ကျွန်တော်တို့ ကျောင်းသားဘဝမှာ ယာဉ် ၃ တန် ကုန် ၃ တန်၊ ယာဉ် ၂ တန် ကုန် ၂ တန်လို့ရေးထားတဲ့ ကားမျိုးတွေကိုသာ အားထားခဲ့ကြရတယ်။
ဒါပေမဲ့
ယာဉ် 3 တန် ကုန် 3 တန်၊ ယာဉ် 2 တန် ကုန် 2 တန်လို့ မရေးကြပါ။
အခုခေတ်မှာ ၁-၂-၃-၄ ကို မသုံးကြတော့ပါ။
ယာဉ်သုံးတန် ကုန်သုံးတန်
စစ်ကျန် ချက်ပလက်ကား
ဘယ်ကိုသွားသွား။
ခေါင်မိုးပေါ်လိုက်
ကားနောက်မြီးဆွဲလိုက်
ဆန်အိတ်ပေါ်ထိုင်
ဂီယာတိုင် ခွထိုင်။
အင်ဂျင်က ပူ
ရေက ဆူ
နေက ပူ။
လမ်းဘေးရေအိုးစင်ရောက်
အုန်းမှုတ်ခွက် ဝါးရိုးတပ်နဲ့ မတ်တတ်သောက်။
ခွက်ပျောက်သည် မရှိ
ရေနောက်သည် မရှိ
ရေကတဆင့်ကူးစက်ရောဂါ ရသူမရှိ
ဆေးကျောင်းသားမှာ ပေးစရာ သာလာဆပ်သာရှိ။
ကျောင်းသား၊ တောသား၊ မြို့သား မြန်မာစာကိုတော့ မှန်အောင်ရေးတတ်ကြပါ၏။
မှတ်ချက်
သာလာဆပ် = ဆာလ်ဖါခေါ် ကန့်ဓါတ်ပါ BPI ထုတ် ပိုးသေဆေးပြား။
၄-၂-၂ နည်းနဲ့ ပေးရ၏။ 4-2-2 မဟုတ်ပါ။
ကဗျာ မဟုတ်ပါ။ အဖြစ်မှန် မြန်မာ့သမိုင်းစာ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment