ဇွတ်ငြင်းသူတွေ များလာ၏။
အုံနဲ့ကျင်းနဲ့ ရိုင်းလည်းရိုင်းကြသည်။
စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်။
၁။ ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို - ပြောအပ်။
၂။ ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို - ပြောအပ်။
၃။ ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို - မပြောအပ်။
၄။ ဟုတ်မှန်၊ အကျိုးမရှိ၊ သူမနာလို - မပြောအပ်။
၅။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူနာလို - မပြောအပ်။
၆။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူမနာလို - မပြောအပ်။
ကျွန်တော်က စကားကို ၂ ခွန်းမပြည့်၊ တခွန်းခွဲသာပြောဘို့ ကြိုးစားပါသည်။
ထိုသို့ ပြောအပ်တဲ့စကားများ အဆုံးအမကိုပါ လျှော့တဲ့အတွက်
အမှားနောက်ကလူတွေ ထုနဲ့ထည်နဲ့ ဖြစ်လာသည်။
သူတို့ဦးနှောက်ထဲသို့ ပညာသုတ မဝင်သာ။ တစ်နေကြသည်။
ဆင်ခြေဆင်လက် သောင်းခြောက်ထာင် ပေးတတ်ကြသည်။
လက်ညှိုးပေါင်း ၉၉၉ ချောင်း ဖြတ်ပြီးကြပြီ။
ခေတ်သစ် အင်္ဂုလိမာလသုတ် ဖြစ်တော့သတည်း။ (ကန်တော့)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment