခု ရှိပါသေးသည်။ အစားရတတ်ခဲလှသည်။ ကျွန်ုပ်တို့သည် ငပိကို အမျိုးမျိုး ပြုပြင်ကြော်ချက်၍ နေ့စဉ်စားသုံးနေကြသော်လည်း၊ ငပိတွင် မည်သည့် အာဟာရဓာတ်များ ပါရှိသည်ကိုမူ များစွာ ဂရုမထားမိကြချေ။ ဤအကြောင်းရပ်တွင် ငပိလုပ်ပုံ လုပ်နည်းအပြင် အာဟာရတန်ဖိုးမည်မျှပါရှိကြောင်းကိုပါ ဖော်ပြထားပေးသည်။

ငပိ။ ။ မြန်မာတို့၏ အစားအစာတွင် ထမင်း၊ ဟင်း၊ ဟင်းချို၊ ငပိနှင့် တို့စရာတို့သည် အခြေခံဖြစ်ပေသည်။ ထမင်းကို ဟင်းနှင့် တွဲဖက်၍ မစားရစေကာမူ၊ ငပိ တို့စရာတို့နှင့် တွဲဖက်၍ မစားရလျှင်၊ ပြည့်ပြည့်ဝဝ စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြချေ။ အထူးသဖြင့် တောင်သူလယ်သမားနှင့် အလုပ်ကြမ်းသမားတို့အဖို့ ငပိသည် အဓိကအာဟာရပင် ဖြစ်သည်။

ငါး၊ အစိုကို ဆားဖြင့် အထပ်ထပ် သိပ်ထားလျှင်သော်၎င်း၊ ငါး၊ ပုစွန်၊ ကန်းနုစသည်တို့ကို ဆားပက်နေလှန်း၍၊ ဆုံဖြင့် ထောင်းထားလျှင်သော်၎င်း ငပိဟုခေါ်လေသည်။ ငပိကို မြန်မာတို့သာမက၊ ယိုးဒယားလူမျိုးများလည်း စားသုံးတတ်ကြသည်။ ငပိကို ယိုးဒယားဘာသာစကားဖြင့် ကပိ ဟု ခေါ်ဆိုသည်။ ယိုးဒယားငပိလုပ်နည်းနှင့် မွန်မြန်မာ ငပိလုပ်နည်းမှာ အတူတူပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် နေ့စဉ်စားသုံးသော ငပိကို အကြမ်းအားဖြင့် စိမ်းစားငပိ၊ မျှင်ငပိ၊ ဒမင်းငပိ၊ ရေကျိုငပိနှင့် ငါးကောင်ဟူ၍ ခွဲခြားနိုင်သည်။

စိမ်းစားငပိကို ဗုဇွန်ဆိတ်ကလေးများမှ လုပ်သည်။ တခါတရံ ဗုဇွန်ဆိတ်များသည် ငါးကလေးများနှင့် ရောနေတတ်သည်။ ဤသို့ဖြစ်လျှင် စိမ်းစားငပိကို ပုစွန်ဆိတ်နှင့် ငါးကလေးများမှ လုပ်ရသည်။ ယင်းတို့ကို နေပူတွင် ၃၊ ၄ ရက်မျှလှန်း၍၊ အတန်ငယ်ခြောက်လာသောအခါ ဆုံတွင် ထည့်၍ထောင်းရသည်။ အတန်ညက်လေမှ ဆားထပ်ထည့်၍ ကပ်ကောင်းရန် ပြန်လုပ်သည်။ ဆားသမသွားသည့်အခါ ငပိကို မြေအိုးတွင် အနည်းဆုံး ၃၊ ၄ လမျှသိပ်ထားရသည်။ ထိုအခါ ငါး၊ ပုစွန်တို့၏ အရိုးနှင့် အခွံများသည် ကြေပြတ်၍၊ ငပိမှာ စားသုံးရန် အဆင့် ဖြစ်လာသည်။ စိမ်းစားငပိကို မြိတ်နှင့် ထားဝယ်နယ်များတွင် လုပ်ကိုင်ကြ၍၊ ဒေသကိုအစွဲပြုကာ မြိတ်စိမ်းစားငပိ၊ ထားဝယ်စိမ်းစားငပိဟု ခေါ်ဝေါ်ကြလေသည်။

မျှင်ငပိကို ကျောက်ဗုဇွန်ဆိတ်ကလေးတမျိုးမှလုပ်သည်။ လုပ်နည်းမှာ စိမ်းစားငပိလုပ်နည်းနှင့် အတူတူပင်ဖြစ်သည်။ မျှင်ဗုဇွန်ဆိတ်နှင့်ဖမ်း၍ရသော မျှင်များကိုအစွဲပြု၍ မျှင်ငပိ ခေါ်ခြင်းဖြစ်သည်။ မျှင်ထဲတွင် အထက်ပါ ကျောက်ဗုဇွန်ဆိတ်အပြင် ကန်းကတ္တား၊ ငါးကလေးများလည်းပါဝင်သည်။ မျှင်ငပိမှာ ဘိုကလေး (ဖျာပုံနယ်)၊ လပွတ္တာ (မြောင်းမြနယ်)၊ သက္ကယ်သောင် (ပုသိမ်နယ်) တို့မှ အများအပြားဖြင့်ထွက်သည်။

ဒမင်းငပိမှာ ဒမင်းထောင်၍ဖမ်းရသောငါးကလေးအမျိုးမျိုးတို့ကို ကွဲနေရုန်း၊ ဆားပက်၍ ထောင်းယူရသောငပိ ဖြစ်သည်။ ငါးပေါသည့်အရပ်တိုင်း၌ ဒမင်းငပိလုပ်ကြသည်။

ရေကျိုငပိမှာ အရည်ကျို၍စားရသောငပိဖြစ်သည်။ ဟုဆိုသည်။ အချို့ကလည်း ရေချိုငပိဟု ခေါ်ကြသည်။ သို့သော် ရေကျိုငပိလုပ်သောငါးမှာ ရေချိုရေငန်နှစ်ဌာနမှရ သောငါးများဖြစ်သည်။ ထိုငါးများမှာ များသောအားဖြင့် အကောင်လတ်၊ အကောင်ကြီးများဖြစ်သည်။ ယင်းတို့ကို အရိုးကိုမြူး၍ ဖယ်ထောင်း၍ ငပိလုပ်သည်။ ရေကျိုငပိ ထဲတွင်၊ သုံးဦးစပ်ငပိမှာထင်ရှားသည်။ များသောအားဖြင့်ငရံ့၊ ငဖယ်နှင့်ငပြေမ ငါးသုံးမျိုးကိုစပ်၍လုပ်သော ငပိကို လူကြိုက်များသည်။ ထို့အပြင် ဆုံထုးငပိဟူ၍လည်း ရှိသေးသည်။ ဆုံထုးငပိမှာ အင်မတန်သန့်သောငါးဦးခေါင်းများကို ဆုံတွင်ထည့်ထောင်းရာ၊ မညက်တညက် လုံးထွေး နေသောအဖြစ်သို့ရောက်လာတတ်သည်။ ဆီသမသွားအောင် ဆက်ထောင်းလျှင်၊ ထောင်းထားငပိဟူ၍လည်း ပြန်ရသည်။ ငါးအကောင်အစား များမှလုပ်သော ငပိကိုလည်း ငပိကောင်ဟူ၍ခေါ်ကြ၏။ ယင်းသည်လည်း သုံးဦးစပ်ငပိ၌ အပါအဝင်ဖြစ်သည်။

ငါးကိုအကောင်လိုက်ဆားပက်၍ကျပ်နှိပ်ထားသောငပိကို ငပိကောင်ဟူ၍ခေါ်သည်။ ငပိကောင်လုပ်နည်းမှာ မျှင်ငပိ၊ ဒမင်းငပိ၊ ရေကျိုငပိလုပ်နည်းနှင့်မတူချေ။

မိသားစုဝင်များကို ငပိထုရန်ငါးနှင့် ငပိကောင်လုပ်ရန်ငါးဟူ၍ ရွေးချယ်ရသည်။ ထို့နောက်ငပိကောင်လုပ်ရန် ငါးများကို ရေစင်စင်ဆေးရသည်။ ရေစင်စင်ဆေးသည်ဟူသည်မှာ ငါး၏အကောင်ပေါ်၌တင်၍ ဆေးကြောခြင်းပင်ဖြစ်ပေသည်။ ရေစင်စင်ငါးများမှာ အမဲအသားများတည်း။ ခေါင်းဖြတ်ပြီး ငါးများဖြစ်သည်။ ထို့နောက်ငါးများကို ဝိုင်းပတ်ထဲတွင် ထည့်၍၊ အပေါက်ဖောက်ထားသည့်ယောကျ်ားနှင့်ပွေ့ရ၏။ သို့မှသာဆားကြေဇင်သည်။ ထို့နောက်ဆားနှင့်ဆေးရောင်းတောင်းပြီးလျှင်၊ ဆင့်နှင့်ဆားအဖြူများကျကျဆင်းအောင် ဆားပက်ပေး ရသည်။ ယင်းကိုရေထုတ်ဆားပေါက်ခြင်ဟူ၍ခေါ်သည်။ ထို့နောက်ထွန်းခြစ်၊ စက်ရောင်းတို့ဖြင့်ထုပေးရသည်။ ဤသည်ကိုငါးချိုး အညှိဟုခေါ်သည်။ ရေစင်၍ သွားသောအခါ ငါးများကိုရေစင်မှုဖျန်း၊ ဖျာသမတွင်းသို့အဆင့်ဆင့်ရေဖျန်းဆား ဖြူးပေးရသည်။ ဤသည်ကိုဆားကျကျအုပ်ဟူ၍ခေါ်သည်။ ပြာကျလျှင်လည်းဆား အသေအလဲစပ်၊ ဆားကလေးငပိရ အညှိ။ ယင်းသို့ငပိထုပ်၍ အိတ်သလုံးမှီအုပ်ဖြင့်နှိပ်ရ၏။ အိတ်သလုံးနှင့် ဆောင့်ပေးရသည်။ ငပိညှပ်မှဘယ်အစင် ပက်လက်ပုံ ဆောက်လုပ်ထားသည်ဖြစ်၍၊ ငပိများသော နေရာပုဂ္ဂိုလ်သည် ရောတန်လျှောက်မှစဆင့် ငပိပြာရည်အိုး ထဲသို့စီးဆင်းလေသတည်း။

ထို့နောက်ငပိကောင်ကို ရောင်းချဝယ်ယူ ဒေသထွက်ရသည်။ နေ့သောက်မြောင်းမှာ စည်အတွင်း၌သိပ်ပြီးဆားကို အပြင်ထုတ်၍ ရေယုရုန်မြှင့်ဖြစ်ပါသည်။ ထို့နောက်ဆားပြန်ကူပြီး၊ စည်ပြန်သိပ်ရသည်။ အကယ်၍အဆီရည်စိမ့်သွားလျှင်၊ ထပ်၍ ဆားဖြူးပေးရသည်။ အချို့အရပ်လူများက ဆန်မှုန့်ကိုဖြစ်စေ၊ ထောပတ်ရည်တမျိုးကိုဖြစ်စေ၊ ဆန်ကွဲတို့ကို ထည့်စပ်ရောင်းချလေ့ရှိသည်။

ငပိ၏အာဟာရဓာတ်များ

ငပိတွင်ရေ၊ ပရိုတင်းနှင့်တွင်းထွက်သတ္တုဓာတ်များပါရှိသည်။ တွင်းထွက်သတ္တုဓာတ်များအနက်ဆားအပြင် ကယ်လဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များလည်းပါဝင်သည်။ ထို့ပြင်သွေးကောင်းရန်အတွက် သံဓာတ်လည်းပါဝင်သည်။ ငပိတွင်ရေရာခိုင်နှုန်း ၄၀ မှ ၅၀ ထိ၊ ပရိုတင်းရာခိုင်နှုန်း ၂၀ မှ ၃၀ ထိ၊ လက်ဆီဖာရာခိုင်နှုန်း ၃ မှ ၄ အထိပါဝင်သည်။ စိမ်းစားငပိ၊ မျှင်ငပိတို့တွင်ဆားရာခိုင်နှုန်း ၁၀ မှ ၂၅ ရာခိုင်နှုန်း ပါဝင်သဖြင့် ငါးကောင်များတွင်ဆားရာခိုင်နှုန်း ၂၀ မှ ၃၀ အထိပါဝင်ကြသည်။ အသားနှင့်အဆီများလှသော ကြောင့်ငပိသည်အခြားအသားများနှင့်ထက် အမျှအသားတိုးစင်သည်။ ငပိအမျိုးအစားကိုလိုက်၍၊ ငပိတအောင်စလျှင် အပူဓာတ် ၃၁ ကယ်လိုရီမှ ၄၈ ကယ်လိုရီအထိ ပေးနိုင်သည်။ ဤအချက်တွင် ငပိသည်အမဲသား၊ ဆိတ်သားနှင့်ဝက်သားလောက်ပင်အာဟာရတန်ဖိုးရှိသည်။

ငပိတွင် ကယ်လဆီယမ်ဒြပ်စင်သည် ၁.၅ မှ ၂.၅ ရာခိုင်နှုန်းအထိပါသည်။ ဖော့စဖောရပ်မှာမူ ၀.၇၅ မှ ၁.၂၅ ရာခိုင်နှုန်းအထိပါသည်။ အစားအစာများတွင် ကယ်လဆီယမ် ရာခိုင်နှုန်းများသည် အောက်ပါအတိုင်းဖြစ်သည်။

နို့ ..................................................... ၀.၁၂%

ကြက်သွန်ဖြူ ........................................ ၀.၃၀%

နှမ်း ................................................... ၁.၄၅%

ဒန့်သလွန်ရွက် ....................................... ၀.၄၄%

တရုပ်နံနံရွက် ....................................... ၀.၂၃%

ပူဒီနာ ................................................. ၀.၂၀%

အထက်ပါရာခိုင်နှုန်းနှင့်ယှဉ်ကြည့်သော်၊ ငပိသည် ကယ်လဆီယမ်များစွာပါသည့်အစားဟု ဆိုနိုင်သည်။

ငပိများများစားရန်လိုသည်

လူ့ခန္ဓာကိုယ်သည် ကယ်လဆီယမ်ဓာတ်လုံလောက်စွာမရလျှင် ရောဂါအမျိုးမျိုးစွဲကပ်တတ်သည်။ လူကြီးတယောက်အတွက် တနေ့လျှင် ကယ်လဆီယမ် ၀.၆၈ ဂရမ်လောက်လိုသည်။ ကျွန်ုပ်တို့သည် ငပိကိုနေ့စဉ်စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကလိုအပ်သည့် ကယ်လဆီယမ်ဓာတ်ကို ပေါပေါ်နှင့် ဖြည့်စွက်ပေးနိုင်သည်။ ကယ်လဆီယမ်နှင့် ဖော့စဖောရပ်နှစ်မျိုးစလုံးပင် ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာစေသည်။ ထိုဓာတ်နှစ်မျိုးကို ခန္ဓာကိုယ်က လုံလောက်စွာ မရသော် ရစ်ကတ်ရောဂါ စွဲကပ်တတ်သည်။ လူကြီးတိုင်း နေ့စဉ် ဖော့စဖောရပ် ၁ ဂရမ်လောက် လိုသည်။ ငပိတွင် ကယ်လဆီယမ် ၂ ဆပါလျှင်၊ ဖော့စဖောရပ် ၁ ဆပါသည်။ သို့ရာတွင် ကယ်လဆီယမ် ၁ ဆနှင့် ဖော့စဖောရပ် ၂ ဆပါမှသာ အာဟာရ လုံလောက်သည်။ ကံအားလျော်စွာ၊ ကျွန်ုပ်တို့ နေ့စဉ်စားသော ဆန်တွင် ဖော့စဖောရပ်သည် ကယ်လဆီယမ်ထက် ပို၍ပါသည်။ စက်ကြိတ်ဆန်၏ ကယ်လဆီယမ်နှုန်းမှာ ၀.၀၁% ဖြစ်၍ ဖော့စဖောရပ်နှုန်းမှာ ၀.၁၅ % ဖြစ်ရာ ငပိနှင့် ထမင်းစားခြင်းသည် အာဟာရဖြစ်စေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ