Skip to main content

တထောင်









မေးခွန်းတခု = တထောင်   နဲ့ တစ်ထောင် ဘာကွာလို့လဲ ဆရာ 

ပြန်စာ

၁။ စသတ် ပါတာနဲ့ မပါတာ ကွာပါသည်။

၂။ ဘဏ်မှာ စသတ်မပါရင် ငွေသွင်းလို့မရ၊ ငွေထုတ်လို့မရနိုင်။

၃။ ရုံးတွေမှာ စသတ်မပါရင် ထုချေလွှာအတောင်းခံရနိုင်သည်။

၄။ တဝမ်းပူတွေကို စသတ်ခြင်းသည် 

(က) နိုင်ငံတာ်မူဖြစ်၏။

(ခ) ပေါ်လစီမူဖြစ်၏။

(ဂ) လူအများစုက အဟုတ်ထင်နေကြ၏။

(ဃ) တစ်လို့ရေးမှသာ မြန်မာစာဂုဏ်ထူးရနိုင်၏။ 

(င) လူကြိုက်များ၏။ 

(စ) စာအုပ်ထုတ်လို့ရနိုင်၏။ 

(ဆ) ၂၀၀၈ ဖွဲ့စည်းပုံနှင့်ညီ၏။

(ဇ)

ဒိဋ္ဌိသတ် တဏှာသတ်

မိတ်ဆွေ။ ။ ကောင်းပါတယ် ခင်ဗျား။ ဒါပေမဲ့ အတုနဲ့ အစစ်ကို ခွဲခြားနိုင်ဖို့ အတွက် တိုင်းထွာရန် ဉာဏ်ပေတံ ကလေးများ ရှိသေးရင် “ဆရာစား” ချန်မထားဘဲ ပြောကြားစမ်းပါ ခင်ဗျား။

အလကား ပဲတင်း

မိုးကြိုး။ ။ “ပရိယာယ် တထောင် မာယာတသိန်း အလန်း အနန္တ” ဆိုတာလို ယခုခေတ်ဟာက အတု အယောင်တွေ ပေါများတဲ့ခေတ် ဖြစ်လေတော့ ကျွန်တော် လက်သုံးပြုတဲ့ ဘုရားဟော ဉာဏ်ပေတံသုံးချောင်းနဲ့ သဲအင်းဂူ ဆရာတော်ရဲ့ ခန္ဓာကိုယ်တွေ့ ဉာဏ်ပေတံ တချောင်းကို “အလကားပဲတင်း” နဲ့ ပေးပါမယ်ခင်ဗျား၊ ကြိုက်ရင်ယူ မကြိုက်ရင် မယူနဲ့ပေါ့။

ကေသမုတ္တိသုတ်

အရိယာ သူတော်ကောင်း ဟုတ်-မဟုတ်ကို တထစ်ချ ဆုံးဖြတ်နိုင်သော ဉာဏ်မရှိကြတဲ့ ပုထုဇဉ်များကိုဟာ ဘုရားဟော ကေသမုတ္တိသုတ်မှာ လာသော ထုံးနည်းအတိုင်း လိုက်နာ ကျင့်သုံး သင့်ကြပါတယ်။

အခါတပါး၌ မြတ်စွာဘုရားဟာ ကာလာမမင်းတို့ နေထိုင်ရာ ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူပါတယ်။ ထိုအခါ ကာလာမမင်း အချို့တို့ဟာ မြတ်စွာဘုရားအား ရိုခိုးပြီး-

တထောင် https://burmese-spelling.blogspot.com/2023/07/blog-post_8.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ