Skip to main content

ဆံ ဆန် ချင် ခြင်

ဒီပိုက်ဆန်နဲ့ဆို ဝယ်လို့ရမယ်ထင်တယ်နော် သိမ်းထားတာကြာလှပေါ့ ဆင်ကြယ်ဘိနပ်သဲကြိုးအဖြူလေးဝယ်စီးခြင်တာ

ပြန်စာ
ပိုက်ဆံ၊ ထမင်းချက်တဲ့ဆန်။ စီးချင်၊ ဝယ်ချင်။
ပိုက်ဆံ = Hindi-ပိုက်ဆာ
ရောင်းဝယ်ရာတွင်ကုန်ပစ္စည်းနှင့်ဖလှယ်ရန် တန်ဖိုးသတ်မှတ်ထားသည့်အရာ။ ငွေကြေး။
ကျွန်တော်ကအလိုက်သိစွာဖြင့်လက်ဖက်ရည်ဖိုးပိုက်ဆံပေးသည်။ ဗမာ့။ ၇၆။
Paisa ပိုက်ဆံ
၁၈၈၅ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ ကိုလိုနီမြန်မာပြည်ဟာ အိန္ဒိယကိုလိုနီနဲ့ တွဲထားခံရတယ်။ အုပ်ချုပ်ရေးအသုံး စကားလုံးတွေလည်း အတူတူ။ ပိုက်ဆံစာလုံးလည်းပါတယ်။
Paisa ပိုက်ဆံ Indian paisa ကနေယူထားတာ။
paise ဗဟုဝုစ်
paisa ဧကဝုစ်
မြန်မာလို ပိုက်စံလည်း မှားမယ်။ ပိုက်ဆန်လည်း မှားမယ်။ ပုဆံလည်း မှားတယ်။
ဆံ(ဆက်)
ဆံကျင်(ဆံထိုး)
ဆံကျစ်ရသေ့
ဆံချ
ဆံခြည်(နာရီ)
ဆံခြည်ထွေး
ဆံခြည်မျှင်
ဆံစု
ဆံစပ်
ဆံတောက်
ဆံထိုးဆံညှပ်
ဆံထုံး
ဆံနှိပ်
ဆံပင်ရိတ်
ဆံပတ်
ဆံမြိတ်
ဆံရစ်ဝိုင်း
ဆံလျဉ်
ဆံအိတ်ချ
ဆန်(ခေတ်)
ဆန်(စုန်)
ဆန်ကော(ဆန်ပြာကိရိယာ)
ဆန်ကုန်မြေလေး
ဆန်ကျော်ဆန်ကြမ်း
ဆန်ကွဲဆန်နုပ်
ဆန်ခါ(ဆန်ကော)
ဆန်ခါကျဲ
ဆန်ခါခုံး
ဆန်ခါစိပ်
ဆန်ခတ်(လုံးကြီးတင်)
ဆန်ချောင်(ကြက်ဥ)
ဆန်ပန်းပေါက်ပေါက်
ဆန်ပုံးရည်
ဆန်ပြာ
ဆန်ပြောင်းပင်
ဆန်ပြုတ်
ဆန်ဖြုန်း
ဆန်ဖွပ်
ဆန်လတ်
ဆန်လုံးတီး
ချင်(စား)
ချင်ချင်မြည်
ချင်ခြင်းဖြစ်
ချင်တိုင်း(ဖြစ်ဖြစ်)
ချင်ရဲပြေ
ချင်ရွေးပင်
ခြင်(စပါး)
ခြင်ကောင်
ခြင်ခံတန်း
ခြင်ဆီ
ခြင်ညှပ်
ခြင်ထောင်
ခြင်ပိတ်တန်း
ခြင်ပုန်း
ခြင်ယပ်
ခြင်္သေ့
ခြင်္သေ့လည်ပြန်
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ