မပြတ်တဲ့ 'ဒိုး' မွှေ သံ။
ရှေးရိုးရာ နည်းမပျက်
'စည်းချက်' မှန်မှန်။
လင်းကွင်းကညံ
နွဲ့ပြန်သည့် ကိုရွှေနှံ။
နှစ်သစ်ဆို လတန်ခူးမို့၊
မြူးကြသည့်ပွဲ။
'ကိုဖုန်းမောင်'လူပျိုသိုးက
ကကြီးညက် စုံအလင်။
သောရွှင်ကာ သူကျိတ်မှိတ်
ရှက်စိတ်ကိုနှင်။
မြူးကြွတဲ့ သူ့ပုံသွင်
ရယ်ရွှင်ဖွယ် အလွန်ကောင်း။
လူပျိုဖြူ ဖော်တသိုက်က
ပွဲကြိုက်လို့တောင်း။
ကကြီးစုံ တေးချင်းထပ်မို့၊
ရပ်ကြစို့ ညီစေနော်။
စားကြမယ်ပျော်တပြုံးပြုံး
မုန့်လုံးရေပေါ်။
ခေါ်သူက ခေါ်
ဖော်ရွေစွာ ကျွေးမွေး။
စေတနာအလွန်ကောင်းမို့၊
ခေါင်းမဖော် လွှေး။
ကိုဖုန်းမောင်၊ အစားကောင်းက
ပါးဖောင်းမျှ ကျုံးတုတ်နေ။
မုန့်ပွဲတွေ လိုက်လိုက် ကမ်းယင်း
မှန်းမိ အပျိုတွေ။
တီးတိုးသံ ညံဝေ
ယောင်ပေပေခြေရှုပ်။
အစားသန် အထာမသိတော့
ထိပေါ့ ငရုတ်။
ကိုဖုန်းမောင်၊ ရှူးရှူးရှဲရှဲ
ဝူးကနဲ ထလို့အော်။
အပျိုစင် ဖော်တသိုက်က
ဟားတိုက်လို့ ပျော်
စားကြပါတော်
ရေပေါ်တဲ့ မုန့်လုံး။
အခါတွင်းမေပမို့၊
စိတ်ရင်းစေတနာဝေကြဲ
သဒ္ဓတွေအမှန်တက်ခါဖြင့်
မြန်မာပြည် သင်္ကြန်ရက်မှာ
စိတ်လက်ရွှင် မဆုံး။ ။
မောင်တင်ခက် (လက်ပံတန်း)
သင်္ကြန်ကာလတော့ မဟုတ်ပါ။ ပုံကို မြန်မာစာကို အလေးထားသူတယောက်က ပို့ပေးတယ်။ ကျေးဇူး။
လက်ပံတန်းမှာ သတ်ပုံမှန်အောင်ရေးတတ်သူ ရှိပါသေးသလား။
နေပြည်တော်မှာတော့ မှန်အောင်မရေးရ၊ မှန်တာမပြောရ၊ မှန်တာမလုပ်ရ။
တခြားမြို့ရွာတွေနဲ့ နိုင်ငံတကာမှာတော့ ကိုယ်တိုင်သာ မှန်အောင်မရေးရ၊ မှန်တာမပြောရ၊ မှန်တာမလုပ်ရ လုပ်ထားကြလေရဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment