Skip to main content

ကျတ် ကျပ် ကြပ် ကြတ် တစုံတခု

မဂ်လာပါဆရာရှင့်။ ကြပ် နှင့် ကျပ် အသုံးလေးသိပါရစေရှင့်။ ရင်ကြပ် ရင်ကျပ်

မွန်းကြပ် မွန်းကျပ် ကြပ်တည်း ကျပ်တည်း ကျဉ်းကြပ် ကျဉ်းကျပ် ယ်ဟာအမှန်ပါပါလဲ ဆရာရှင့်။ ကြတ်တစ္ဆေ ကျတ်တစ္ဆေ ဘယ်ဟာစာလုံးပေါင်းအမှန်ပါလဲ ဆရာရှင့်။ 

ကျတ်

ကျတ် တစ္ဆေ မြေဘုတ်

ကျတ်ကုန်း

ကျတ်ခေါက်ဘုရား = ကျိုက်ခေါက်ဘုရား

ကျတ်တီးပြင်

ကျတ်တီးမြေ

ကျတ်မြေ

ကြတ်ငန်ရေ ခေါ် ဆားငန်ရေနဲ့ ကျတ်တီးမြေ မတူပါ။

ကျပ်

ကျဉ်းကျဉ်းကျပ်ကျပ်

ကျဉ်းကျပ်သည်

ကျပ် (ဘိုးသူတော် အသုံးအဆောင်)

ကျပ်ကျပ်တင်းတင်း = ကျပ်ကျပ်တည်းတည်း = ကျပ်ကျပ်တဲတဲ

ကျပ်ကောင် (ဂျပ်ကောင်)

ကျပ်ချွတ် = အသစ်စက်စက်

ကျပ်ခိုးစင် (မီးဖို)

ကျပ်စည်းသည်

ကျပ်တံ = နားကျပ်တံ၊ ပြောင်းကျပ်တံ

ကျပ်တင်ခြောက်

ကျပ်တည်းကျဉ်းမြောင်း

ကျပ်တန် (တကျပ်၊ နှစ်ကျပ်)

ကျပ်တိုက်

ကျပ်ထုပ်ထိုး

ကျပ်နာ ဘင်နာ

ကျပ်ပြား (ဒင်္ဂါးပြား)

ကျပ်မပြည့်သူ

ကျပ်လျောင်းခွက်အုပ် = ကွမ်းထည့်သောအုပ်စသည်

ကျပ်သဘိနာ (ရင်ပြည့်သောအနာ)

ကြက်တောင်နှင့်ကျပ်

ချွဲကျပ်

တင်းပြည့်ကျပ်ပြည့်၊

တညင်းကျပ်ပြား

တိုင်းကျပ်မင်း

နားကျပ်ပေးပါ (ကိရိယာမဟုတ်)

ပြည့်ကျပ်နေသည်

ဘေးကျပ်နံကျပ်၊

ဘေးထိုးရင်ကျပ်၊

မကျယ်ဘဲ ကျဉ်းကျပ်နေသည်။

မချောင်ဘဲ ကျပ်နေသည်။

မြောင်းကျပ်ကြား

ရင်ကျပ်ရောဂါ၊

လက်ကျပ်အင်္ကျီ၊

ဝက်အူကျပ်ပေးပါ။

သင်းကျပ် (သင်းကျစ်)

အကျဉ်းအကျပ်၊

အကျပ်ကိုင်

အင်္ကျီကိုယ်ကျပ်။

အစောင့်အကျပ်

အပေါင်းရကျပ်

အသစ်ကျပ်ချွတ်။

ကြပ်

ကြပ်ကြပ် (ခိုင်မာ)

ကြပ်ကြပ်တင်းတင်း

ကြပ်ကြပ်တည်းတည်း

ကြပ်ကြပ်မမ

ကြပ်ကြပ်သတိထား

ကြပ်ထုပ်ထိုး

ကြပ်ပူတိုက်

ကြပ်မတ်

ကြီးကြပ်

ကြီးကြပ်သည်

ကိုယ်တိုင်ကိုယ်ကြပ်၊

စည်းကြပ်

စောင့်ကြပ်

တပ်ကြပ်၊

တိုက်အုပ်တိုက်ကြပ်

ထက်ကြပ်မကွာ၊

ထိန်းကြပ်

နားကြပ်ကိရိယာ၊

လက်ပူးလက်ကြပ်မိ

အကြပ်တပ်သား၊

အခွန်စည်းကြပ်

ကြတ်

ကြတ္တိကာနက္ခတ်

ကြတ်ငန်ရေ (ဆားငန်ရေ)

ကြတ်တင်ရေ (အင်လယ်ရေ)

ညောင်ကြတ်ပင်

နေကြတ် လကြတ်

သင်္ကြန်အကြတ်နေ့

ကျပ်

ကျပ်၁ — န / ကျတ် / ၁။ လေးမတ်သားနှင့် ညီမျှသော အလေးချိန်။ ၂။ ပြားတရာတန်ဖိုးရှိသောငွေ။

ကျပ်၂ — န / ကျတ် / စောက်နက်သော ထည့်စရာ တောင်းတမျိုး။ “သူ့ကျပ်နှင့် သူ့မော်သည်။ ဖိုးသူတော် ကြားသည့်ပုံသို့။” နေဝ၊ ပ။ ၁၃၇။

ကျပ်၃ — န / ကျတ် / လည်ပင်း၌ အဖုအကျိတ်ထွက်သော အနာတမျိုး။

ကျပ်၄ — န / ကျတ် / ၁။ ခြေ၊ လက်စသည် ကျိုးသောအခါ စည်းနှောင်ရာတွင် သုံးရသည့် ပျဉ်ချပ်၊ ဝါးခြမ်းစသည်။ ၂။ အထည်အလိပ်တို့ကို ချည်နှောင်စည်းတုပ်ရာတွင် အပြင်က ခံရသောပျဉ်ချပ်။ ၃။ ကျပ်ကြိုးပြား ရက်လုပ်ရာတွင် သုံးရသောအတပေါက်များ ဖောက်ထားသည့် သားရေချပ်။

ကျပ်၅ — န / ကျတ် / ကျပ်စင် — န၊ ၁။ ၂။ နှင့် အတူတူ။

ကျပ်၆ — ကြိ / ကျတ် / ၁။ မချောင်သည်။ ကျဉ်းမြောင်းသည်။ ၂။ ခဲယဉ်းသည်။ “သွမ်းရေးထက် ဝမ်းရေးကကျပ်။” စပယ်၊ ၁၂၂။

ကျပ်၇ — ကြိ / ကျတ် / ၁။ ဝက်အူကို တစုံတခုအတွင်းသို့၊ ဝက်အူ

တစုံတခုသည်

- တစ်စုံတခု မဟုတ်

- တစုံတစ်ခု မဟုတ်

- တစ်စုံတစ်ခု မဟုတ်ပါ။

ကြပ် နှင့် ကျပ် https://burmese-spelling.blogspot.com/.../blog-post_583.html

ကျပ် ကြပ် ကြတ် https://burmese-spelling.blogspot.com/.../blog-post_127.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ