တရပ်ကို မှန်အောင်ရေးထာတာကို တွေ့ရှိရခြင်းသည်
ယနေ့ခေတ်မှာ
အထူးသတင်းတရပ်ဖြစ်၏။
ကြေငြာ ကြော်ငြာ နဲ့ ကြေညာ ကသာ မှန်တယ်။
ကြေ — ကြိ / ကြေ / မှုန့်မှုန့်ညက်ညက် ဖြစ်သွားသည်။ အင်္ကျီကြေသကဲ့သို့ ပြန့်နေသောအရာ အခေါက်ခေါက် အတွန့်တွန့် ဖြစ်သွားသည်။
ကြေကွဲ — ကြိ / ကြေကွဲ / အသည်းနှလုံး ကွဲမတတ် ဝမ်းနည်း ပူဆွေးသည်။
ကြေငြာ — ကြိ / ကြေညာ / ကြော်ငြာ—ကြိ၊ ၄၊ နှင့် အတူတူ။
ကြေညာ — န / ကြေညာ / အထက်အရပ်နှင့် အောက်အရပ်။ အရပ်ရပ်သိမ်း။ "ခပ်သိမ်း ကြေညာ၊ ပွင့်လင်းသာ၍။" ကိုး * ၄။
ကြေညက် — ကြိ / ကြေညတ် / မှုန့်မှုန့်ညက်ညက် ဖြစ်သည်။
ကြေမြည့် — ကြိ / ကြေမျိ / ကြေမျေ၊ / ပျက်စီးပြုန်းတီးသည်။
ကြေမွ — ကြိ / ကြေမွ့ / မှုန့်မှုန့်ညက်ညက် ဖြစ်သည်။
ကြေ — ကြိ / ကြေ / ၁။ ပျောက်ကွယ်သွားသည်။ "ဖျဉ်းတလုံး ကြေ ကောင်းလျက်။" ဝေါ။ ၂၅။ ၂။ ပြေငြိမ်းပြီးပြတ်သည်။ "ငါက ကြေပါ ကြေပါ ပြောဆိုသည်ကို နင့်မကြေ။" ကဝိသေ။ ၁၀၁။ ၃။ (အကြွေးအငှမ်း) အလုံးစုံ ပေးဆပ်ပြီးသည်။
ကျေ — ကြိ / ကျေ / ၁။ ပျောက်ကွယ်သွားသည်။ "ဖျဉ်းတလုံး ကျေ ကောင်းလျက်။" ဝေါ။ ၂၅။ ၂။ ပြေငြိမ်းပြီးပြတ်သည်။ "ငါက ကျေပါ ကျေပါ ပြောဆိုသည်ကို နင့်မကျေ။" ကဝိသေ။ ၁၀၁။ ၃။ (အကြွေးအငှမ်း) အလုံးစုံ ပေးဆပ်ပြီးသည်။
ကျေကုံ — နဝိ / ကျေကုန်း / ပြည့်စုံသော။ လစ်ဟင်းမှုမရှိသော။
ကျေချမ်း — ကြိ / ကျေဂျမ်း / မကျေမနပ် မသင့်မတင့်ရှိသော စိတ်များ အေးငြိမ်းသွားသည်။ ကျေအေးသည်။
ကျေနပ် — ကြိ / ကျေနတ် / စိတ်တိုင်းကျဖြစ်၍ နှစ်သက်အားရသည်။
ကျေပ — ကြိ / ကျေပ့ / ၁။ (အကြွေးအငှမ်း) ဆပ်ပြီးသည်။ ၂။ တရားအမှု ပြီးပြေသည်။
ကျေပျောက် — ကြိ / ကျေပျောက် / ပျက်စီးသည်။ ပြုန်းတီးသည်။ "နှလုံးတွင်သာ ကျေပျောက် စေ။" ကံပံ။ ၁၆၆။
ကျေပွန် — ကြိ / ကျေပွန် / ကျေဗျွန် / ကျွမ်းကျင်နားလည်သည်။ ပေးအပ်သော တာဝန်ကို ပြီးမြောက်အောင် လုပ်သည်။ "ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ရမည်ဟူ၏။" တိုးပွား။ ၂၄၆။
ကျေလည် — ကြိ / ကျေလယ် / ပြေသွားသည်။
ကျေအေး — ကြိ / ကျေအေး / (ရန်စင်ဒေါသ) ပြေငြိမ်းသည်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment