ဆေးကုတာလေး ဆက်ရေးဦးမည်။
အခုဘဲ တယောက်ကို ဘလော့လိုက်ပြီ။
သူက ကျွန်တော့အမည်ကို တ နဲ့ရေးတဲ့အဆင့်လောက်သာသိတဲ့ ပညာခေါင်းပါးသူဖြစ်သည်။
အဲလိုလူတွေ ၄၀၀-၅၀၀ လောက်ရှိပြီ။
ဆရာဝန်လုပ်သက်များတော့ မြင်တာနဲ့ ရောဂါတချို့ကို တန်းသိပါသည်။
ကွန်မင့်လာရေးခြင်းဟာ ဆေးရုံတက်တာနဲ့တူသည်။
ဆေးရုံမှာ မဖွယ်မရာပြုလို့ အဆင်းခိုင်းလိုက်သလိုဖြစ်သည်။
တချို့က ဆရာဝန်၊ ဆရာမပေးတဲ့ဆေး မသောက်။
တချို့က ဆေးကုမခံ။ ဆေးရုံမလာ။ ဆရာဝန်မပြ။
ကျွန်တော့်ကိုယ်ပိုင်ဆေးခန်းလေးက သေးပါသည်။
လာချင်ရင်သာ လာပါလေ။
ဆေးလည်း သောက်ချင်မှသာ သောက်ပါလေ။
ဆေးခန်းတွေ၊ ဆေးရုံတွေ၊ ဆရာဝန်တွေ ပေါများပါသည်။
ရွေးချယ်ခွင့်လည်း ရှိပါသည်။
ကျွန်တော့ဆေးခန်းကတော့ စည်းကမ်းနဲ့မညီရင်တော့ လက်မခံ။
ပိုက်ဆံလည်း မယူပါ။
တချို့က ဈေးကြီးမှ အထင်ကြီးကြသည်.
တချို့က ဆိုင်းဘုတ်ကြီးမှာ အထင်ကြီးကြသည်။
ကျွန်တော်က ပုံလည်းဆွဲတတ်လို့ ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင်ရေးပါသည်။
ကျွန်းသားပြား ဟောင်းနွမ်း၊ သင်္ဘောဆေးလည်း ပြယ်နေပြီ။ လူနာလာ ကျဲပြီ။
သမားဆိုအိုမှလည်း မဟုတ်တော့ပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment