Skip to main content

မြန်မာစာဂုဏ်ထူး

ကွန်မင့်တခု = ကျမဘွဲ့ရပြီးနောက် အလုပ်ဝင်ချိန် ၁၉၇၀ ၇၁ လောက်စပြီး တစ်ကြိုမေးခွန်းတွေနဲ့ ကျူရှင် ခေတ်စားလာကြပါတယ်။ တစ်ကြိုလို့သာဆိုတယ်၊ ဘယ်သူနဲ့ ဘယ်လို ပေါင်းစား၊ ဘယ်သူ့သားသမီးဆီက ဘယ်လိုမေးခွန်းရကြ ပြီး ဂုဏ်ထူးဆိုတာ အပေါစားဖြစ်လာပါတယ်။ တတ်သလားမေးရင် ဖြေပြီးတာနဲ့ ဘာမှ မသိကြတော့ပါဘူး။

ကွန်မင့်တခု =ကျွန်တော်ရော ကျွန်တော့်သမီးပါ မြန်မာစာ ဂုဏ်ထူးထွက်ပါတယ် ကျွန်တော်က စိတ်ကြိုက်မြန်မာစာ ဂုဏ်ထူး သမီးက မြန်မာစာ ဂုဏ်ထူး

ကွန်မင့်တခု =သမီးကြီးဆယ်တန်းမှာ မြန်မာစာကလွဲရင်အားလုံးဘာသာဂုဏ်ထူးထွက် ရူပဗေဒ ၉၇မှတ်ရ။

(၁)

ကွန်မင့်တူတွေကို စုထားတာသာဖြစ်ပါတယ်။

တချို့တော့ တကယ်တော်ကြပါလိမ့်မယ်။

ကျွန်တော်တို့ဆယ်တန်းအောင်တဲ့ မုံရွာ၊ စတိတ်တူးကျောင်းကနေ မောင်သိန်းနိုင်က မြန်မာစာဂုဏ်ထူးရတယ်။ တပြည်လုံးမှာ သူတယောက်ဘဲရတာ။ နောက်တော့ ဂုဏ်ထူးဦးသိန်းနိုင်ဖြစ်လာပါတယ်။ ကွယ်လွန်တာ မကြာလှသေးပါ။

သူက မြန်မာစာ တကယ်တော်တာ။

(၂)

အခုကတော့ "တစ်ကယ်" ခေတ်။

"တစ်ကယ်" လို့ ရေးမှလည်း "တစ်"သက်တာ စာပေဆု ရတဲ့ခေတ်။

ဆရာအောင်သင်းက "တသက်တာစာပေဆု" နောက်ဆုံးရတဲ့ပုဂ္ဂိုလ်။

(၃)

တွေ ကို တေ၊ ဖြစ် ကို ဖစ် လို့ရေးသူတယောက်ကို ပြင်ပေးတော့ သမီးက မြန်မာစာဂုဏ်ထူးရထားတာတဲ့။

သူလို ကျောင်းသူတွေကို ဂုဏ်ထားပေးတဲ့ ပါမောက္ခတွေကလည်း

မှာ ကို မာ

ပါပြီ ကို ပါပီ

သေ ကို -သ

သတ် ကို -တ်

လို့ ရေးကြလိမ့်မယ်ထင်တယ်။

"မန်မာပီ" က "မန်မာစာ"

(၄)

ကျပ်ငွေတန်ဖိုးနဲ့ ဂုဏ်ထူးအရေအတွက် တိုက်ရိုက်အချိုးကျသလား မသိ။ သုတေသနလုပ်မှာသာ မှန်လိမ့်မယ်။

ဂုဏ်ထူးအစစ်နဲ့ ထိုက်တန်တဲ့ မြန်မာစာ အသက်ရှည်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ