Skip to main content

မရန်းသီး သံပရာသီး





ကွန်မင့်တခု = သံပရာ ပုရာလို့ရေးရ ရန်းသီး ရမ်းသီးလို့ရေးရ

ကွန်မင့်တခု = မရမ်းသီးလား မရန်းသီးလား ရမ်းသီးဟုသာ မှတ်ထားမိနေလို့ပါခင်ဗျာ

ပြန်စာ

အထောက်အထားတွေ တင်ပြလိုက်တယ်။ ဒါပေမဲ့ လူကြီးမင်းတို့သဘော။

၁။ "Screenshot 2024-02-27 224845.png" ပါ စာသား

မရန်းပင် – န / မယန်းဗင် / ဘဲဥပုံ အသီးလုံးငယ်များ ရာသီအလိုက် သီးသည့် ရွက်အုပ်ပင်စောက်ကြီး တမျိုး။ (အသီးစိမ်းတွင် ချဉ်၍၊ အမှည့်တွင် ထုံးခြောက်ရောင် ဝါဝင်းလျက် အတန်ငယ် ချိုသည်။)

မရန်းပြား – န / မယန်းဗျား / ၁။ မရန်းသီး ခွဲခြမ်း ဆာနွယ် အခြောက်။ ၂။ မရန်းသီးခွဲခြမ်း အခြောက်ကို အချိုစေးရည် သို့မဟုတ် အစပ်ဖြင့် ပြုလုပ်ထားသည့် စားဖွယ်။

၂။ "Screenshot 2022-12-09 001258.jpg" ပါ စာသား

ရန်း။ ။ရန်း=(အရောင်)=[ပေါ]။ ရန်းတား=(ကာဆီးစောင့်ရှောက်တားခြင်း)=[ပေါ]။ ခေါင်ရန်းပန်း။ ခြံစောင့်ရန်း။ ဆင်ကတ်လတ်ရန်း။ အိမ်လတ်ရန်း။ လှည်း စွယ်ရန်း။ ကြီရန်း။ စတုရန်း။ ခါးရန်းပတ်။ ခါးရန်းသီး။ ထုံးနုရန်း။ ခါးရန်းကြိုး။ မရန်းပင်။ ကျိုးရန်းပြာသာဒ်။ သက်တင်ရန်း။ အရန်းအတား။ စက်နုရန်း။ ကုလားနုရန်း။ ။

၃။ "Screenshot 2022-12-09 001503.jpg" ပါ စာသား

ရမ်း။ ။ရမ်းကား=(စော်ကားသည်)=[ပေါ]။ ရမ်းဘဲ=(သဘော)=[ပေါ]။ ရမ်းရမ်း=(အားရ နှစ်သက်သည်)=[ပေါ]။ ကိုယ်ရမ်းမသိ။ ကိုယ်လက်ရောင်ရမ်း။ ဟော့ရမ်း။ လူသရမ်း။ ပရမ်းပတာ။ ရွှင်အားရမ်း။ သမိန်ဘရမ်း။ ဗညားရမ်း။ ညောင်ရမ်းမြို့။ ကြွေ့ကြွေ့ရမ်းရမ်း။ ရမ်းပြီး။ ရမ်းရမ်းစိုစို။ ရမ်းရမ်းလေ့=(များသည်)=[ပေါ]၊ ပေါရမ်း=(မြှောက်ရမ်းသည်)=[ပေါ]။ ။

၄။ 

သံပရာ – န / သန်ဗယာ / အ ကိုင်း၊ အခက် တို့ တွင် ဆူးတက်

ကလေးများထွက်ကာ အရည်ရွှမ်း၍ အချဉ်အရသာရှိ အသီး

လုံးသီးသည့် အပင်တမျိုး။

သံပရာခွံဦးထုပ် – န / သန်ဗယာဂွန်အုတ်ထုတ် / အဝတ်၊ သက္က

လတ်စသည်တို့ဖြင့် သံပရာသီးခွံပုံ ချုပ်လုပ်ထားသော

ဦးထုပ်အပျော့စား။

သံပရာခွံဦးထုပ်

သံပရာဗိုင်း – န / သန်ဗယာဗိုင်း / သံပရာသီးခြမ်းပုံရှိသော ဒယ်

အိုး။ (ရှောက်ဗိုင်းဟုလည်း ခေါ်သည်။)

သံပရို – န / သန်ဗယို / သံပရာအမျိုးအစားဝင် အလုံးအနည်း

ငယ်လျား၍ အခွံထူသော အသီးသီးသည့် အပင်တမျိုး။

Gandaria မရန်းသီး https://burmese-spelling.blogspot.com/2022/12/gandaria.html

သံပရာ https://burmese-spelling.blogspot.com/2023/09/blog-post_131.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ