ပြန်စာ
အရင်ကတော့ အရေးအသား၊ စာလုံးပေါင်း၊ သတ်ပုံတွေကို ရဟန်း၊ လူ တဦးချင်းကနေ သတ်ပုံကျမ်းတွေ၊ ဝေါဟာရဒီပနီတွေ ထုတ်ပါတယ်။
ဥပမာ
၁။ ဝဏ္ဏဘောဓနသတ်အင်း (ရှင်ဥက္ကံသမာလာ)
၂။ ကဝိဓဇသတ်ပုံကျမ်း (ဦးစံချစ်)
၃။ မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်)
၄။ မြန်မာသံယောဂဒီပနီကျမ်း (မင်းလက်ဝဲနော်ရထာ)
၅။ ဝေါဟာရတ္ထပကာသနီ (ကျော်အောင်စံထား ဆရာတော်ဘုရားကြီး)
၆။ ယုဒသန် အင်္ဂလိတ် မြမ္မာ အဘိဓာန်
၇။ ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန်
၈။ ကဝိလက္ခဏာ သတ်ပုံကျမ်း (စိန္တကျော်သူဦးဩ)
နောက်မှာ
ပညာရှင်အစုကနေ အဆင့်ဆင့် စိစစ်၊ တည်းပြတ်ပြီး အဘိဓာန်၊ သတ်ပုံကျမ်းတွေ ထုတ်ကြတယ်။
ဥပမာ
မြန်မာအဘိဓာတ် အကျဉ်းချုပ် (၁၉၇၈-၁၉၇၉-၁၉၈၀) ထုတ်ဝေစဉ်ကစာရင်း
မြန်မာစာအဖွဲ့ ၃၁ ဦး၊
အဘိဓာန်ဆိုင်ရာ အဖွဲ့ ၂၁ ဦး၊
မြန်မာအဘိဓာန် တည်ပုဒ်ရွေးချယ်ရေးအဖွဲ့ ၈ ဦး
မြန်မာအဘိဓာန် ဝန်ဆောင်အဖွဲ့ အဖွဲ့ဝင်များ ၁၁ ဦး
မြန်မာစာအဖွဲ့ စာပေဝန်ထမ်း ၄ ဦး
လက်ထောက်စာတည်း ၆ ဦး
စာပြု ၁၆ ဦး
လက်ထောက်စာပြု ၃ ဦး
ပန်းချီဆရာ ၂ ဦး
နောက်တမျိုး
၁။ မြန်မာ့စွယ်စုံကျမ်းတစုံ (၁၅) အုပ်
၂။ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်တစုံ ၃၂ အုပ်
တွေအတွက် စာရင်းက ပိုရှည်တယ်။
မှတ်ရန်
၁၉၈၆ ခုနှစ်မကုန်ခင်မှာတော့ စာလုံးပေါင်းသတ်ပုံ အမှန်အမှားကို အမိန့်အာဏာနဲ့ သတ်မှတ်လာပါတော့တယ်။
ကျွန်တော်စုဆောင်းတင်ပြချက်က အပြည့်အစုံ မဟုတ်သေးပါ။
စနစ်တကျလေ့လာပြုစုနိုင်ရင် ကောင်းမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment