လယ်ထဲကပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
ဒီကဗျာထဲက "လယ်ထဲကပြန်" နဲ့ "လယ်ထဲကအပြန်"
အငြင်းပွားကြတယ်။
အ မပါရင် မှားတယ်လို့ ဆိုကြသေးတယ်။
ကျွန်တော့အမြင် မူရင်းကဗျာပါစာသားကို မူရင်းအတိုင်းသာ ထားသင့်တယ်။
ရေးတာက ကဗျာ။ စာစီစာကုံး မဟုတ်ပါ။
- မင်းပြန်ရင် လက်ဆောင်ပေးလိုက်ဦးမယ်။
- မင်းအပြန်မှာ လက်ဆောင်ယူသွားပါ။
- ပြန်လမ်း
- အပြန်လမ်း
- ပြန်ရာလမ်း
- တောအပြန် မောဟန်မပြ
- တောပြန်မှာ ဟင်းရွက်ခူးလာ
"ကဗျာမဟုတ်တဲ့ စာ"
တောကပြန်
မာန်တခွဲနဲ့
ယုန်ဆွဲလို့လာ။
အိမ်သူကြင်ကောင်း
မိသက်နှောင်း
ထောင်းကြော်လိမ့်မှာ။ ။
အဲလိုပါဘဲ။ ကဗျာ၊ သီချင်း၊ စာစီစာကုံး၊ သင်ပုန်းကြီး၊ ဝတ္ထု၊ သတင်း၊ အတင်းအဖျင်း ရေးသားနည်းတွေ မတူပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment