ကျနော်က
နိုင်ငံခြားဆေးဝါးမျိုးစုံကို
ဗူးခွန်နဲ့
ပုလင်းခွန်ဘဲ
ရောင်းနေတာ
ဟဲဟဲ”
မှတ်ရန်များ
၁။ အရင်က
ဘ ကို ဖ ထက်ပိုပြီး အသုံးများခဲ့တယ်။
ဘမ်းဆီး၊
အဘေ၊ ဘိုးရွှေလမင်း၊ ဘတ်ပါ၊ ဘတ်စာ၊ ဘိနပ် စသည်။
၂။ ယင်
ကိုလည်း သုံးခဲ့တာတွေ မနည်းပါ။ တင်ပြထားပါတယ်။
၃။
ကျနော် အသုံးစကားမှာသုံးပါတယ်။ မမှားပါ။
ကျတော်
မှားတယ်။
ကျမ
မှန်တယ်။
ကျယ်မ
မှားတယ်။
၄။ ဗူး၊
ဓါတ်ဗူး၊ ဗူးသီး၊ ဆေးဗူး မှန်ပါတယ်။
ကလေးဗူးမှုတ်ကလွဲရင်
ဘူး လို့သင်နေတာတွေ မမှန်ပါ။ ကလေးက ဗူးလည်းမှုတ်၊ ဘူးလည်းမှုတ်ပါတယ်။
၅။ အခွံ
ကသာ မှန်တယ်။
ခွံ
ခွံနီစပါး
စပါးခွံ
ကြက်အရေခွံ
မျက်ခွံ
လက်သည်းခွံ
သံပရာခွံဦးထုပ်
အခွံချွတ်
အခွံခွာ
အခွံအကာ
အုန်းခွံရောင်
အပေါ်ခွံ
အရေခွံ
ဦးခေါင်းခွံ
မြွေအရေခွံလဲ
ရွှေဘိုခွံနီဆန်
ခွန်
တန်းခွန်တိုင်
(တန်ခွန်တိုင်) (တခွန်တိုင်)
သိမ်းခွန်မင်း
အခွန်ဝန်
အခွန်ကောက်
အခွန်တော်ဆက်
အမြတ်တော်ခွန်
ယောက်ျားတန်ခွန်
(ယခင်သတ်ပုံ = ယောက်ျားတန်းခွန်) (နောက်သတ်ပုံ = ယောက်ျားတံခွန်)
၆။ ဘဲ
အသုံးလည်း မှန်တယ်။
အခုခေတ်မှာ
မ နောက်က ဘဲ လိုက်လို့ သင်နေတာ မမှန်ပါ။
- ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဘဲ
(ဇော်ဂျီ)
- သူငယ်ချင်းလို့ဘဲ
(တက္ကသိုလ်ဘုန်းနိုင်)
- ကဲ မောင်ဘဲအနိုင်ယူ (ရီလေး)
၇။
ကာတွန်းတွေကို နမူနာအဖြစ်တင်ပြပါတယ်။ ကာတွန်းမှာ ရေးထာတိုင်းကို မှန်၊ မှားတယ်လို့
မယူရပါ။
စကားသံအတိုင်း
ရေးတာရှိတယ်။ ရယ်စရာဖြစ်အောင် ပြင်ရေးတာရှိတယ်။
စာလုံးပေါင်းသတ်ပုံကိုယူလိုရင်
အားထားလောက်တဲ့ စံကိုက်အဘိဓာန်မျိုးကနေသာ ရယူရပါတယ်။
တွေ့တဲ့
သတ်ပုံကျမ်းအမည်ခံတိုင်းက မှန်တာ မဟုတ်ပါ။
အွန်လိုင်း
မှန်တာ အတော်ကိုရှားတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment