ကွန်မင့်တခု = စာဖျက်ကောင်တွေ များလာပြီဆရာ။ နိုင်သလောက်တော့ သတ်ပုံတွေ တည့်မတ်ပေးနေပါတယ် လယ်ဆင့်ကလေးတွေကို။
သတိတော့ ပေးရပါဦးမည်။
လက်ရှိ မြန်မာ့ကျောင်းသင်ပညာရေးက အတော်ကို ဂွကျတယ်။
စာလုံးပေါင်းသတ်ပုံတွေကို စံကိုက်အတိုင်း သင်ပေးလို့မရ၊ ပြင်ပေးလည်း လက်တွေ့မကျပါ။
ကျောင်းကခိုင်းတဲ့အတိုင်းသာ တစ်ဆိုရင် တစ်ပေတော့။
ပထမဆို ပဌမ မလုပ်ရ။
ဓား လွဲရင် ဓါးလည်းမရ၊ ဒါးဆို ဝေးရော။
သမတ မ ၂လုံးမဆင့်မိရင် အမှတ်မရ။
နောက်တချက်
ကျောင်းစာအုပ်ထဲပါ ဂန္ထဝင်ကဗျာတွေကို မူရင်းအတိုင်း မဟုတ်အောင်ပြင်ထားတယ်။
မူရင်းအတိုင်းပြင်ပေးရင် စာမေးပွဲကျနိုင်တယ်။
နှစ်ခါလောက် တင်ပြထားသလို -
ကမ္ဘာကြီးသည် အိမ်မှာ လုံးဝန်း၍၊ ကျောင်းမှ ပြားချပ်နေပါသည်။
ကျောင်းမှာ မမှန်စေနဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment