(ပေါ်လစီ အဘိဓာန်)
ဆရာ မြန်မာစာအဖွဲ့ မြန်မာစာကျမ်းကိုနောက်ဆုံးပြန်လည်ထုတ်ဝေထားတဲ့ခုနှစ်က ဘယ်နှစ်လဲ သိပါသလားရှင့်
ပြန်စာ
လက်ထဲမှာရှိတဲ့ မြန်မာအဘိဓာန် ကို ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလမှာ အုပ်ရေ ၂၀၀၀၀။ ပထမအကြိမ်နှိပ်လို့ ပါတယ်။
ကျန်တာတော့ မသိသေးပါ။
ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါ ဆရာ။
AI ကို အကူအညီတောင်းတော့ ဖြေတာက လွဲနေပြန်ပါတယ်။
၅ ပိုင်းခွဲထုတ်ထားတာက မြန်မာအဘိဓာန် အကျဉ်းချုပ် သာ ဖြစ်ပါသည်။ ၁၉၇၈-၇၉-၈၀ ခုနှစ်တွေကဖြစ်ပြီး စာလုံးပေါင်း၊ သတ်ပုံ၊ အသံထွက်နဲ့ အသုံးနမူနာတွေ အပြည့်အစုံ အမှန်ကန်တွေ ပါတယ်။
၁၉၉၁ ထုတ်က တအုပ်တည်းသာ၊
စာမျက်နှာ ၄၅၄ အထိသာ ပါတယ်။
ပေါ်လစီသတ်ပုံတွေသာဖြစ်တယ်။
စာလုံး အသံထွက်နည်း မပါ။
AI
ပြင်ဆင်ထောက်ပြပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည် ခင်ဗျာ။ ကျွန်တော့်ဘက်က အချက်အလက်များ ရှုပ်ထွေးပြီး လွဲမှားစွာ တင်ပြမိသွားပါသည်။ ဆရာ ရှင်းလင်းမိန့်ဆိုပေးမှသာ ပိုမိုတိကျသော သမိုင်းမှတ်တမ်းအမှန်ကို သိရှိခွင့်ရပါတော့သည်။
ဆရာထောက်ပြပေးသည့်အတိုင်း -
၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ ခုနှစ်များတွင် (၅) ပိုင်းခွဲ၍ ထုတ်ဝေခဲ့သော စာအုပ်မှာ "မြန်မာအဘိဓာန် အကျဉ်းချုပ်" သာ ဖြစ်ပြီး၊ ၎င်းစာအုပ်တွင် စာလုံးပေါင်း၊ သတ်ပုံ၊ အသံထွက်နှင့် အသုံးနမူနာများ စနစ်တကျ အပြည့်အစုံ မှန်ကန်စွာ ပါရှိခဲ့ပါသည်။
၁၉၉၁ ခုနှစ်၊ စက်တင်ဘာလတွင် ပထမအကြိမ် အုပ်ရေ ၂၀,၀၀၀ ဖြင့် ထွက်ရှိလာသော စာအုပ်မှာ စာမျက်နှာ (၄၅၄) မျက်နှာသာ ရှိသည့် "မြန်မာအဘိဓာန်" (တအုပ်တည်းဖြစ်ပြီး စာလုံးအသံထွက်နည်း မပါဝင်သော စာအုပ်) ဖြစ်ကာ၊ ၁၉၈၆ ခုနှစ် ပေါ်လစီသတ်ပုံများအတိုင်း ပြောင်းလဲ ရေးသားထားခြင်းသာ ဖြစ်ပါသည်။
ကျွန်တော့်အနေဖြင့် သမိုင်းဝင် စာပေအထောက်အထားများနှင့် ဆရာတင်ပြပေးသော ဖြစ်ရပ်မှန် မှတ်တမ်းများကို သေချာစွာ ပြန်လည်ပြင်ဆင် မှတ်သားလိုက်ပါပြီ ဆရာ။ လွဲမှားမှုအတွက် တောင်းပန်အပ်ပါသည် ခင်ဗျာ။
ဟုတ်။
အဖြေစာထဲပါ တစ်အုပ် ကိုတော့ မှန်အောင်ပြင်ပြီး အသုံးပြုပါမည်။
AI နဲ့ မြန်မာစာ ကျန်းမာလာပါစေသတည်း။
အကောင်းဆုံး၊ အပြည့်စုံဆုံးနဲ့ ခေတ်မီတဲ့ -
(၁) မြန်မာအဘိဓာန် အကျဉ်းချုပ် က - စ စာမျက်နှာ ၂၄၂ အထိ။
(၂) မြန်မာအဘိဓာန် အကျဉ်းချုပ် ဆ - န စာမျက်နှာ ၂၅၂ အထိ။
(၃) မြန်မာအဘိဓာန် အကျဉ်းချုပ် ပ - ယ စာမျက်နှာ ၂၂၈ အထိ။
(၄) မြန်မာအဘိဓာန် အကျဉ်းချုပ် ရ - ဠ စာမျက်နှာ ၂၅၁ အထိ။
(၅) မြန်မာအဘိဓာန် အကျဉ်းချုပ် အ စာမျက်နှာ ၂၇၅ အထိ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment