Skip to main content

ချစ်အဓိပ္ပါယ်

အဓိပ္ပာယ် = အဓိပ္ပါယ်

ကွန်မင့်ကနေ အဓိပ္ပါယ် မှားတယ်ဆိုပြီ အနီကြက်ခြေနဲ့ လာတယ်။

မှားရင် ကြက်ခြေနီ၊ မှန်ရင် အမှန်ခြစ်အစိမ်းရောင် နဲ့ ပြတာတွေကို တွေ့ရပေါင်းများလှပြီ။ 

သူတို့ရေးတာ ၅၀% ထက်ပိုမမှန်။

တကြောင်းဆွဲပညာလောက်သာ တတ်သူတွေကလည်း များသည်။

ခဂငဒပဝ ၆ လုံးကို မောက်ချနဲ့သာရေးအထိတော့ မှန်ပါသည်။ ကျန် ၂၇ လုံးကို မောက်မချရဆိုတော့ လွဲပြီ။

နိုင်ငံရေးသာမက မြန်မာစာရေးတာကိုပါ တသွေး၊ တသံ၊ တမိန့် ဖြစ်နေတာ ကြာပြီ။

ပုံတခု သက်သေပြမည်။

ဒါပေမဲ့ -

ဘယ်လိုထောက်ပြထောက်ပြ သူတို့ တီချယ်ပြောတာလောက်သာ လိုက်နာကြသည်။

တီချယ်တွေလည်း တီခြယ်တွေဖြစ်ပါသည်။

ချစ်အဓိပ္ပါယ်

ရေး... မြို့မငြိမ်း။

ဆို... မမအေး။

(သူငါ သတ္တဝါ အချစ်နဲ့မကင်းပါတယ် ... သဘောတူယှဉ်ကာရွယ် ချစ်ကြရှာတယ်... ချစ်အဓိပ္ပါယ် သဘောတရားကိုကွယ်... ခွဲခွဲခြားခြား နားလည်ဖို့ခက်တာတယ် × တဦးနှင့်တဦး အပြစ်မယူဘဲ ခွင့်လွှတ်ခြင်းများ နဲ့ရယ်... ခိုင်မြဲပါလိမ့်မလဲ... ခိုင်မြဲလေမှ သစ္စာမပြယ် ကြင်နာခြင်းတရား နဲ့ရယ်... ချစ်ခြင်းမေတ္တာမလယ်...) ၂ ။

အချစ်ရယ်... အမုန်းရယ်... အပြစ်ရယ်... အရောဟာတကယ်... သံသာရာကံပြန်ထရာကြုံစို့... ဘယ်မဆုံးနိုင်ဘူးကွယ်... ချစ်ပြုံးတဲ့လူရယ် × သာယာရေးကိုတကယ် စဉ်းစဉ်းစားစား အသိတရားနဲ့ရယ်... သတိထား ကြစို့ရွယ် ယုံကြည်မြဲလေမှ ပျော်ရွှင်နိုင်မယ် လည်လင်သည်မယား ချစ်ကြ ရှာဝယ် အစဉ်အမြဲတွဲခဲ့ချင်တယ်... ဖျက်လျှင်အကျိုးမကွယ်... မုန်းပြန် တော့လဲ အပြစ်ကိုဘဲ တဆင့်ပိုက် သင်အလိုသဘောနဲ့ မထွေးယှက်လေနဲ့ တကယ်... ၊ ခဏတာမနှယ် ပေးတူမှတ်ကွယ်... ၊ ပျာသက္ကတသဖွယ် စကားပမာရယ်... အချစ်စိတ်နဲ့ မိုက်မှားတတ်တဲ့ အပြစ်များကိုလဲ ခွင့်လွှတ်စေချင်တယ် သံသရာထဲ ချစ်မပြယ်နိုင်တယ်... ချစ်အဓိပ္ပါယ် သဘောတရားကိုလဲ နားဝေလယ်...။

ပုံပို့ပေးပြီး သီချင်းစာသားရလိုပါသည်လို့ AI ကိုတောင်းတော့ ရပါသည်။ ကျေးဇူး။

ဒါပေမဲ့ AI လည်း မြန်မာစာနဲ့ရေးသားတဲ့လူးသားအများစုလို့ ထင်ရာကို ပြင်ပေးသည်။ အဓိပ္ပါယ် က အဓိပ္ပာယ် ဖြစ်နေသည်။

ထို့ကြောင့် AI လည်း လူသားဖြစ်၏။

AI ပို့ပေးတာကို မူရင်းအတိုင်း ပြင်လိုက်သည်။ Sorry!

တကယ်တော့ AI က မြန်မာလိုရေးတဲ့လူသားတွေနဲ့ မတူပါ။ သူက မြန်မာလိုရေးတဲ့လူသားတွေလို  ပြန်ဆဲလေ့မရှိပါ။ ထောက်ပြရင် ပြင်သည်။ နောက်တခါတော့ ထပ်မှားမည်။ Smile!

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ