Skip to main content

အကြံပိုင်ပါပေ့ဗျား

ကလောင်အမည်: သီရိ (ဘုတလင်) ဖေါ်စပ်သည်။

ထုတ်ဝေမှု: သောကြာ စာစောင် (၁၉၆၂ ခုနှစ်၊ ဇွန်လ)

ကျောက်သင်ပုန်းပေါ်မှ ပုစ္ဆာဆန်း

မုံရွာ အမှတ်(၁) အထက်တန်းကျောင်းတွင် နေ့စဉ်ကဖြစ်၏။ တနေ့တွင် ကျောက်သင်ပုန်းကြီး (Black Board) ပေါ်၌ မည်သူရေးထားသည်မသိရသော ဂဏန်းတပုဒ်ကို တွေ့ကြရသည်။ စျေးတွက်ထက်ပင် ဂဏန်းကိုင်များလှသော ပုစ္ဆာဖြစ်ရုံမျှမက၊ အောက်ပိုင်းတွင် (စျေးသွားသူသို့....) ဟု ညွှန်းထားလိုက်သေးသည်။

ပေးထားသော ပုစ္ဆာ၏ဂဏန်းမှာ -

( ၀၆၀၆၇၅၄၇၇၅၆၄၇၇ ) ဝယ်ခဲ့ပါတဲ့။

အတည်ပေါက်လို ရေးသားသည့် အနှီပုစ္ဆာကို ကျနော်တို့တတွေ အမျိုးမျိုး ဖတ်ကြည့်ကြသည်။ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ စသည်စသည်ဖြင့် ဖြစ်၏။

လူပြိန်းအမြင်နှင့် အဖြေရှာပုံ

ထိုသို့ရှိခိုက် တထောင့်တွင် ထိုင်နေသော ငနဲသားတယောက်က (သူရေးထားသလားတော့မသိ) ဟဲ့ ဟဲ့ ... လုပ်ကာ -

“အမယ် ပြင်ယှိညာတွေ အဖတ်ခက်နေပြီထင်တယ်၊ ဒါလွယ်ပါတယ်ဗျာ့....။ ဝေဝေ့ကိုငမ်းနေသူ တယောက်ယောက်က ပိုင်စိုးပိုင်နင်း ရေးထားတာနေမှာ။ ကြည့်ပါလား.... ဝေဝေရေ၊ ငါးလေးရရ၊ ငါးခြောက်လေးရရ၊ ပါတဲ့.... အဟီး....ဟီး....”

အဲဒါနဲ့တွေ့ရကတည်းက ငယ်ငယ်တုန်းက ကြားဖူးခဲ့သည့် (မကရင်မ ကရင်ကမကရင်ကရင်ကြီးကရိုက်လိမ္မယ်) ဆိုတာထက်ပင် ပို၍ ရယ်ရပါတော့သည်။ 

Listener's Heaven Audiobooks - အသံစာအုပ်

ကျေးဇူး။

AI မသိသေးတာတခု ပြောရဦးမယ်။

မုံရွာမှာ အဲဒီတုန်က စတိတ်ဝမ်း နဲ့ စတိတ်တူ လို့ ရှိတယ်။ ဝမ်းကျောင်းက မီးခိုးရောင် ပုဆိုးနဲ့ ထဘီ ဝတ်ကြရပြီး၊ တူးကျောင်းက ခရမ်းရောင် ပုဆိုးနဲ့ ထဘီ ဝတ်ကြရတယ်။

ဝက်စလီအလယ်တန်းကျောင်းကနေ စတိတ်သရီးဖြစ်လာတယ်။ အဲဒီခေတ်မှာတော့ အဖြူ၊ အစိမ်းခေတ်ရောက်ပြီ။

စတိတ် ဝမ်း၊ တူး၊ သရီးက ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ နေကောင်းကြပါစေ။

အဲဒီခေတ်မှာ ဝမ်း၊ တူး၊ သရီး လို့ခေါ်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ