၁။ အရေးအသားဆို နှင့် အပြောစာသားဆို နဲ့ လို့သင်ဖူးလို့ဆရာဆရာရေးထားသော "ဆေးရုံတက်တာနဲ့ တူသည်"က နဲ့ကအမှန်လား နှင့်ကအမှန်လားဗျ
၂။ ဆရာ နှင့် ရယ် နဲ့ ရယ်ကို
ဘယ်လိုခွဲခြားပြီး အသုံးပြုရပါသလဲခဗျာ။ ရောပြီး သေချာကို မခွဲဘူးဖြစ်နေလို့ပါဗျ။
၃။ ဆရာ မင်္ဂလာပါရှင့် 'နှင့် ၊ နဲ့' ကွာခြားပုံ အသုံးပြုပုံလေး
ရှင်းပြပါအုံးရှင့် ကျေးဇူးပါ။
ပြန်စာ
နဲ့
နှင့် စာတွေကို ၄-၅ ခါတော့ တင်ပြထားပါသည်။ စာ၊ စကား၊ ကဗျာ၊ သီချင်း
မတူတာတွေရှိသည်။ အဘိဓာန်နဲ့ သတ်ပုံကျမ်းတွေမှာ အများအားဖြင့်
စာကိုသာဖေါ်ပြလေ့ရှိသည်။ ရှင်နဲ့ကျမ၊ မင်းနဲ့ငါ။ မောင်ဘနှင့် မောင်လှ။
နဲ့
ချည့်နဲ့နဲ့သာ
ကျန်တော့သည်
ထော့နဲ့ထော့နဲ့
သွားနေသည်
ဒါနဲ့
စကားမစပ်
နဲ့
မင်းနဲ့ငါ
မိုးနဲ့မြေ
လှုပ်တိုင်းနဲ့သည်
သည်အဝတ်အစားနဲ့
လှသည်
သွားနဲ့သည်
သူနဲ့သာဆိုရင်
နှင့်
ကိုယ်နှင့်မဆိုင်
ခွင့်မပိုင် ဆွဲကိုင်မကြည့်ရ
ကျန်းမာရေးနှင့်
ပတ်သက်သော
ဆရာဝန်နှင့်
လူနာ
ဆရာနှင့်
တပည့်
ဇနီးနှင့်
ခင်ပွန်း
ပညာရေးနှင့်
သက်ဆိုင်သော
ဘာသာရေးနှင့်
မဆိုင်သော
မင်းသားနှင့်
မင်းသမီး
မလာသည်နှင့်
ပြန်သွားပြီ
ရန်သူနှင့်
မိတ်ဆွေ
ရုရှားနှင့်
အမေရိကန်
လူမိုက်နှင့်ငွေ
အတူမနေ
လူကောင်းနှင့်
လူဆိုး
သားနှင့်
သမီး
အစိုးရနှင့်
ပြည်သူ
အဆိုးနှင့်
အကောင်း
အတိတ်၊
ပစ္စုပ္ပန်နှင့် အနာဂတ်
အနာနှင့်ဆေး
တည့်အောင်ပေး
အဖြူနှင့်
အမည်း
အရင်သွားနှင့်ပြီ
အမေနှင့်
အဖေ
မေးခွန်းနှင့်
အဖြေ
မောင်ဘနှင့်
မောင်လှ
နှဲ့၍
နဲ့
နုန့်နဲ့သည်
နင့်
စားပို့နင့်တတ်သည်
နင့်နေအောင်
မစားရ
နင့်နင့်သီးသီး
မပြောအပ်
လူဆိုးတွေနဲ့မောင်တိုင်ပင်
(ရေး ဟင်္သာတမြင့်ငွေ)
မြန်မာစာပေတွင်
"နှင့်" နှင့် "နဲ့" တို့သည် အဓိပ္ပာယ်ချင်း တူညီကြသော်လည်း
အသုံးပြုသည့် နယ်ပယ် (Register) ကွဲပြားပါသည်။
၎င်းတို့၏ ကွဲပြားမှုကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည် -
၁။
ရေးထုံးဆိုင်ရာ ကွဲပြားမှု (Formal vs. Colloquial)
နှင့်
(စာရေးထုံး): ဤသည်မှာ ရုံးသုံးစာ၊ ကျောင်းသုံးစာအုပ်၊ သတင်းစာနှင့်
စာပေအရေးအသားများတွင် အသုံးပြုသော "စာကိုယ်" စကားလုံး ဖြစ်ပါသည်။ (ဥပမာ
- "မောင်မောင် နှင့် အောင်အောင်တို့ ကျောင်းသွားကြသည်။")
နဲ့
(စကားပြောထုံး): ဤသည်မှာ နေ့စဉ်လူမှုဘဝ ပြောဆိုဆက်ဆံရာတွင်လည်းကောင်း၊ ဝတ္ထုများ၏
အပြောစကား (Dialogue) များတွင်လည်းကောင်း
အသုံးပြုသော "စကားပြော" စကားလုံး ဖြစ်ပါသည်။ (ဥပမာ - "မင်း နဲ့ ငါ
နဲ့ တူတူသွားကြမယ်။")
၂။
အနက်အဓိပ္ပာယ်နှင့် အသုံးပုံ (Grammatical Functions)
၎င်းတို့ကို
အဓိကအားဖြင့် အောက်ပါနေရာ ၃ ခုတွင် အသုံးပြုလေ့ရှိသည် -
ဆက်သွယ်ခြင်း
(Conjunction): နာမ်
တခုနှင့် တခုကို တွဲစပ်ရာတွင် သုံးသည်။
စာ:
"လက်ဖက် နှင့် ဆေးလိပ်။"
စကား:
"လက်ဖက် နဲ့ ဆေးလိပ်။"
အတူတကွရှိခြင်း
(Accompaniment): တစုံတယောက်
(သို့မဟုတ်) တစုံတခုနှင့် အတူရှိခြင်းကို ပြသည်။
စာ:
"မိဘများ နှင့် အတူနေထိုင်သည်။"
စကား:
"မိဘတွေ နဲ့ အတူနေတယ်။"
အကြောင်းပြချက်
သို့မဟုတ် ကိရိယာ (Instrumental): အရာဝတ္ထု
တခုခုကို အသုံးပြုခြင်းကို ပြသည်။
စာ:
"ဓား နှင့် ခုတ်သည်။"
စကား:
"ဓား နဲ့ ခုတ်တယ်။"
၃။
သတိပြုရန်အချက်
ယခုခေတ်တွင်
ဒေတာညစ်ညမ်းမှု (Data Pollution) များကြောင့်
စာရေးထုံးတွင်ပင် "နှင့်" ကို အသုံးနည်းလာပြီး "နဲ့" ကိုသာ
အစားထိုးသုံးနှုန်းနေကြသည်ကို တွေ့ရပါသည်။ သို့သော် ခိုင်မာသော စာပေစံနှုန်းကို
ထိန်းသိမ်းလိုလျှင် -
စာရေးသားရာတွင်
"နှင့်" ကို သုံးရန်။
စကားပြောဆိုရာတွင်
"နဲ့" ကို သုံးရန် ဖြစ်ပါသည်။
နှင့်
နဲ့ နင် နင့် နက် https://burmese-spelling.blogspot.com/2022/10/blog-post_268.html
နှင့်
နဲ့ နင် နင့် နက် https://burmese-spelling.blogspot.com/2022/12/blog-post_963.html


Comments
Post a Comment