ဒီအရပ်မှာ ဝါဆိုလရောက်ရင် အများဆုံး၊ အလှဆုံးပန်းက လီလီပန်း။
မြန်မာပြည်မှာ ဝါဆိုပန်းခူးကြတယ်လို့ အစဉ်အလာဆိုစကား ရှိတယ်။
ဘယ်လိုပန်းတွေလဲ။ ကျွန်တော်က သိပ်မသိပါ။
တနေ့က ဘုန်းကြီးကျောင်းအသွား လမ်းမှာ အောက်ခံမြက်ခင်း စိမ်းစိမ်းအထက်ကနေ အဝါရောင်၊ လိမ္မော်ရောင်ပန်းတွေကို စီစီညီညီ၊ မြင်းတပြေးစာ အကွာအဝေးလောက် စိုက်ထားတာ အလွန်မတန် ကြည့်လို့ကောင်းလှတယ်။
ပုံမရိုက်ခဲ့ရပါ။
ဗုဒ္ဓသရဏရောင်စုံပန်းတွေလည်း ပွင့်ကြတယ်။
ဒီအရပ်မှာ ပန်းမျိုးစုံတယ်။ အမည်စာလုံးပေါင်းတွေကလည်း အတိအကျရှိတယ်။
တယောက်တမျိုးခေါ်နေကြတဲ့ ကျွန်တော်တို့တတွေ စနစ်ကျရင် ကောင်းမယ်။
ဒါပေမဲ့ ကိုယ်ထင်တာလေး၊ ကိုယ်သိတာတွေကို တပြားသားမှ မလျှော့ကြပါ။
ကျွန်တော်တို့က ပြင်ပေးလို့ အလွန်ခက်တဲ့လူမျိုး။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment