Skip to main content

လျောက်လျား


ကွန်မင့်တခု = ကျွန်တော်တို့ဒေသမှာတော့ ရောက်ယားကို ကြုံတွေ့ရမယ့် ပြဿနာတခုအတွက် ကြိုတင်ပြင်ဆင်ထာခြင်းမရှိ ကြုံသလို ဆောင်ရွက်မည် ဆိုသော သဘောမျိုးသုံးခြင်းဖြစ်သည်။

ဟုတ်။

နောက်မှ လျောက်လျား (ရောက်ယား အသံထွက်)

လျောက်လျား = သဘောအလျောက်။ အခြေအနေအလျောက် ဖြစ်သလို။

သားကြီးကိုသာ၊ ပြည်နှစ်ရာ၏၊ ငယ်စွာသားကား၊ မလျောက်လျားခဲ့၊ သံ။ ၁၀၄။

ပွဲလျက် (ပွဲညှက်သံထွက်)

မုံ့တလျှက် = မုံ့ပြား (တယှက်သံထွက်)

လျှောက်¹ - ကြိ / လျှောက် / ၁။ မြင့်မြတ်သောသူအား ရိုသေစွာပြောကြားသည်။ ၂။ အစိုးရနှင့်သက်ဆိုင်သော လုပ်ငန်းတို့တွင် မိမိရခွင့်တစုံတရာအတွက် ပန်ကြားသည်။ (အလုပ်လျှောက်၊ ဝင်ခွင့်လျှောက်၊ မှတ်ပုံတင်လျှောက် စသည်ဖြင့် သုံးသည်။)

လျှောက်² - ကြိ / လျှောက် / ၁။ ရွေ့လျား သွားလာသည်။ ၂။ လမ်းကြောင်းတလျှောက် ပျံ့ရွေ့သွားသည်။ “အင်္ဂါကြီးငယ်သို့ လျှောက်၍တည်သောလေ။” စွယ်၊ ပ။ ၈၉။

- ကြိဝိ / လျှောက် / နေရာတကာ။ အနှံ့အပြား။ အမျိုးမျိုးအဖုံဖုံ။ (လျှောက်ပြော၊ လျှောက်လုပ် ဟူ၍ သုံးသည်။)

လျှောက်ထား - ကြိ / လျှောက်ထား / လျှောက် - ကြိ၊ ၁၊ ၂၊ နှင့် အတူတူ။

လျှောက်ထုံး - န / လျှောက်ထုံး / ရှေးက မြန်မာဘုရင်များအား မှူးမတ်ပညာရှိတို့က အကြောင်းအရာ အမှုအခင်း အရပ်ရပ်နှင့်ပတ်သက်၍ မှတ်သားဖွယ် အကျိုးအကြောင်း၊ အစဉ်အလာ လျှောက်ထားချက်။ ယင်းလျှောက်ထားချက်များကို စုပေါင်းရိုက်နှိပ်ထားသည့်ကျမ်း။

လျှောက်ပြန်သံပေး - န / လျှောက်ပျန်သန်ဗေး / အပျိုအိမ်ရှေ့၌ အသံပြုကာ ခေါက်တုံ့ခေါက်ပြန် သွားလာပိုးပန်းသူ။

လျှောက်လဲ - ကြိ / လျှောက်လဲ / အမှုအခင်း တစုံတရာနှင့်ပတ်သက်၍ အကြောင်းအကျိုး ဥပဒေ အချက်အလက် ချေပချက် စသည်တို့ကို တင်ပြသည်။ ဆင်ခြေတက်သည်။

လျှောက်လဲချက် - န / လျှောက်လဲချက် / အမှုအခင်းတစုံတရာနှင့်ပတ်သက်၍ အကြောင်းအကျိုး၊ ဥပဒေအချက်အလက် တင်ပြချက်။

လျှောက်လွှာ - န / လျှောက်လွှာ / အစိုးရလုပ်ငန်းဌာန တခုခုသို့ လုပ်ငန်းကိစ္စတစုံတရာအတွက် တင်ပြ သိစေချက်။ ယင်းအချက်ဖော်ပြပါရှိသောစာ။

လျှောက်လွှာစက္ကူ - န / လျှောက်လွှာစက်ကူ / လျှောက်လွှာရေးရာတွင် အသုံးပြုမြဲဖြစ်သော စာရေးစက္ကူ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ