တက္ကသိုလ်မောင်မောင်ကြီး
အသုံးချမြန်မာစာ
စာပေဆောင်းပါးများ
ပညာပြည့်ဝ
နှလုံးလှ
နှလုံးလှစာပေဖြန့်ချိရေး၊ အမှတ် ၅၊ လမ်း ၃၀၀၊
ကန်တော်ကလေးစာတိုက်၊ ရန်ကုန်မြို့။
ဖုန်း - ၁၂၉၇၁
(ဘယ်ဘက်စာမျက်နှာ - နှိပ်မှတ်တမ်း)
ပုံနှိပ်ခြင်း
ပထမအကြိမ်။ ။ ၁၉၇၀-ခု၊ ဒီဇင်ဘာလ
အုပ်ရေ
သုံးထောင်
ကဗျာကန့်
ဘသစ်နှင့် သားများ
မျက်နှာဖုံး
ဦးအုန်းလွင်
အဖုံးရိုက်
လုပ်သားပုံနှိပ်တိုက်
ဦးချစ်အောင် (၀၂၀၇ မြ) လုပ်သားပုံနှိပ်တိုက် အမှတ် ၅၊ လမ်း ၃၀၀၊ ကန်တော်ကလေး ရန်ကုန်က ရိုက်နှိပ်၍၊ ဦးစိန်လွင် (၀၃၆၃ မြ) အလိမ္မာစာပေ အမှတ် ၅၊ လမ်း ၃၀၀၊ ကန်တော်ကလေး ရန်ကုန်က ထုတ်ဝေသည်။
ခွတ်လတ် နှင့် ခုလပ်
သက်ကြီး လုပ်သားသင်တန်းတခုတွင် မြန်မာစာ အရေးအသားနှင့် စပ်လျဉ်း၍ သတိထားစရာ ရှောင်ရှားစရာ လိုက်နာကျင့်သုံးစရာတို့ကို တတ်သရွေ့ မှတ်သရွေ့ နည်းပြသင်တန်းကျွန်တော် ပို့ချနေပါသည်။
သင်တန်းသားများနှင့် စပ်မိစပ်ရာ ဆွေးနွေးနေကြစဉ် သင်တန်းသားတဦးက ဆရာရေးတဲ့ မြကန်ဆောင်းပါးထဲမှာ လမ်းခွတ်လတ် အုတ်ကျောင်းဇရပ်တွင် တထောက်နားသည်လို့ ဆရာ ရေးသားထားပါတယ်။ ကျွန်တော့်အနေနဲ့ ခွတ်လတ်ဆိုတဲ့စကားကို မတွေ့ဘူးပါဘူး။ ကျွန်တော်တို့ ရေးနေကျကတော့ ခုလပ်ပါဆရာ။ ဆရာ့စာလုံးပေါင်းကို တဆိတ်ရှင်းပြပါဆရာဟု တောင်းပန်ပါသည်။
တပည့်ရာ။ ခွတ်လတ်ဆိုတာ ဆရာ့ စာလုံးပေါင်း မဟုတ်ပါဘူး။ ရှေးပုဂ္ဂိုလ်အချို့ ရေးခဲ့တဲ့ စာလုံးပေါင်းပါ။ ဆရာတို့နဲ့ အနီးစပ်ဆုံးစော်က မန်လည်ဆရာတော်ဘုရားဟာ သူ့မဃဒေဝလင်္ကာသစ်ပုဒ်ရေ ၁၉၇မှာ သုံးလူ့ ပတ္တမြား၊ မြတ်ဘုရားလျှင်၊
၉၃ | အသုံးချမြန်မာစာ ဒေသေဆောင်ပါးများ
မိုးများခွတ်လတ်၊ ယူဂန်ထွက်ကာ၊ နေနတ်လူလင်း၊ ထွန်းသောသွင်သို့ လို့ စပ်ဆိုတော်မူပါတယ်။
အဲဒီလင်္ကာကို တက္ကသိုလ် မြန်မာ အဘိဓာန် အပိုင်း ၂ (ခန္ဓာစု) စာမျက်နှာ ၃၂၂ မှာ ခွတ်လတ် ဆို၊ အစနှင့် အဆုံး အကြားရှိ အလယ်အရပ်လို့ အဓိပ္ပာယ်ပေးပါတယ်။
တောင်ခွတ်လတ်တွင် ကျောက်တလုံး ဆီး၍ ခံလင့် သဖြင့် ဟူသော ရေးထုံးကိုလည်း ပကိဏ္ဏကာ ဒီပက ကျမ်းတွင်ရေး ကြောင်းကိုလဲ ဖြည့်စွက်ဖော်ပြပါတယ်။
အဲဒီစပ်ထုံး နှစ်ခုကို စဉ်းစား ကြည့်တဲ့အခါ မိုးခွတ်လတ်၊ တောင်ခွတ်လတ်ဆိုတဲ့ အသုံးရှိကြောင်း သိရပါတယ်။ ရေးထုံး ကလေးတခု ပျောက်မသွားအောင်ဆိုတဲ့ စေတနာနဲ့ ဆောင်း ပါးရေးခဲ့တုန်းက ဆရာသည့်ရေးခဲ့တာပါလို့ တပည့်ကို ဖြေပါ သည်။
အဲဒီစာလုံးပေါင်းက ဆန်းနေလို့ မေးမိတာပါ ဆရာရယ်။ ကျွန်တော်တို့က စာပေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့် မရ ပါ ဘူး ဆရာ၊ ဆရာနဲ့ တွေ့တုန်း နှုတ်ချင်သားချင်လို့ မေးတာပါ ဆရာ၊ စိတ်မရှိပါနဲ့။ ဒီခွတ်လတ်ဆိုတဲ့စကားက ဘယ်လို အလယ် အရပ်လို့ အဓိပ္ပာယ်ရောက်လာတယ်ဆိုတာ ဖွင့်ပါဦး ဆရာဟု ထပ်လောင်း ပန်ကြားပါသည်။
တပည့်ရာ၊ လတ်ဆိုတဲ့ စကားကိုဘဲ နေ့စဉ်ပြောတဲ့ အသုံး အနှုန်းမှာ ဘယ်လိုအဓိပ္ပာယ်နဲ့ သုံးတယ်ဆိုတာ စဉ်းစားကြည့် ရော့မလားဟု သူ့ကို အစဉ်းစားခိုင်းပါသည်။
သုသည်မဆိုင်းမတွပင် အလယ်အလတ်၊ လတ်လတ်ဆတ်ဆတ် လတ်တလော၊ သက္ကလတ်လို့ မှတ်မိသရွေ့ ရွတ်ပါသည်။
၉၄ | တက္ကသိုလ်မောင်မောင်ကြီး
တော်ပြီတပည့်။ လတ်ဆိုတာ ဘယ်လို အဓိပ္ပာယ် ရသလဲဟု သူ့ကိုမေးပါသည်။
အလယ်ပေါ့ဆရာဟု ဖြေပါသည်။
ဒါပေါ့တပည့်ရာ။ လူလတ်၊ မြေလတ်၊ ညီလတ်ဆိုတာတွေပေါ့။ ယနေ့အထိ အလယ်ဆိုတဲ့ အသုံးကို အလတ်ဆိုတဲ့ အသုံးနဲ့ အလဲအဖလှယ်သုံးနေတာ ထင်ရှားပါတယ်။ အေး ခက်တာက ခွတ်ဆိုတဲ့ စကားဘဲ။ အတွေးရခက်ပါတယ်။ ဒီသိတဲ့ ခွတ်က ကြက်ခွတ်ဘဲ သိတာဝဲ။ ခွတ်ကို အသုံးနည်းပါတယ်။ ရှေးစာဆိုတွေတောင် တယ်မစပ်ကြပါဘူး။ ဒါပေမဲ့ ဆရာစဉ်းစားကြည့်တာက မှားမလားတော့မပြောတတ်ဘူး။ စာလုံးသဘောကို စဉ်းစားကြည့်တာပါ။
ဆရာ တွေးကြည့်တာက အဝတ်ဆိုတဲ့စကားပါဘဲ။ ပေါရာဏ အဘိဓာန်တွေက အဝတ်ကို အများလို့ အဓိပ္ပာယ် ပေးကြတယ်။ ဆရာသိတဲ့ အဝတ်က စုတ်ချာချာ၊ စုတ်စုတ်ပြတ်ပြတ်၊ အမွေးစုတ်ဖွား၊ စုတ်တံ၊ ကြက်စုတ်၊ နှာပြည်စုတ်၊ အိမ်မြှောင်စုတ်ထိုးတို့ကိုသာ သိပါတယ်။
အဘိဓာန်က အများလို့ အဓိပ္ပာယ်ပေးတော့ ဘယ်လို ဆက်စပ်ရမှန်း မသိပါဘူး။ ဒါနဲ့ အဝတ်ဆိုတဲ့ စပ်ထုံးတွေကို လျှောက်လေ့လာကြည့်တော့ အဝတ်ဆိုတာ တသတ်ကာရန်နဲ့ စပ်လို့သာ အဝတ်ဖြစ်တာ။ မူရင်းကတော့ အစုဆိုတဲ့ စကားဖြစ်ကြောင်း မြင်လာပါတယ်။
အဲဒီကထဲက အဝတ်ဆိုတာ အစုပါကလားလို့ နားလည်ခဲ့ပါတယ်။
၉၅ | အသုံးချမြန်မာစာ ဒေသေဆောင်ပါးများ
အဲဒီအသိနဲ့ ခွတ်ကိုတွဲကြည့်ရင် ခုဆိုတဲ့ စကားကိုများ ခွတ် လုပ်ခဲ့သလား၊ မပြောတတ်ပါဘူး။ ခုဆိုတာက ဟိုမရောက် သည်မရောက်တဲ့ အခြေအနေပေါ့ တပည့်ရာ။ ကနေ့သုံးကြတဲ့ ဂွကျတယ် ဆိုတာလဲ ဟိုမရောက် သည်မရောက်၊ နေရာမကျ၊ ကိုယ့်ရဲ့ ကားရွားဆိုတဲ့ နေရာမျိုးတွေမှာ သုံးနေတာဘဲ။ ဒီတော့ ခုကို များ ခွတ်လုပ်သလား တွေးကြည့်တာပါဘဲဟု ဖြေပါသည်။
သူကလည်း ခွတ်နဲ့ လတ်နဲ့ဟာ အတူတူဆိုရင်တော့ ရှင်းပါတယ်ဆရာ။
တက္ကသိုလ် မြန်မာ အဘိဓာန်ထဲမှာ အဓိပ္ပာယ် ဖွင့်သလို အလယ်အရပ် ဆိုတာမျိုးပေါ့ ဆရာရယ်။ ကျေးဇူး တင်ပါတယ်ဆရာ။
ဆရာ ခွတ်လတ်ကတော့ ဟုတ်ပါပြီ။
သူ့ စကား မဆုံးမီ ကျွန်တော်က လုပ်ပြန်ပလားကွဟု တားပါသည်။
ဘူ ဘူ ဆရာ။ ရှေးအသုံးလို့ ပြောတာပါဆရာ ဟု သူက ဘာခတ်ပါသည်။
သူကပင် ဆက်၍ ခွတ်လတ်ကတော့ ဟုတ်ပါပြီ။ ခုလပ်ကို ပြောပါဦးဆရာဟု တိုက်တွန်းပါသည်။
တပည့်ရဲ၊ ခုလပ်ဆိုတာကတော့ ရှေးရေးထုံး မရှိပါဘူး။ အိမ်ထောင်ပျက်တဲ့ မိန်းမတွေကို နောက်ပြောင် ခေါ်ရာကများ တွင်လာသလား မပြောတတ်ပါဘူး။
ယောက်ျား တခါပျက်ရင်သာ တခုလပ်လို့ ခေါ်မယ် ဆိုရင် ကံမကောင်းလို့ သုံးယောက်ျား ပျက်ရင် သုံးခုလပ်လို့ ခေါ်ဘို့
၉၆ | တက္ကသိုလ်မောင်မောင်ကြီး
သင့်တာပေါ့။ ညှာတာတဲ့ သဘောနဲ့ တခုလပ်လို့ဘဲ ခေါ်ကြတာပါဘဲ။
ဆရာ့ အထင်တော့ အပျိုလဲမဟုတ်၊ ယောကျာ်းနဲ့လဲ မဟုတ်တဲ့ မိန်းမမျိုးဟာ ဟိုမရောက် သည်မရောက်၊ အမျိုးအစား မျိုးမို့၊ တခွတ်လတ်လို့ ခေါ်ဟန် တူပါတယ်။ တခွတ်လတ်က တခုလပ် ပြောင်းဘို့တော့ မခဲယဉ်းပါဘူး။ ဖြစ်ခြင်း ဖြစ်ရော့ တခုလပ် ဖြစ်ဘို့ကောင်းပါတယ်လို့ သူ့အား ရှင်းပြပါသည်။
သူလည်း သဘောပေါက်ဟန် တူပါသည်။ ကျေးဇူးတင်ပါတယ် ဆရာဟု ဆိုပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment