ဒီနေ့ ဆွမ်းချိုင့်အလှည့်ကျသည်။ ဘုန်းကြီးကျောင်း ရောက်ကြသည်။
၂၀၁၃-၂၀၁၄ ခုနှစ်တုန်းက
နယူးဒေလီမြို့ကနေ ဗောဓိညောင်ပင်ပျိုကို
မရ ရအောင် နှစ်ကြိမ်တိုင် သယ်ယူလာခဲ့ရသည်။
ဗုဒ္ဓဂါယာမှာ စာလာသင်နေတဲ့ မြန်မာပြည်သား ဘုန်းတော်ကြီးတပါးက ပို့ပေးပါသည်။
ကျွန်တော့ရုံးအဖွဲ့သားတွေက ကိုင်းတွေဖြတ်၊ ဗူးထဲလုံအောင်ထည့်ပေးကြသည်။
မြေးအကြီးဆုံးနဲ့ တကြိမ်၊ ကိုယ်တိုင်တကြိမ် သယ်ယူခဲ့ပါသည်။
ဒီရောက်တော့ အကောက်ခွန်အရာရှိတွေ မျက်စိရှန်ကြသည်။
ကံတရားလည်း ပါမည်။
ဘုန်းကြီးကျောင်းမှာ လှူထားပါသည်။
ညောင်ပင်ဆိုတာ ပူတဲ့ရာသီသဘာဝကိုသာ ကြိုက်သည်။
အေးလာချိန်မှာ ကျောင်းအတွင်း သွင်းထားရသည်။
အခုကာလမှာတော့ သိမ်တော်အနီးမှာ ထားလို့ရသည်။
ဗောဓိညောင်ပင် အခုထိတော့ အသက်ရှင်နေသည်။
ဘုရားလက်ထက်က မဟာဗောဓိညောင်ပင်လည်း လူလုပ်ဘေး၊ သဘာဝဘေးတွေ တွေ့ခဲ့ရပါသည်။
စာဖတ်ရသူတွေ ဘေးအမျိုးမျိုး ကင်းကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment