(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
ကျွန်တော်ငယ်စဉ်က ၅ တန်းကနေ ၁၀ တန်းအထိ ကျောင်းသွားကျောင်းပြန် နားခိုရ အနောက်လယ်တီတိုက်အဝက်က ညောင်ပင် ရှင်သန်နေဆဲ။
၂၀၁၈ ခုနှစ်က ဒီရက်မှာ အလည်ရောက်တော့ ဒီညောင်ပင်ကြီးနဲ့ ကျွန်တော် တယောက်ကိုတယောက် မှတ်မိကြတယ်။
သူက မေးတယ်။
"မင့်ပခုံးမှာ ကျောင်းလွယ်အိတ်မပါတော့လား"
ကျွန်တော် ၁၉၉၀ ခုနှစ်မကုန်ခင် ကျောပိုးအိတ်တလုံးနဲ့ ထွက်ပြေးရကတည်းက စာအုပ်တွေနဲ့ ဝေးသွားတယ်။ ပြန်လာတော့ ကျောက်စာလောက်သာ ဖတ်တတ်တော့တယ်။
နောက်စာအုပ်တွေက ဗိုလ်ခေတ်မှာ သတ်ပုံပြောင်းကုန်ကြတယ်မဟုတ်လား။
"သူတို့က လယ်တီဆရာတော်ဘုရားကြီးထက် စာပိုတော်ကြလား ပြောစမ်းပါဦး ညောင်ပင်ကြီးခင်ဗျား"
ဒေါက်တာတင့်ဆွေ
၁-၆-၂၀၁၈


Comments
Post a Comment