ကွန်မင့်တခု = ကျွန်တော်ကတော့ မ ပါရင် ဘ ပဲမှတ်ထားတယ်ဆရာ။
ပြန်စာ
မမှန်ပါကြောင်း အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။ ဒါပေမဲ့ လူကြီးမင်းသဘော။
ကွန်မင့်တခု = သမီးတို့ကတော့ ခဂငဒပဝ မောက်ချလို့ သင်ရပါတယ်။
အဲဒီ ၆ လုံးကတော့မှန်ပြီး၊ ကန် ၂၇ လုံကို မောက်ချနဲ့မရေးရဆိုရင်တော့ လွဲပြီ။
ဒါပေမဲ့ လူကြီးမင်းသဘော။
ကွန်မင့်တခု = လေးဗူးမှုတ်တာကလွဲရင် ဘူး။
ကလေးက ဘူးလည်းမှုတ်၊ ဗူးလည်းမှုတ်ပါသတဲ့။
ဒါပေမဲ့ လူကြီးမင်းသဘော။
ကွန်မင့်တခု = ကျမကတော့ ရေတွက်လို့ရရင် တစ် လို့မှတ်ထားပါတယ်။
မမှန်ပါကြောင်း အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။ ဒါပေမဲ့ လူကြီးမင်းသဘော။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment