ခုံဖိနပ် – န / ခုန့်ဖနတ် / သစ်သားကို အောက်ခံလုပ်ထားသော ဖိနပ်။ ခုံဖွဲ့ . – ကြိ / ခုန့်ဖွဲ့ / တရား စစ်ဆေးစီရင်ရန်အတွက် ပုဂ္ဂိုလ်များကို အာဏာပိုင်တို့ က ဖွဲ့စည်းပေးသည်။။ ခုံမင် – ကြိ / ခုန့်မင် / တပ်မက် စွဲလမ်းသည်။။ အရေးတကြီး အလိုရှိသည်။။ “ငါ့မိရောက်ဟု၊ ဝမ်းမြောက်အားရ၊ ကြာလှ ကလျှင်၊ တောင့်တခုံမင်၊ မြော်တုံ့ချင်သည်။” ခင်ထွေး* ၃၉။ – ကြိဝိ / ခုန့်မင် / ၁၊ စုံစုံမက်မက်။ ၂၊ အလျင်အမြန်။ အဆောတလျင်။ အလျင်စလို။ “သွား၍ခုံမင်၊ ငါ့ရှေ့တွင်သို့၊ လျှင်လျှင်ရောက်စေ။” ဘူလင်* ၁၄၆။
ခုန် – ကြိ / ခုန့် / ၁၊ ခြေထောက်ကို ကွေးညွတ် အားယူကာ ကိုယ်ကို မြောက်တက်အောင် လုပ်သည်။။ “မျောက်မင်း ခုန် ၍ ကုန်းပေါ်သို့ ရောက်သည်။” ကိပုံ။ ၄၇။ ၂၊ အကြိမ် များစွာ တိုးကြွတုန်လှုပ်သည်။။ “နှလုံး ခုန်သည်။။ သွေး ခုန် သည်။” ၃၊ ကျော်လွှား ဖြတ်သွားသည်။။ “ရန်သူအဟုန်၊ မီးပွား ခုန်သို့၊ သူပုန်အားလုံး။” ထိလာ၊ ၃* ၅။ ခုန်ကျိခုန်ကျော် – ကြိဝိ / ခုန့်ကျိခုန်ကျော် / အစီအစဉ် မမှန်။ ထိုရောက်ဤရောက်။ ကမောက်ကမ။ ခုန်ကျော် – ကြိ / ခုန့်ကျော် / လွှား၍ ဖြတ်သွားသည်။။ “သစ်
ပင်ကိုဖောက်၊ ချောက်ကို ခုန်ကျော်၊ ညွန်ပေါ်တုံးခင်း။” ဟိ။ ၉၆။ ခုန်ချ – ကြိ / ခုန့်ချ? / နိမ့်ရာသို့ ခုန်ဆင်းသည်။။ ခုန်တွင်းချ – ကြိ / ခုန့်ဒွင်းချ? / ငါးများ ခုန်ဆင်းသောအခါ မထွက်နိုင်အောင် တူးထားသော တွင်းဖြင့် ငါးဖမ်းသည်။။ ခုန်ပေါက် – ကြိ / ခုန့်ပေါက် / ကိုယ်ကို အရှိန်ဖြင့် လေတွင် မြောက်တက်စေသည်။။ “ပြေးလွှား ခုန်ပေါက်၊ စားသောက် ကြ၏။” သမိုင်း၊ ပ။ ၅။ ခုန်ပျံ – ကြိ / ခုန့်ပျန် / မြင့်မားစွာ ခုန်သည်။။ “ရှိညွတ်ကျိုးနွံ၊ တချောင်းကြံသား၊ ခုန်ပျံ စွမ်းသန်၊ ရဲမာန်ဝံ့စား။” တန်ရ* ၂ (၅)။ ခုန်လွှား – ကြိ / ခုန့်လွှား / မြောက်တက် ကျော်ဖြတ်သည်။။ “သစ်တပင်ကသည် သစ်တပင်သို့ ခုန်လွှား၍ ငါသွားမည်။” ကိပုံ။ ၄၈။
ခုံ – န / ခုံ / ၁၊ မိုမောက်စွာ လုပ်ထားသော အခြေခံ။ “ပြင် မျှပေါ်ပုံ၊ တံခါး ခုံနှင့်၊ ဆူးခြုံစောင်ရမ်း။” ဘူလင်* ၁၆၄။ ၂၊ မြင့်မောက်သော နေရာအရပ်။ “နိဗ္ဗာန်ရွှေဘုံ၊ ကမ်းခုံ ဘေးမဲ့၊ မကူးပဲ့တည့်။” ကိုး* ၈၄။ ၃၊ အခြေတပ်ထား သော ပစ္စည်းတင်စရာ၊ လူထိုင်စရာ။ ၄၊ အလောင်းတင်သော ခုံ။ “ခေါင်းပျဉ်။ ဂျင်ပု။ ခုံ။ ဇာတာအိမ်။ တလား။” ချုပ်ပုံ၊ ဒု။ ၅၆။ ၅၊ ဖိနပ်တွင် ခြေဖနောင့်အောက်ရှိ မိုမောက်သော အပိုင်း။ ၆၊ လယ်ယာကို ထယ်ထိုးရာတွင် မိုမောက်ကြွင်းကျန်သော မြေတန်း။ မြေရိုး။ ၇၊ ယက်ကန်း စင်။ “ခုံယက်ပျောက်ထိုး၊ ပုဆိုးနီမြန်း၊ ဆေးရည်စွန်းသား၊ တကျွန်းဝေးစွာ၊ သင်္ဘောပါနှင့်။” ငရဲ* ၉၃။ ၈၊ မြင်းချည် သောတိုင်။ “မြင်းက မလှုပ်၊ ခုံက လှုပ်သည်။” ပုံ။ ခုံ’ – န / ခုံ / ၁၊ တိုင်တည်ခြင်းခံရသော သက်သေ။ ကိုးကား ဆောင်ညွှန်းပြအပ်သော အထောက်အထား။ “ဥပုသ်ခင်း ဟု၊ နီဒါန်းခေါ်ထွေ၊ ခုံသက်သေဖြင့်။” ဘူပေါင်း* ၃။ ၂၊ တရားစစ်ဆေး စီရင်သော ပုဂ္ဂိုလ်။ တရားသူကြီ။ “အယူခံ ခုံကြီစို့၊ ခုံဆိုသူတကယ်တော်လျှင်ဖြင့်မတ်မတ်ဟော်ဘဲ လေး။” ပါပီ။ ၃၉။ ၃၊ အထူး အမှုအခင်းမျိုးအတွက် ဖွဲ့စည်းရသော တရားသူကြီးအဖွဲ့။ ၄၊ ကြီးကဲမြင့်မြတ်သော ပုဂ္ဂိုလ်။ “ဗောဓိ ဗူးငုံ၊ တည်မှတ်ခုံကို၊ တစုံမက်မက်။” ငရဲ* ၄။
ခုံညင်း – န / ဂုံညင်း / ၁၊ လက်ဖြင့် ထိုးလိမ့်၍ ကစားရသော အစေ့ကြီးများပါသည့် သီးတောင့်ရှည် သီးသော နွယ်ပင်။ ၂၊ ယင်းအပင်၏ အစေ့။ ၃၊ ပေါင်ရိုးဆစ်နှင့် ညှို့သကျည်း ရိုးဆစ်တို့၏ ရှေ့ပိုင်းမှ ဖြတ်ကျော်သွားသော ကြွက်သား ကြောတို့ကို ပိုမိုတောင့်တင်းစေသော ခုံညင်းစေ့ပုံ ရှိသည့် အရိုး။ (ခုံချင်း၊ ဂုံညင်းဟုလည်း ရေးကြသည်။။)
ခုံညင်းတန်း – ကြိဝိ / ဂုံညင်းဒန်း / တခုနောက် တခုလိုက်၍ စီတန်းကာ။ “(တောတန်း) ခရီးရှည် ပျံသန်းရာ၌ .... ခုံညင်း တန်းပုံ အတိုင်း ပျံတတ်၏။” ငှက်။ ၃၇၆။ ခုံညင်းထိုး – ကြိ / ဂုံညင်းဒိုး / မြေတွင် ထောင်ထားသော ခုံညင်းစေ့များကို အခြား ခုံညင်းစေ့ဖြင့် ပစ်ကစားသည်။။ ခုံညင်းရိုး – န / ဂုံညင်းယိုး / ဒူးဆစ်ရှေ့တွင် ရှိသော ခုံညင်းရိုး သဏ္ဌာန် အရိုးပြားကလေး။ ပဆစ်ရိုး။ ဒူးဆစ်ရိုး။ (ဂုံညင်းရိုး ဟုလည်း တွေ့ရသည်။) ခုံတမင် – ကြိဝိ / ခုန့်တမင် / ၁၊ စုံစုံမက်မက်။ “နီဝေမွေတော်ကို၊ ဩဌဒြဗ္ဗက အစုံကို ခုံတမင်ကြည်ညိုပူဇော်လိုသောကြောင့်။” ကဝိမက်၊ ပ။ ၆၃။ ၂၊ အဆောတလျင်။ အလျင်စလို။ အလျင်အမြန်။ “ကျော်စွာလည်း .... စောယုမ်းက အကျည်း ဆီး၍ တိုက်ခိုက်လေသောကြောင့် ပျက်ပြိုနိမ့်ချေ၏၊ ခုံတမင် ပြန်လာ၏။” ရာကြီး။ ၃၃၅။
(စာမျက်နှာ ညှပ်လျက် ညာဘက်အခြမ်း) ခုံရုံး – န / ခုန့်ယုန်း / ၁၊ ခုံအရာရှိ တရားစီရင်ရာဌာန။ ၂၊ တရား ရေးဌာနက အကြောင်းအားလျော်စွာ ဖွဲ့စည်းပေးသော တရားစစ်ဆေးရေးအဖွဲ့။။ ခုံရှည် – န / ခုန့်ယေ / ထိုင်စရာ ခုံမြင့်အရှည်။ ခုံသူကြီး – န / ခုန့်လူဂျီး / အမှုကိစ္စ တခုတွင် အဆုံးအဖြတ် ပေးရန် စေတ္တာရွေးချယ်တင်မြှောက်ရသော တရားသူကြီး။။ ခုံလောက် – န / ခုန့်လောက် / ထမင်းအိုး၊ ဟင်းအိုးတည်ရာတွင် အောက်ခံခုံအဖြစ် သုံးရသော မြေစိုင် မြေခဲ၊ ကျောက်တုံး ကျောက်ခဲစသည်။။ ဖိုခုံလောက်။ “ရသမကလည်း .... ခုံလောက် နှိုက် မီးညှိ၍ အိုးတည်၏။” ထိကုဏ်။ ၇၁။ ခုံသမာဓိ – န / ခုန့်သမာဓိ / ဖြောင့်မတ် တည်ကြည်သည်ဟု ယုံကြည်ကာ လူအများက တင်မြှောက်သော ခုံလူကြီး။။
ခုံတိုင် – န / ခုန့်တိုင် / ၁၊ ကြံ့ခိုင်စွာ စိုက်ဆောက်ထားသော တိုင်မြင့်။ ၂၊ စက်ပတ်ရာ စက်တိုင်။ “လက်မွန်ရှယ်ရာ၊ ထက် ဝါဥပြုံး၊ ခုံတိုင်တုံးကား။” ပါမီ* ၁၄၂။ ၃၊ မြို့၊ တံခါးဝှက် တွယ်ကပ်ထားရာ အမာခံတိုင်။ “စရဏတရား၊ တံခါးခုံတိုင်၊ ကြံ့ခိုင်ဆောက်ပြု။” ဆု* ၁၃၅။ ၄၊ ယက်ကန်းစင်တွင် အမာခံတိုင်တလုံး။ “ခုံတိုင်မြင့်ညွှန်း၊ လွန်းရက်ကန်းသို့။။” ငရဲ* ၄၈။ ၅၊ နေနာရီတွယ်ကပ်ရာတိုင်။ “တိုင်မြင့်ရိပ်နက်၊ တွက်သစ်နှစ်သစ်၊ ဖြစ်ထာဝါး၊ မှတ်သားသဖြင့်၊ စင်မြင့်နာရီ၊ ပဟိုရ်ညိုအောင်၊.... ဗြိုတိုက်ဦးတွင်၊ ဖြူးဖြူးမောက်မောက်၊ ခုံတိုင်ဆောက်၍။” ကုသ* ၃၅။ ၆၊ မြင်းကိုလိမ္မာအောင် ကျင့်ရာတွင် မြင်းကိုချည်ထားရာတိုင်။ “မြင်းက မလှုပ်၊ ခုံတိုင် လှုပ်သည်။” ပုံ။ ၇၊ အမှု အရှုံးအနိုင်ကို ဆုံးဖြတ်သောသူ။ တရားသူကြီး။ “ကျော်ခေါင်ပညာ၊ ထေရ်မြတ်စွာကို၊ မှတ်နာ စိမ့်ရည်၊ ခုံတိုင်တည်၍၊ ဘုန်းစည်မွန်ကျူ၊ ဟောတော်မူသား။” ရာသီ* ၁၀။ ခုံတန်းလျား – န / ခုန့်တန်းယား / နောက်မှီနှင့် လက်တန်း ပါသော ကုလားထိုင်ရှည်။ ခုံပျံ – န / ခုန့်ပျန် / သစ်လုံးကို လွှဝိုင်းဆီသို့ အလိုအလျောက် ပို့ ပေးသော သစ်လုံးတင် ခုံတမျိူး။ လွှခုံပျံ။ ခုံပြာသာဒ် – န / ခုန့်ပျန် / ခါးသိမ်၍ အထက်ဘက် အောက်ဘက်သို့ ကားသွားသော ဘုန်းကြီးပျံပြာသာဒ်။
စားပေါက် – န / စားဗောက် /
ဥပစာ
ကိုယ်ကျိုး ရှာရာ
အချက်ကောင်း။။ “ဓနရှင်ကြီးများသည်....၎င်းတို့ အတွက်စားပေါက်ထွင်ပေးကာ မိမိတို့ အလုပ်ကို တွင်ကျယ်အောင်လုပ်ခိုင်းကြ၏။” အလုပ်။ ၂၅။
စားပြောင်း – န / စားဗျောင်း / ၁၊ အသီးဆန်ကို ထမင်းအဖြစ် ချက်စားရသော မြက်မျိုးအဝင် စိုက်ပင် တမျိူး။ နှံစားပြောင်း။ ၂၊ အစေ့အဆန်ကို စားရသော ပြောင်းဖူးပင်မျိုး။ ဖူးစားပြောင်း။
စားပွဲ – န / ဇဗွဲ / ၁၊ ထမင်းဟင်း စသော စားသောက်ဖွယ်တို့ကို ပြင်ဆင်တင်ထားရာ ဒေါင်းလန်း စသည်။။ “သေရက်မုန့်ပဲ၊ စားပွဲရှေ့ ကျင်း။ ထမင်းဟင်းစိမ်း၊ ချမ်းငြိမ်း သောက်ရေ၊ တည်နေအိုးပြည်။” သံ* ၁၆၇။ ၂၊ ထမင်းစားရန် စာရေးရန် စသော ကိစ္စတို့ အလို့ငှာ မျက်နှာပြင်ညီတွင် အခြေတပ်ထားသော အိမ်ထောင်ပရိဘောဂ။ ၃၊ လူအများ စုဝေးစားသောက်သည့် အခမ်းအနား။ (လွတ်လပ်ရေးညစာစားပွဲ၊ နေ့လယ်စာစားပွဲစသည်။)
စားပွဲခင်း – န / ဇဗွဲဂင်း / စားပွဲပေါ်တွင် ဖုံးလွှမ်းထားရသည့် ပိတ်၊ ဖျင်စသည်။။
စားပွဲဇွန်း – န / ဇဗွဲဇွန်း / ၁၊ ထမင်းစားရာတွင် ခက်ရင်းနှင့် တွဲဖက်သုံးရသော ငွေရည်စိမ် စသည့်ဇွန်းတမျိူး။ ၂၊ ယင်းဇွန်းနှင့် ခြင်သော ချင့်ဝန်။
ဒေါက်တာတင့်ဆွေ








Comments
Post a Comment