ပုံကို ပို့ပေးသူ = လောဘ ဒေါသ မောဟ ကို ဘာဖြစ်လို့ ဝစ်စနှလုံးပေါက်နဲ့ရေးတာလဲမသိ။ ဖြစ်တတ်ကို တတ်ဖြစ်လို့ ၂ခါတောင် ရေး။တင်လိုက်ဦးမယ်။ ကျေးဇူး။ သူ့အမှားကို ကြော်ငြာပေးရသလိုက ဖြစ်ဦးမယ်။
အမှားတွေကို ပုံနဲ့တွဲပြီးတင်ရတာ ခပ်လန့်လန့်။
တချို့က မှားနေလို့ မှားနေမှန်း တကယ်ကို မသိကြပါ။
ဆေးအတုလို့ရေးထားရင်လည်း ဘယ်မှာဝယ်ရမလဲလို့ မေးတဲ့သူ တကယ်ရှိတယ်။
အမှားနဲ့ အမှန်ကို ခွဲခြားပြထားလည်း ဘယ်ဟာက အမှန်လဲမေးသူတွေ တကယ်ရှိတယ်။
မကြာခဏတင်ပြပါတယ် ...
တရားစာတွေတိုင်း မဟုတ်မမှန်နဲ့
ဆုံးမစာတွေဆိုတိုင်း အဟုတ်မမှတ်နဲ့
ဘုရားပုံပါတိုင်း အဟုတ်မမှတ်နဲ့
မြန်မာစာ၊ ရသ၊ ကဗျာ ဆိုတိုင်းလည်း သတ်ပုံ အကုန်မှန်တယ်မထင်နဲ့။
မှန်မှန်၊ မှားမှား လူကြည့်များရင်
အထင်ကြီးခံရ၊
ပိုက်ဆံရ၊
ကုန်ရောင်းလို့ရ၊
လူရောင်းလို့ရ (ကန်တော့) ခေတ်ကြီး။
တချို့က မှားနေလို့ မှားနေမှန်း တကယ်ကို မသိကြပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment